ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်ရှိ သဇင်ဆောင်၌ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်ရှိ သဇင်ဆောင်၌ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်

 
နေပြည်တော်၊ ဩဂုတ် - ၈

 
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်ရှိ သဇင်ဆောင်၌ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေး စင်တာဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ဇီဝက ယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် အလှူရှင်များဖြစ်ကြသည့် ထက်ကမ္ဘာကျော်ကုမ္ပဏီမှ ဦးထက်ဖြိုးအောင်(ခ)ကိုသားငယ်က အလှူငွေ ကျပ်သိန်း ၁၀၀၀ ၊ ဦးနေဝင်းမောင်နှင့် ဒေါ်မြင့်မြင့်ဌေး မိသားစုက ငွေကျပ်သိန်း ၁၀၀၊ တရုတ် နိုင်ငံ၊ ကျန်စုပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းက ငွေကျပ်သိန်း ၂၉၀ တန်ဖိုး ရှိ Medical Ventilator ၁ လုံး၊ TTY Myanmar ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀၊ Sudey Industrial Myanmar ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီ များက ငွေကျပ်သိန်း ၂၅၀၊ Golden Tri-Light Myanmar ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀၊ New Forest ကုမ္ပဏီနှင့်မိတ်ဖက် ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 
ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စင်တာ၌ ဇီဝကပရဟိတအဖွဲ့က လူနာများနှင့် ကုသရေးအဖွဲ့များ၊ လုပ်အားပေးအဖွဲ့များအတွက် ကူညီပံ့ပိုး လှူဒါန်း ထားသည့် အိပ်ယာ၊ ခြင်ထောင်၊ ကုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တစ်ကိုယ်ရည် သုံးပစ္စည်းများ၊ လူနာလက်ခံရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ အောက်ဆီ ဂျင်လိုအပ်မည့် လူနာများအတွက် ပြင်ဆင်ထားရှိမှု၊ စင်တာအတွက် လိုအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ချိပေးမှု၊ ဆေးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများထားရှိမှု၊ ပတ်ဝန်းကျင် အား ထိခိုက်သက်ရောက်မှုနှင့် ကူးစက်ပြန့်နှံ့မှု မရှိစေရေးစီစဉ်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အဆိုပါ စင်တာကို ဩဂုတ် ၉ ရက်တွင် စတင်၍ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။