ထွက်ပြေးတိမ်းရှောင်နေသည့် Open Society Myanmar ရုံးအဖွဲ့ဝင်များအား ဖမ်းဆီးနိုင်ရေးသတင်းထုတ်ပြန်ချက်

Open Society Myanmar မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မျိုးမြင့်အောင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMED Bank)မှ အမေရိကန်ဒေါ်လာ ၁.၄၂ သန်းနှင့်ညီမျှသည့် ငွေကျပ်သိန်းပေါင်း ၁၉၉၉၉ သိန်းအား ထုတ်ယူကာ ဝန်ထမ်းလစာများထုတ်ပေးပြီးနောက် လက်ကျန်ငွေ ကျပ်သိန်းပေါင်း ၁၃၉၉၉ သိန်းနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသကဲ့သို့ ၎င်းအပါအဝင် ရုံးအဖွဲ့ဝင် ၁၁ ဦး သည်လည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၁၉၂)၊ (၁၀)လွှာတိုက်ခန်းရှိ Open Society Myanmar ရုံးကို ဝင်ရောက် ရှာဖွေစစ်ဆေး ခြင်းဆောင်ရွက်ခဲ့သည်။ သို့ဖြစ်ပါ၍ Open Society Myanmar မှ ဒေါက်တာ မျိုးမြင့်အောင်အပါအဝင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော အောက်ပါတရားခံ ၁၁ ဦးအား ဝိုင်းဝန်းဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာ နယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြား ပေးနိုင်ပါရန်၊ လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-