ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

 
နေပြည်တော်၊ ဩဂုတ်- ၂၅

 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင် စု ၁၈၀ စုတို့အတွက် ဆန်အိတ်များ အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင် ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနေ ပြည်သူ အိမ်ထောင်စု ၁၅၀ စုနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သန်းတောကုန်း ကျေးရွာနေ ပြည်သူ အိမ်ထောင်စု ၈၀ စုတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။