ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုတင်ငွေပေးထားသည့် MoU အလုပ်သမားများ ငွေပြန်ထုတ်ယူလိုပါက MOEAF သို့ဆက်သွယ်နိုင်

 

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် MoU စာချုပ်ချုပ်ဆိုကာ ကြိုတင် ငွေပေးသွင်းထားသည့် မြန်မာအလုပ်သမားများအနေဖြင့် ပေးသွင်းငွေများ ပြန်လည်ထုတ်ယူလိုပါက    မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) သို့  ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း MOEAF  ဒုတိယဥက္ကဋ္ဌ  (၁)  ဦးပီတာညွန့်မောင်၏ ပြောဆိုချက်အရ သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီကို   တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ အလုပ်သမားတွေရော စာချုပ်ချုပ်ဆိုထားတဲ့ သက်ဆိုင်ရာအေဂျင်စီတွေကိုပါ တွေ့ဆုံညှိနှိုင်းပေးမယ်။  အလုပ်သမားတွေက  အလုပ်သမား အဖွဲ့အစည်းတွေဆီ ဆက်သွယ်ထားရင်လည်း   အလုပ်သမားအဖွဲ့အစည်း၊ အေဂျင်စီ၊ အလုပ်သမားနဲ့ MOEAF လေးဖွဲ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ပေး မယ်” ဟု ဦးပီတာညွန့်မောင်ကပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်  တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ရန်  ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမနှင့် ကရင်ပြည်နယ်  ဘားအံမြို့ရှိ  အလုပ်သမားရုံးတို့၌ စာချုပ်ချုပ်ဆိုကာ  ကြိုတင်ငွေပေးထားသူ   ခြောက်သောင်းကျော်ရှိကြောင်း  သိရ သည်။

ဇွန်သီတာ