ဓမ္မာစရိယစာမေးပွဲ နဝမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ကျင်းပ

နေပြည်တော်  ဇွန်  ၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော  ၂ဝ၂၁ ခုနှစ် ဓမ္မာစရိယ စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၉ ဌာနတို့၌(နဝမနေ့)အဖြစ် လည်းကောင်း၊   ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ (တတိယနေ့)အဖြစ် လည်းကောင်း ဖြေဆိုကြသည်။

ဓမ္မာစရိယစာမေးပွဲ နဝမနေ့ စာရင်း သွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၆၁၇ ပါး အနက် ၂၁၄ ပါး ဖြေဆိုကြသဖြင့် ၃၄ ဒသမ ၆၈ ရာခိုင်နှုန်းဖြေဆိုကြပြီး ပါဠိ ပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) တတိယနေ့ ကို စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၅ဝ၂၇၇ ပါး အနက် ၂၉၅၇၆ ပါး ဖြေဆိုကြ သဖြင့် ၅၈ ဒသမ ၈၃ ရာခိုင်နှုန်း ဖြေဆိုကြ ကြောင်း သာသနာရေး ဦးစီးဌာနမှ သိရ သည်။