ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဆန်၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဆန်၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဩဂုတ်- ၂၁
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ များအတွက် ထောက်ပံ့ငွေကျပ် ၁၀၂၅ သိန်း၊ Quarantine Center ၊ ကုသရေး စင်တာနှင့် ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်း များ၏ စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် ၂၁၅၅ သိန်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့်Quarantine Center ၊ ကုသရေး စင်တာနှင့် ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၂၁၇၀ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်သူ့ဆေးရုံရှိ ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးသွား ရောက် ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။