နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြိုတော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသိ

နေပြည်တော် ဇွန် - ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံ တို့သို့ သွား ရောက် ကြည့်ရှု လေ့လာသည်။ 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသို့ ရောက်ရှိကြရာ အမှုဆောင်ဒါရိုက်တာ Mr. Vyacheslav Podokaik နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး Mr. Alexander Emelyushin နှင့် တာဝန်ရှိသူများက အလုပ်ရုံသမိုင်းအကျဉ်းနှင့် ရေယာဉ်တည် ဆောက်ရေးဆိုင်ရာ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြား သည်။ ရှင်းလင်းပြောကြားမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးပြီး  အလုပ်ရုံအတွင်း ရေယာဉ်တည်ဆောက်ရေးလုပ်ငန်း အဆင့်ဆင့် အား လိုက်လံကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံသည် ယနေ့အချိန်တွင် ၁၂၅ နှစ် သက်တမ်းရှိပြီ ဖြစ်ပြီး အောင်မြင်သောကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ကုမ္ပဏီ အနေဖြင့် မည်သည့်ရာသီဥတု၌မဆို အသုံးပြုနိုင်ရန် ဒီဇိုင်းများရေးဆွဲထုတ်လုပ်လျက် ရှိပြီး ရေယာဉ်အမျိုးမျိုးအား ခေတ်မီနည်းပညာများဖြင့် တည်ဆောက်ပေး လျက်ရှိ ကြောင်း၊ ရေယာဉ်တည်ဆောက်ထုတ်လုပ်ခြင်းများအပြင်  အခြားဆက်စပ်လုပ်ငန်း များဖြစ်သည့် ရေလုပ်ငန်းသုံးစက်ပစ္စည်းများ တည်ဆောက်ထုတ်လုပ်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို လည်း လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် ကုမ္ပဏီ၏ တိုက်တေနီယမ်သတ္တု ပုံလောင်း စက်ရုံ(Titanium Foundry)သည် ဥရောပရှိ အကြီးဆုံးစက်ရုံများအနက် တစ်ခု အပါ အဝင်ဖြစ်ပြီး ရေယာဉ်တည်ဆောက်ရေး၊ လေယာဉ်တည်ဆောက်ရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် လိုအပ်သည့် အစိတ်အပိုင်းများအား ထုတ်လုပ်ပေး    လျက်ရှိကြောင်း၊ စုစုပေါင်း ရေယာဉ် ၁၅၀၀ ကျော်ခန့်တည်ဆောက်ခဲ့သည့် အနက် ၆၀၀ ခန့်မှာ စစ်ရေယာဉ်များဖြစ်ပြီး ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။