နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Novosibirsk မြို့သို့ ထွက်ခွာကြရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး နှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့‌ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် Novosibirsk မြို့၊ Tolmachevo လေဆိပ်သို့ ရောက်ရှိကြရာ အမှတ်(၄၁)တပ်မ ထောက်လှမ်းရေးဌာနအကြီးအကဲ Colonel Dimity V. Menchov နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။