ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၁၁

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၀)ရှိ ဧလိမ်မိဘမဲ့ဂေဟာနှင့် ရပ်ကွက်(၁)ရှိ ‘‘ဝ” မိဘမဲ့ရိပ်သာတို့ရှိ မိဘမဲ့ကလေးငယ်များအတွက် တာဝန်ရှိသူများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  နိုင်နိုင်ဦး၊ လားရှိုးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ပဲ၊ စားသောက်ကုန်ပစ္စည်းများနှင့် Mask ၂၀၀၀ ခုတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြို့ပေါ်ရပ်ကွက် များရှိ ပြည်သူအိမ်ထောင်စု ၃၀၀ စုတို့အတွက် စားသောက် ကုန်ပစ္စည်းများအား  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ ပြည်သူအိမ်ထောင်စု ၂၀၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။