ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးမြို့ရှိဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲနှင့်လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်း၊တပ်မတော်

နေပြည်တော်၊ အောက်တိုဘာ - ၁၆
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး တို့လိုက်ပါလျက်ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာဝိဇိတာရုံကျောင်းတိုက်၊ဗန်းမော်ကျောင်းတိုက်၊ဒက္ခိ ဏာရာမဘုရားကြီးကျောင်းတိုက်နှင့်မစိုးရိမ်တိုက်သစ်ကျောင်းတိုက်များသို့သွားရောက်၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ၊ ဗဒုမ္မာဆပ်ပြာမွှေးနှင့်လှူဖွယ်ပစ္စည်းများ၊ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။
    
ထိုသို့သွားရောက်လှူဒါန်းရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အဖွဲ့ဝင်များသည် သက်ဆိုင်ရာကျောင်းတိုက်များသို့သွားရောက်၍ မဟာဝိဇိတာရုံကျောင်းတိုက်ပဓာန မဟာနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ဗန်းမော်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃာ့မဟာ နာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသောဆရာတော်သံဃာတော်များ၊ ဒက္ခိဏာ ရာမဘုရားကြီး ကျောင်းတိုက်တိုက်အုပ်ဆရာတော်ဘဒ္ဒန္တ ဉာဏ နှင့် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဆင်မင်းဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ကေသရာဘိဝံသ အမှူးပြုသောဆရာတော်သံဃာတော်များအား  ဖူးမြှော်ကန်တော့၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်း သော ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ပဲ၊မြန်မာစီးပွားရေးကော်ပိုရေး ရှင်းမှထုတ်လုပ်သည့်  Mask များ နှင့်မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်မြို့နယ်)မှ ထုတ်လုပ်သည့်ပဒုမ္မာဆပ်ပြာမွှေးနှင့် လှူဖွယ်ပစ္စည်း၊ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများ၏ ကျန်းမာရေးအခြေအနေများကိုမေးမြန်းလျောက်ထားသည်။
    
ယနေ့လှူဒါန်းမှုအနေဖြင့်မဟာဝိဇိတာရုံကျောင်းတိုက်နှင့်ဗန်းမော်ကျောင်းတိုက် များသို့တစ်ကျောင်းလျှင် ဆွမ်းဆန်တော်အိတ် ၅၀၊ ဆီ ၈၈ ပိဿာ၊ဆား ၇၇ ပိဿာ၊ပဲ ၁၃၂ ပိဿာ၊မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှထုတ်လုပ်သည့် Mask  ၃၀၀၀ ခု၊ ဗဒုမ္မာဆပ်ပြာမွှေး ၉၀ ခဲ၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်အိတ် ၁၀၀၊ ဆီ ၁၇၆ ပိဿာ၊ဆား ၁၅၄ ပိဿာ၊ပဲ ၁၆၄ ပိဿာ၊Mask   ၈၀၀၀ ခု၊ ဗဒုမ္မာဆပ်ပြာမွှေး ၇၅၀ ခဲ၊ မစိုးရိ်မ်တိုက်သစ်ကျောင်းတိုက်သို့ ဆွမ်းဆန်တော်အိတ် ၁၀၀၊ဆီ ၁၇၆ပိဿာ၊ ဆား ၁၅၄ ပိဿာ၊ ပဲ ၁၆၄ ပိဿာ၊ Mask  ၁၀၀၀၀ ခုနှင့် ဗဒုမ္မာ ဆပ်ပြာမွှေး ၁၃၀၀ ခဲအပါအဝင်၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အဖွဲ့ဝင်များသည် တပ်မတော် COVID-19  လူနာများကုသရေးဌာန(မန္တလေး) သို့သွားရောက်၍လူနာများရောက်ရှိပါက အသင့်ဖြစ်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
    
အဆိုပါ တပ်မတော် COVID-19 လူနာများကုသရေးဌာန(မန္တလေး)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီပြင်ဆင်ထားရှိပြီး ရဟန်းသံဃာနှင့်သီလရှင် သီးခြားကုသဆောင်၊ အမျိုးသား၊ အမျိုးသမီးကုသဆောင်၊ ထမင်းစားဆောင်များ၊ စားချက်ဆောင်နှင့်  ရေချိုးခန်း၊ ရေအိမ်များ၊အားကစားကိရိယာများ ထားရှိပြးီ လူနာ ၂၀၀ ဦးကို ထားရှိကုသနိုင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရှိရသည်။
    
ထို့ပြင် COVID-19 လူနာများ၏ရောဂါအခြေအနေများကို အချိန်နှင့်တစ်ပြေး ညီသိရှိနိုင်ရေးအတွက် Control Room  များထားရှိကာ ဆရာဝန်များက CCTV  ကင်မရာများဖြင့် နေ့ညမပြတ်စောင့်ကြည့်၍ လိုအပ်ပါက အရေးပေါ်ကုသနိုင်ရေးအတွက် အထူး ကြပ်မတ် ဆောင် (ICU) အခန်းများ၊ အရေးပေါ်အသက်ရှူစက်များ၊ အောက်စီဂျင်ဘူး များကိုလည်း ပြည့်စုံစွာထည့်သွင်း စီမံပြင်ဆင်ဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။