တောင်ငူမြို့နှင့် ဘုတ်ပြင်းမြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသ မှုခံယူနေသူများအား ကြည့်ရှုအားပေး

တောင်ငူမြို့နှင့် ဘုတ်ပြင်းမြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသ မှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာ - ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဘုတ်ပြင်းတပ်နယ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။