ထိုင်းအစိုးရက ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရသော ဒေသများတွင် စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပေး

ထိုင်းအစိုးရက ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရသော ဒေသများတွင် စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပေး

ထိုင်းအစိုးရက နိုင်ငံအတွင်းရှိ ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရသော ဒေသများတွင် ပြည်သူများကို စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနေကြောင်း သိရသည်။

အစိုးရအနေဖြင့် လာမည့်လတွင် နယ်စပ်များကိုပြန်ဖွင့်ရန် ကြိုးပမ်း ပြင်ဆင်နေစဉ် ဘန်ကောက်၊ ဖူးခက်၊ ခရာဘီနှင့် အခြားပြည်နယ်ခုနစ်ခုတို့၌ စတုတ္ထအကြိမ် ကာကွယ်ဆေးများကို ထိုးပေးနေခြင်းဖြစ်သည်။

အဆိုပါဒေသများတွင် လွန်ခဲ့သော သုံးလခန့်က တတိယအကြိမ် ကာကွယ်ဆေးများကို ထိုးပေးပြီးဖြစ်ကာ ယခုအကြိမ်တွင် တာဝန်ရှိသူများက အက်စထရာဇီနီကာနှင့် ဖိုင်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးများကို ထိုးပေးနေခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ  စတုတ္ထအကြိမ် ကာကွယ်ဆေး အကြိမ်ရေ ရှစ်သိန်းကျော်ကို ထိုးပေးပြီးဖြစ်ကြောင်း၊ ဆေးထိုးခွင့်ရရှိ သူအများစုမှာ ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူးစက်လွယ်သော အုပ်စုတို့ဖြစ်ကြောင်း  အစိုးရက ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ စတုတ္ထအကြိမ် ကာကွယ်ဆေးများ ထိုးပေးခြင်းသည် ဒေသခံပြည်သူများ အတွက်  ရောဂါကူးစက်မှုမှ အကာအကွယ်ဖြစ်စေမည့်အပြင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်ဟု သိရသည်။