ဒီပဲယင်းမြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သူများ ထိတွေ့မှုဖြစ်ပွား၊ အကြမ်းဖက်သူ အချို့နှင့်အတူ လက်နက်၊ ခဲယမ်းများအား သိမ်းဆည်းရမိ

ဒီပဲယင်းမြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သူများ ထိတွေ့မှုဖြစ်ပွား၊ အကြမ်းဖက်သူ အချို့နှင့်အတူ လက်နက်၊ ခဲယမ်းများအား သိမ်းဆည်းရမိ

နေပြည်တော်၊ ဇူလိုင် - ၂

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဉပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များသည် ယနေ့ညနေ ၆ နာရီခွဲခန့်တွင် ဒီပဲယင်းမြို့၊ ကျွန်းတောကျေးရွာ၏ အရှေ့ဘက် မီတာ ၉၀၀ ခန့်အကွာသို့ အရောက်၌ အကြမ်းဖက်သူ အင်အား ၁၀၀ ဦးခန့်က လက်နက် ငယ်၊ တူမီးသေနတ်များဖြင့် စောင့်ကြိုပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့်  အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ည ၇ နာရီခန့်တွင် အကြမ်းဖက်သူများသည် ကျွန်းတောကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

    ဖြစ်စဉ်ဖြစ်ပွားရာ ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သူ အမျိုးသား အလောင်း ၉ လောင်းကို တူမီးသေနတ် ၁၉ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ပစ္စတို ၁ လက်တို့နှင့် အတူ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သူအချို့ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် ရပ်ရွာလုံခြုံရေးနှင့် တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။