ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးခရိုင်ရဲမှုထမ်းဟောင်းများအတွက် ရိက္ခာအမယ်(၄)မျိုး ထောက်ပံ့ပေးအပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအားတွေ့ဆုံ အမှာ စကားပြောကြား

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးခရိုင်ရဲမှုထမ်းဟောင်းများအတွက် ရိက္ခာအမယ်(၄)မျိုး ထောက်ပံ့ပေးအပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအားတွေ့ဆုံ အမှာ စကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ- ၁၆
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ မန္တလေးခရိုင်ရဲမှုထမ်းဟောင်းများအားတွေ့ဆုံ၍ ဆန်၊ဆီ၊ဆား၊ပဲ ရိက္ခာအမယ်(၄) ထောက်ပံ့ပေးအပ်သည်။
    
အဆိုပါထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် မန္တလေးခရိုင်ရဲမှုထမ်းဟောင်း များတက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ရိက္ခာအမယ်(၄)မျိုးထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက် ၍ပြောကြားရာတွင်ရဲမှုထမ်းဟောင်းများအနေဖြင့် နိုင်ငံံံ့တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ပြီး အငြိမ်းစားယူထားသူများဖြစ်သည့်အပြင် မိမိတို့တပ်မတော်သားများနှင့် လုပ်ဖော် ကိုင်ဖက်ညီနောင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ခြင်းကြောင့် ဃဥဠှီု-၁၉  ရောဂါဖြစ်ပွားချိန် စားရေးအခက်ခဲအားတစ်ဖက်တစ်လမ်းမှ အထောက်ကူပြု စေရန် အတွက် တပ်မတော် သားများနှင့်မိသားစုဝင်များ၏ အရန်ရိက္ခာများထဲမှ ထောက်ပံ့ပေး အပ်သည့် အခြေအနေ များ၊ COVID-19  ရောဂါကာကွယ်ရန်အတွက် လိုက်နာရမည့် စည်းကမ်းများအတိုင်း နေထိုင်စေရေးနှင့် ရဲမှုထမ်းဟောင်းများ ဖြစ်သော်လည်း နိုင်ငံတော်အတွက်အရေးကြုံလာ ပါက တတ်နိုင်သမျှဝိုင်းဝန်းဆောင်ရွက်ပေးရေး တို့အားရှင်းလင်း ပြောကြားသည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မန္တလေးခရိုင်ရဲမှုထမ်းဟောင်း ၄၁ ဦးအတွက် ၁၄ရက်စာ ဆန်၊ဆီ၊ဆား၊ပဲ ရိက္ခာအမယ်(၄)မျိုး ကိုပေးအပ်ရာ ရဲမှုထမ်းဟောင်းတစ်ဦး က လက်ခံရယူသည်။
    
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် အဖွဲ့ဝင်များလိုက်ပါလျက် တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများတွေ့ဆုံအမှာစကားပြောကြားသည်။
    
ထို့သို့ပြောကြားရာတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က COVID-19 ရောဂါကူးစက်မှုနှုန်းမှာတစ်နေ့ထက်တစ်နေ့တိုးပွား လျက်ရှိပြီး လူအများနေထိုင်သွားလာမှုများသည်လည်း သက်မှတ်စည်းကမ်းချက်များ အပေါ်လိုက်နာမှုနည်းပါးလျက်ရှိသည့်အခြေအနေများ ၊ COVID-19  ရောဂါကာကွယ် ရေး နှင့် ပတ်သက်၍သတ်မှတ်ထားသည့်စည်းကမ်းချက်များအပေါ် တစ်ဦးချင်းလိုက်နာ ပြီးမိမိ မိသားစု၊ပတ်ဝန်းကျင် အတွက်ပါကာကွယ်နိုင်မည့်အခြေအနေများ၊ ရောဂါကာကွယ်ရာတွင် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီးအဟာရပြည့််ဝရန်လည်းလိုအပ် သဖြင့် အဟာရပြည့်ဝစွာစားသောက်နိုင်ရေးအတွက် အရန်ရိက္ခာနှင့် မီးဖိုဆောင်သုံး အမယ်စုံများပါ စီစဉ်ဆောင်ရွက်ပေးထားမှုအခြေ အနေများ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ပေးရမည့် ဆန္ဒမဲများ ကို ခိုင်မာမဲဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်မှအသိပေး ကြေညာချက်များကို သိရှိနားလည်အောင်ဆောင်ရွက်ရေးနှင့် နိုင်ငံ၊လူမျိုး၊ဘာသာ၊သာသနာ အကျိုးဖြစ်ထွန်းအောင်မြင်စေရေး ဆောင်ရွက်နိုင်မည့်ပြည်သူ့ ကိုယ်စားလှယ်လောင်း များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေးကိစ္စရပ်များကို အသေးစိတ်ရှင်းလင်း မှာကြားသည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များက မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊သုတ၊ရသ၊စာအုပ်၊စာစောင်များ နှင့်အားကစားပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်းသတင်းရရှိသည်။