နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား COVID-19 ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဇွန် - ၂၈

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့မွန်း လွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရုံး ခန်းမဆောင်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Mask ၅၂၀၀ ခု၊ ရေမလို လက်သန့်ဆေးရည် ၅၂ ဗူး၊ အရက်ပြန် ၅၂ ဗူး၊ PPE ဝတ်စုံ ၁၀၀ စုံ၊ မျက်မှန်ကိုင်း ၁၀၀ ခု၊ ဖလင်ကော်ပြား ၁၀၀ ခု၊ လက်အိတ် ၁၀၀ စုံနှင့် စားသောက်ဖွယ်ရာများကို ပေးအပ် ရာ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး နှင့် မိသားစုဝင်များက လက်ခံရယူကြပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။