နိုင်ငံတာဝေန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ တို့အား ဖမ်းဆီးခေါ်ဆောင်၍ ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း များပြုလုပ်ခဲ့သူ လူတစ်စုအား ဖမ်းဆီးရမိ

နိုင်ငံတာဝေန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ တို့အား ဖမ်းဆီးခေါ်ဆောင်၍ ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း များပြုလုပ်ခဲ့သူ လူတစ်စုအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ အခြခံပညာမူလတန်းကျောင်း (ဒေါင်းကျောင်း)တွင် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့နှစ်ဦးအား မတ် ၃ ရက်မွန်းလွဲပိုင်း ဆူပူဆန္ဒပြသူလူတစ်စုက ဝတ္တရား နှောင့်ယှက်ဖမ်းဆီးခေါ်ဆောင်ကာ ဦးခေါင်းအားလေးကွက်ကျားရိတ်ခြင်း၊မျက်ခုံးမွှေးရိတ် ခြင်းပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ ဝန်ထမ်းကောင်းပီသစွာထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအပေါ် မင်းမဲ့စရိုက်ဆန်စွာဥပဒေမဲ့ဆောင်ရွက်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံ ရေး တပ်ဖွဲ့ဝင်များက သတင်းဆက်စပ်ဖော်ထုတ်ခဲ့ရာ ဥပဒေမဲ့ဆောင်ရွက်ခဲ့သူများဖြစ်သည့် ဦးဖြိုးလှိုင် (၂၇)နှစ်၊ (ဘ) ဦးတင်ဝင်း၊ စာရေး(ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံး)၊ မြဝတီရပ်ကွက်၊ မုံရွာမြို့၊ ဦးမျိုးမြင့်လှိုင်(၃၁)နှစ်၊ (ဘ) ဦးတင်ဝင်း၊ အငယ်တန်းစာရေး(ယင်းမာပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး)၊ မြဝတီရပ်ကွက်၊ မုံရွာမြို့၊ ဒေါ်ရီရီချို(၅၂)နှစ်၊ (ဘ) ဦးကြည်အောင်၊ မြဝတီရပ်ကွက်၊ မုံရွာမြို့ တို့အား မတ် ၇ ရက်ညနေပိုင်းတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ရွှေဥဒေါင်း ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖြစ်စဉ်တွင် ပါဝင် ခဲ့သူ ၂ ဦးဖြစ်သည့် မြဝတီရပ်ကွက်၊ နယ်မြေ(၁၃)၊ ရွှေဥဒေါင်းကျောင်းလမ်းနေ ကျော်စွာလင်း (ဘ)ဦးခင်မောင်ဝင်း၊ ရွှေပန်းတိမ်လုပ်ကိုင်သူနှင့် ဒေါ်ယဉ်မင်းမင်းတင်(ဘ)ဦးလူတင်၊ ရွှေပန်းတိမ်လုပ်ကိုင်သူတို့ ၂ ဦးသည် အဆိုပါရပ်ကွက် နေအိမ်တစ်အိမ်၌ နေထိုင်လျက်ရှိ ကြောင်း သတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့် သွားရောက်ဖမ်းဆီးခဲ့ရာ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများသည် မင်းမဲ့စရိုက်ဆန်စွာဥပဒေမဲ့ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ ကျင့်ဝတ်အပေါ် ကျူးလွန်ဖောက်ဖျက်သည့်အပြင် တည်ဆဲဥပဒေများ၊ အသိပေးချက်များ နှင့် သတိပေးချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သဖြင့် ဥပဒေနှင့်အညီပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

နိုင်ငံတာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အချို့သော ပြည်သူလူထုတို့အား မတရားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်ထိုးကြိတ်ခြင်း၊ အရှက်ရစေရန် ကတုံးတုံးခြင်း၊ ဆံပင်ထိပ်ကွက်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း၊ ရာသက်ပန် ရုပ်အဆင်းပျက်စေရန်နှင့် အရှက်ရစေရန် မျက်နှာပေါ်တွင် တက်တူးထိုးခြင်းများစသည့် မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းနှိပ်စက်ပြုမှုများကျူးလွန်ပါက ရာဇသတ်ကြီးပုဒ်မများအရ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကျူးလွန်မှုများမှာ ယဉ်ကျေးသော လူ့ ကျင့်ဝတ်အသိုင်းအဝိုင်းအရ လက်ခံ၍ မရသောလုပ်ရပ်များဖြစ်သဖြင့် တားဆီးခြင်း၊ ကန့်ကွက် ရှုံ့ချခြင်း၊ အနိုင်ကျင့်ခံရသူတို့ဘက်မှ အကာအကွယ်ပေးခြင်း၊ တာဝန်ရှိသူများသို့ အချိန်မီ အကြောင်းကြားခြင်းဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေး ဝိုင်းဝန်းဆောင်ရွက်သွား ရန် သတင်းထုတ်ပြန်အပ်ပါသည်။