တောင်ကျချောင်းရေ ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တောင်ကျချောင်းရေ ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ဩဂုတ် ၁၀ ရက်ညပိုင်းမှ စ၍ မိုးအဆက်မြပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ တောင်ကျချောင်းရေများ ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ၊ တာချီလိတ်တပ်နယ်မှ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ တင်ကျန်ခဲ့သော ရွံ့နွံများနှင့် အမှိုက်များအားဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။