ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန်ကျောင်းတိုက်၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန်ကျောင်းတိုက်၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၁

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန်ကျောင်းတိုက်မှ သံဃာတော်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။