နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ တို့အား ဆူပူဆန္ဒပြသူများက ဖမ်းဆီးခေါ်ဆောင်၍ ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်း၊ မျက်ခုံးမွှေးရိတ် ခြင်းများပြုလုပ်

နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ တို့အား ဆူပူဆန္ဒပြသူများက ဖမ်းဆီးခေါ်ဆောင်၍ ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်း၊ မျက်ခုံးမွှေးရိတ် ခြင်းများပြုလုပ်

နေပြည်တော်၊  မတ် - ၅
    
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ အခြခံပညာမူလတန်းကျောင်း (ဒေါင်းကျောင်း) တွင် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့နှစ်ဦးအား မတ် ၃ ရက်မွန်းလွဲပိုင်း ဆူပူဆန္ဒပြသူများက ဝတ္တရား နှောင့်ယှက် ဖမ်းဆီးခေါ်ဆောင်ကာ ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်း၊မျက်ခုံးမွှေးရိတ် ခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
    
ဖြစ်စဉ်မှာ ဆူပူဆန္ဒပြသူများက လမ်းများပိတ်ဆို့ခြင်းများ ဆောင်ရွက်ရန်အတွက် စာသင်ကျောင်းအတွင်းရှိစာသင်ခုံများအား အတင်းအဓမ္မယူဆောင် သွားသဖြင့် ကျောင်းအုပ် ဆရာမကြီးကပြန်လည်ရယူခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့်အတူစာသင်ခန်းအတွင်းသန့်ရှင်းရေးပြု လုပ်ခဲ့ရာ ဆူပူဆန္ဒပြသူများက စာသင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးထိန်းသိမ်းမှုအပေါ် မလိုလားသည့်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူ နှစ်ဦးအား ဖမ်းဆီးခေါ် ဆောင်ကာ ဂုဏ်သိက္ခာကျဆင်းစေရန် ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်းနှင့် မျက်ခုံးမွှေး ရိတ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊ကျောင်းအုပ်ဆရာမကြီးနှင့်ခင်ပွန်းဖြစ်သူတို့ နှစ်ဦးမှာ ရပ်ကွက် အတွင်းနေထိုင်ရသည်မှာ လုံခြုံမှုမရှိခြင်း၊ကြောက်လန့်နေရခြင်းတို့ကြောင့် အခြားနေရာသို့ တိန်းရှောင်နေထိုင်ရကြောင်းသိရှိရသည်။
    
ထိုသို့ အေးချမ်းစွာနေထိုင်ပြီး နိုင်ငံတာဝန်များကို ဝန်ထမ်းကောင်းပီသစွာ ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများအပေါ် ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာဥပဒေမဲ့ဆောင်ရွက် ခြင်းသည် ဒီမိုကရေစီကျင့်ဝတ်အပေါ်ကျူးလွန်ဖောက်ဖျက်သည့်အပြင် တည်ဆဲဥပဒေများ၊ အသိပေးချက်များနှင့်သတိပေးချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သဖြင့် ဥပဒေ နှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။