နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိတ်ဖက်ဆက်ဆံရေး နှစ်(၃ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ်နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်  ဇွန်  ၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂ဝ၂၁ ခုနှစ် ဇွန် ၇ ရက်  ညနေ  ၃ နာရီ၌ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး နှစ် (၃ဝ) ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီး များ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။

အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin Jr.နှင့် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ် ဆောင် ရွက်ကြပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများက  နိုင်ငံခြားရေး ဝန်ကြီးများ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့  တက်ရောက်ခဲ့ကြ သည်။

တရုတ်နိုင်ငံနှင့်  ဖိလစ်ပိုင်နိုင်ငံတို့က အဖွင့်အမှာစကားများ ပြောကြားပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးများက မိတ်ဖက်ဆက်ဆံရေး နှစ်(၃ဝ) ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးကိစ္စကို  ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ပူးတွဲဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးTeodoro  Locsin Jr. နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့အား ယခုကဲ့သို့ အရေးကြီးသည့် အစည်းအဝေး  ကျင်းပပြုလုပ်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားရင်း အာဆီယံ-တရုတ်အကြား မဟာဗျူဟာ မြောက် ဆက်ဆံရေးမှာ အမှန်တကယ် လေးနက်မှုရှိကြောင်း၊ ထို့ကြောင့် အဓိပ္ပာယ် ပြည့်ဝပြီး အာဆီယံနှင့် တရုတ်နိုင်ငံအကြားရှိ သည့် မိတ်ဖက် ဆက်ဆံရေးသည် အာဆီယံနှင့် တရုတ်နိုင်ငံရှိ  ပြည်သူများအတွက် အနာဂတ်တွင် ဆက်လက်၍ ရှင်သန်နေ မည်ကိုယုံကြည်ကြောင်း   ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး အတွက် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ပူးတွဲကြေညာချက် အကောင် အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်(၂ဝ၁၆-၂ဝ၂ဝ) အကောင်အထည် ဖော်ဆောင်ရွက်မှု၏ အောင်မြင်မှုများအပေါ်  ဝမ်းမြောက်မိကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး အတွက် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲကြေညာချက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းစီမံချက် အသစ် (၂ဝ၂၁-၂ဝ၂၅)ကို အကောင်အထည်ဖော် ဆောင်ရာတွင်လည်း အတိတ်က ရရှိခဲ့သည့် အောင်မြင်မှုများကို အခြေခံပြီး  မိတ်ဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် အာဆီယံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက် ဖြစ်လာသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့် အလုံးစုံပါဝင်သည့် တိုးတက်မှုဖြစ်ပေါ်လာရေးအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံက ဒေသတွင်း ဘက်စုံပူးပေါင်း ဆောင်ရွက်မှု စာချုပ်တွင် လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သည့် အတွက် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံသည်လည်း ဒေသတွင်းဘက်စုံ  ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ၂ဝ၂၁ ခုနှစ် မေလတွင် လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သည့်အတွက် အခြားနိုင်ငံများအနေဖြင့် ဒေသတွင်း  ဘက်စုံပူးပေါင်း ဆောင်ရွက်မှု စာချုပ်ကို ဆောလျင်စွာ အသက်ဝင်စေရေးကို ပူးတွဲမြှင့်တင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများ နှင့်ပတ်သက်၍ စည်းကမ်းပြည့်ဝပြီး စစ်မှန် သော ဒီမိုကရေစီရရှိရေး အတွက် ဖေဖော် ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည့် ရှေ့ လုပ်ငန်းစဉ်(၅)ရပ်သည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ရှေ့လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ရာတွင် ကြန့်ကြာမှုများ မဖြစ်စေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ် ဖွဲ့စည်းခြင်းနှင့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး အစီအစဉ်များ၊ စီးပွားရေးပြန်လည်ကုစားရေး ကြိုးပမ်းမှုများကို ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏  ၤငလန- Five-point Consensus ကိုလည်းကောင်း၊ ဘရူနိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး(၂)နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့၏ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို လည်းကောင်း၊ မြန်မာနိုင်ငံ တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စရပ်များကိုလည်း ကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြော ကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ် သဘော နံနက်စာ အစည်းအဝေးသို့ တက် ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အဆင့်မြင့်အရာရှိကြီးများသည် ညနေ ပိုင်းတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့ဝင် များအတွက်    တည်ခင်းဧည့်ခံသော ညစာစားပွဲသို့    တက်ရောက်ခဲ့ကြောင်း သိရသည်။