ထားဝယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိ သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ကျန်းမာရေးလမ်းနှင့် စောမိညိုလမ်းဆုံအရောက်၌ စောမိညိုလမ်းဘေးရှိ လယ်စောင့်တဲပေါ်မှ လှိုင်ထက်အောင် (ဘ)ဦးမိုးလှိုင် နှင့် ဟိန်းသူရအောင်(ဘ)ဦးနိုင်နိုင်ဝင်း တို့ ၂ ဦးကို WY စာတမ်းပါစိတ် ကြွရူးသွပ်ဆေးပြား ၁၁၀ ပြား(ခန်းမှန်းတန်ဖိုးငွေကျပ် ၃ သိန်းကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ထားဝယ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။