တောင်ကိုရီးယားအစိုးရက လူထုတစ်ရပ်လုံးကိုယ်ခံအား ရရှိရေးဆောင်ရွက်ခြင်းမရှိဟု ဆရာဝန်များ ဝေဖန်

ဆိုး၊ ပြည်တွင်းရေး

တောင်ကိုရီးယားအစိုးရအနေဖြင့် နိုဝင်ဘာလအရောက်တွင်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း မှတစ်ဆင့် လူထုတစ်ရပ်လုံး   ကိုယ်ခံအားရရှိရေးအတွက် လိုအပ်သည်များကိုဆောင်ရွက်ခြင်းမရှိ ကြောင်း ဆရာဝန်များကဝေဖန် လိုက်သည်။ အစိုးရသည် လုံလောက်သောကာကွယ်ဆေးများကို ဝယ်ယူခြင်းမရှိသည့်အပြင် ဆေးများကိုသိုလှောင်ရန်၊ ဖြန့်ဖြူးရန်နှင့်ထိုးနှံပေးရန်  ဝန်ထမ်းများကို လေ့ကျင့်ပေးမှုနှေးကွေးကြောင်းနှင့် ကာကွယ်ဆေးထိုးမည့် နေရာများရွေးချယ်ရာတွင်လည်း ဆုံးဖြတ်ချက်ပြတ်သားခြင်းမရှိကြောင်း ဆရာဝန်များကပြောသည်။

ထို့ကြောင့် လက်ရှိနှုန်းအတိုင်းသာသွားနေပါက ဖေဖော်ဝါရီလတွင် ဦးစားပေးအဖွဲ့များကို ကာကွယ် ဆေးထိုးမှုစတင်ပြီး စက်တင်ဘာလအရောက်တွင် လူဦးရေ  ၃၂ သန်းမှ ၃၆ သန်းအထိ ကာကွယ်ဆေး ထိုးပြီးဖြစ်စေရန် လုပ်ဆောင်သွားမည်ဟူသော အစိုးရ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ဆိုပါကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။ အဆိုပါရည်မှန်းချက်ကို  အကောင်အထည်ဖော်လိုပါက တစ်ရက်လျှင်အနည်းဆုံး  လူလေးသိန်းကိုကြည့်ရှုပေးနိုင်မည့် ဆရာဝန် အယောက် ၄၀၀၀ လိုအပ်ကြောင်း ကိုရီးယားရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဟောင်း ဂျွန်ဗြောင်ယူးကပြောသည်။

ဒေသတွင်းအစိုးရအသီးသီးအနေဖြင့် ကိုယ့်ဒေသအလိုက်လိုအပ်သည့် လူအင်အားကိုရှာဖွေစုဆောင်း ထားရန်   အစိုးရကညွှန်ကြားထားသော်လည်း  ကျေးလက်ဒေသများတွင်မူ   ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုနှင့် ဆေးထိုးမည့်နေရာမရှိမှုတို့ဖြင့် ရင်ဆိုင်ရနိုင်ကြောင်းသိရသည်။ တောင်ကိုရီးယား နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယအကျော့နှင့်ရင်ဆိုင်နေရစဉ် လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိရေးအတွက် နိုဝင်ဘာလနောက်ဆုံးထားလုပ်ဆောင်သွားမည်ဟု   သမ္မတမွန်ဂျေးအင်က ဇန်နဝါရီ ၁၈ ရက်တွင်ပြောပြီးနောက်    ယခုကဲ့သို့ဝေဖန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီး ယားအစိုးရသည်   နိုင်ငံအတွင်းရှိ  ပြည်သူ ၅၂ သန်းထက် လေးသန်းစာပို၍ ကာကွယ်ဆေးအလုံးပေါင်း ၁၀၆ သန်းကို ဆေးကုမ္ပဏီလေးခုနှင့်ကာကွယ်ဆေးခွဲတမ်းအစီအစဉ်တို့မှရယူထားကြောင်းသိရသည်။