တောင်သာမြို့နယ် ၊ ဝဲလောင်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် တပ်မတော်ဆေးကုသရေးအဖွဲ့ လာရောက်ကုသပေးရေး ဒေသခံများတောင်းဆို

တောင်သာမြို့နယ် ၊ ဝဲလောင်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် တပ်မတော်ဆေးကုသရေးအဖွဲ့ လာရောက်ကုသပေးရေး ဒေသခံများတောင်းဆို

နေပြည်တော် - ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အသက် တစ်မျှအရေးကြီးသဖြင့် ကျန်းမာရေးဝန်ထမ်းဆရာဝန်များအားမသမာသူများ၏ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း မပြုဘဲ မိမိတို့သက်ဆိုင်ရာဆေးရုံများသို့ အမြန်ဆုံးသွားရောက်ကုသပေးရေး အကြိမ်ကြိမ်နှိုးဆော် တိုက်တွန်း ခြင်းနှင့် ရပ်ရွာအေးချမ်းသာယာရေး ၊ တရားဉပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ  မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်မှ ဆရာဝန် ဒေါက်တာဝင်းနိုင်ထွန်းသည်  ဆရာဝန်များကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေများကို လိုက်နာမှုမရှိဘဲ တိုက်နယ်ဆေးရုံကို ပိတ်၍ CDM ပြုလုပ်ပြီး   ဆေးရုံမှ ဆေးရုံသုံးပစ္စည်းများကို ဒိုင်နာကားတစ်စီးဖြင့် တင်ဆောင်ကာ မန္တလေးမြို့သို့ သွားရောက်တိမ်းရှောင်နေထိုင်ကြောင်း ဒေသခံ ပြည်သူလူထုထံမှသိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်နှင့် အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည့်အခါများတွင်  ငေွကုန်ကြေးကျများပြားခြင်းနှင့် ဒုက္ခရောက် အခက်အခဲ များစွာ ဖြစ်ပေါ်နေကြောင်း၊ အချို့လူနာများမှာလည်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ စစ်မှုထမ်းဟောင်းများ၏ ချိတ်ဆက် စီစဉ်ပေးမှုအရ မိထ္တီလာမြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ သွားရောက်ကုသနေရသည့် အခြေအနေရှိကြောင်း၊ အဆိုပါအခြေအနေ များကြောင့် ဒေသခံပြည်သူအင်အား(၂၅၀)သည် ယနေ့တွင် “ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအားထောက်ခံကြောင်း၊ ပြည်တွင်းသစ္စာဖောက်များအလိုမရှိ၊ အဖျက်သမားများအလိုမရှိ ပြည်သူ့ ကျန်းမာရေးကိုစောင့်ရှောက်မှု မပေးသောကျန်းမာရေးဝန်ထမ်းများအလိုမရှိ၊ CDM လုပ်၍ ဆေးရုံပိတ်ထားသော ဆရာဝန်အလိုမရှိ ဆရာဝန်ကျင့်ဝတ်နှင့်မညီသော ဝဲလောင်တိုက်နယ် ဆရာဝန်အလိုမရှိ၊ ဝဲလောင်တိုက်နယ်ရှိ ပြည်သူများ ကျန်းမာရေးအတွက် ဆရာဝန်အမြန်ရရှိရေး ဒို့အရေး ဒေသခံပြည်သူများအတွက် တပ်မတော်မှ ဆရာဝန်များနှင့် ဆေးကုသရေးအဖွဲ့စေလွှတ်ပေးရေး၊ နိုင်ငံတော်ကြီးအမြန်အေးချမ်း အောင်မြင်ပါစေ’’ ဟူသော ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိပါသည်။