တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ဖွင့်လှစ်သည့် နွေရာသီသင်တန်းဆင်းပွဲများ ပြုလုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ဖွင့်လှစ်သည့် နွေရာသီသင်တန်းဆင်းပွဲများ ပြုလုပ်

နေပြည်တော်၊ မေ - ၂၀

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်အတွင်းရှိ တပ်မတော်သား မိသား စုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် နွေရာသီကွန်ပျူတာအခြေခံ သင်တန်း၊ အင်္ဂလိပ်စကားပြောအခြေခံ/အဆင့်မြင့်သင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းအသီးသီးတို့၌ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများ အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာ့သိုင်း အခြေခံသင်တန်းသား၊ သင်တန်းသူများ၏ မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။
အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ ဘုရင့်နောင်တပ်နယ်၌ ဖွင့်လှစ် သည့် ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံအင်္ဂလိပ် စကားပြောသင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများ ဆင်းပွဲ ကိုလည်း ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။