နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့   တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့   တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း  အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေး ပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် ပုသိမ်ဇုန် အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့် အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် (၇) မိနစ်တွင် ရန်ကုန်ဇုန်အသင်းက အဖွင့်ဂိုးဦးဆောင် သွင်းယူနိုင်ခဲ့သော် လည်း ပုသိမ်ဇုန်အသင်းက ပွဲကစားချိန် (၃၃) မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၆၁ မိနစ် တွင် ရန်ကုန်ဇုန်အသင်းက ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၇၁ မိနစ်တွင် ပုသိမ်ဇုန်အသင်းက ချေပဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ဒုတိယပိုင်း ပွဲပြီးဆုံးချိန် အထိ တစ်ဖက် ၂ ဂိုးစီရရှိခဲ့ကြသည်။

ထို့နောက် အချိန်ပိုယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက အချိန်ပို ၇ မိနစ် ၃၄ စက္ကန့်တွင် တတိယဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ရန်ကုန်ဇုန် အသင်းက  ပွဲကစားချိန် ၁၃ မိနစ် ၅၀ စက္ကန့်တွင် ပင်နယ်တီမှတဆင့်ခြေပဂိုး သွင်းယူခဲ့သဖြင့် တစ်ဖက် ၃ ဂိုးစီ ရရှိကြသည်။

ဆက်လက်၍ ပင်နယ်တီ ၅ လုံးအဆုံးအဖြတ်ရယူရာ ရန်ကုန်ဇုန်အသင်းက ၄ ဂိုးနှင့် ပုသိမ်ဇုန် အသင်းက ၃ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ရန်ကုန်ဇုန်အသင်းက စုစုပေါင်း  ၇ ဂိုး ၆ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကောင်းဆုံးဂိုးသမားဆုရရှိသည့် ပုသိမ်ဇုန်အသင်းမှ ဂိုးသမား ဟိန်းထက်ကိုကို ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  အကောင်းဆုံးနောက်တန်းအားကစားသမားဆု ရရှိသည့်  မော်လမြိုင် ဇုန်အသင်းမှ ဆန်းပြည့်စုံစိုး ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရန်ကျော်က အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရရှိသည့် ရန်ကုန်ဇုန် အသင်းမှ အောင်နိုင်စိုးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင် က အကောင်း ဆုံးရှေ့တန်းအားကစားသမားဆုရရှိသည့် မကွေးဇုန်အသင်းမှ ရဲရင့်မောင်  ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက ဂိုးသွင်း အများဆုံးအားကစားသမားဆုရရှိသည့် ရန်ကုန်ဇုန်အသင်းမှ လှိုင်ဘွား ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် ရန်ကုန်ဇုန်အသင်းမှ နေစိုးလင်းကိုလည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်ငြိမ်းမောင်က တတိယဆု ရရှိသော မော်လမြိုင်ဇုန် အသင်းကိုလည်းကောင်း ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်း က  ဒုတိယဆုရရှိသော ပုသိမ်ဇုန်အသင်းကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပထမဆုရရှိသည့် ရန်ကုန်ဇုန် အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 ယခုကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲသည် အဆင့်မြင့်ပညာဦးစီးဌာနရှိိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို အောက်မြန်မာပြည်ဇုန်လေးခုနှင့် အထက်မြန်မာပြည် ဇုန်လေးခု သတ်မှတ်၍ လူရွေးပွဲများကို သက်ဆိုင်ရာ ဇုန်အလိုက် မြို့တို့တွင် ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။