ဒေသခံပြည်သူများအား ဆန်နှင့်ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော် သြဂုတ် ၂၆

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေး အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ၌  PDF အကြမ်းဖက်အဖွဲ့အစည်းများ၏ ဥပဒေမဲ့လူသတ်၊ မီးရှို့မှုများကြောင့် ကျေးရွာများတွင် နေထိုင်နိုင်ခြင်းမရှိဘဲ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို လုံခြုံစိတ်ချရသည့် နယ်မြေခံတပ်ရင်းများတွင် ခေတ္တနေထိုင်လျက်ရှိသော ဒေသခံပြည်သူများအတွက် အနောက်မြောက် တိုင်းစစ် ဌာနချုပ်၊ ကလေးတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များမှလှူဒါန်းသည့် ဆန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို တပ်နယ်မှတာဝန်ရှိသူများက ယနေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)