ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မိဘရိပ် သစ်ဆိုင် အတွင်းသို့ ဝင်ရောက်၍ ရွှေထည်ပစ္စည်းများ၊ ငွေသားများအား ယူဆောင်၍ မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီးခဲ့သူများအား ပြစ်ဒဏ်အသီးသီး ချမှတ်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မိဘရိပ် သစ်ဆိုင် အတွင်းသို့ ဝင်ရောက်၍ ရွှေထည်ပစ္စည်းများ၊ ငွေသားများအား ယူဆောင်၍ မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီးခဲ့သူများအား ပြစ်ဒဏ်အသီးသီး ချမှတ်

နေပြည်တော်၊ ဇူလိုင် - ၂

    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀/က)ရပ်ကွက်၊ လှော်ကားလမ်းမကြီးပေါ်ရှိ မိဘရိပ် သစ်ဆိုင်အတွင်းသို့ မတ် ၂၇ ရက်တွင် မျိုးသိန်းထွန်း(ဘ)ဦးကျော်ထွန်း အပါအဝင် (၃၂) ဦးတို့က ဝင်ရောက်၍ ဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာများနှင့် ခြံတံခါးများကို ဖျက်ဆီးပြီး ရုံးခန်း အတွင်းမှ  Iphone 12 Promax (၂)လုံး၊ Pad 12 (၁)လုံး၊ ငွေကျပ် သိန်း(၁၅၀)၊ CCTV မှတ်တမ်း Box၊ ရွှေတုံး/ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာ(၂၀)ကျပ်သား၊ ဘဏ်စာ အုပ်(၃)အုပ်တို့ကိုလည်းကောင်း၊ အိမ်တွင် တပ်ဆင်ထားသော TV(၆)လုံးနှင့် Felling-125 ဆိုင်ကယ်(၁)စီးတို့ကိုလည်းကောင်း စုစုပေါင်းကာလ တန်ဖိုးငွေကျပ် သိန်းပေါင်း (၄၁၆၁)သိန်းခန့်တို့ကို လုယက်ခဲ့ခြင်းနှင့် ဆိုင်အတွင်းရပ်ထားသည့် မော်တော်ယာဉ် (၂)စီးတို့ကို ရိုက်ချိုး ဖျက်ဆီး၍ လမ်းမပေါ်တွင် မီးရှိုခဲ့ကြခြင်းတို့ကို ကျူးလွန်ခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၉၅ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၅ တို့အရ ၎င်းတို့ အား ဇူလိုင် ၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို  ချမှတ်လိုက်သည်။

    အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် အောင်ကိုဦး၊ ကျော်ကိုထက်၊ ထင်ကျော်(ခ)ဖက်တီး၊ ငထွန်း၊ ဟိန်းကို၊ ရဲကို၊ မတင်ထွေးရီ၊ ကိုဇင်(ခ)ကြွက်ကုလား၊ ဦးဘို၊ ကျားဘန်းနူး၊ မွတ်နား(ခ)မုနား၊ ငတေ၊ အရှည်ကြီး၊ ဆီနီဂေါ၊ ဝင်းနိုင်၊ နေလင်းဦး၊ အသေးလေး၊ ဝေယံ၊ မဲကြီး၊ သူရအောင်၊ ထိန်လင်းအောင်၊ ကုလား၊ လွင်မိုးဦး၊ နိုင်လေး(ခ)နိုင်လင်းနှင့် ဒေါ်လေးလေး တို့သည် ထွက်ပြေးလွတ်မြောက် နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။