နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ် ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူ များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များ တက်ရောက်ကြသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အားလုံးကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော် တွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြား ပြီး နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်ခဲ့သည့် အခြေအနေ များနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေအနေ များ၊ ဒီမိုကရေစီအစိုးသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့် အခြေအနေ များ၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အားနည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သင့် သလောက် မဖြစ်ခဲ့ရသည့် အခြေအနေများ၊ ပြည်သူလူထုမှ မျှော်လင့်သလောက် ဖွံ့ဖြိုး တိုးတက်မှုမရှိခဲ့၍ ရွေးကောက်ပွဲအပေါ်အယုံအကြည်မဲ့လာပြီး No Vote လှုပ်ရှားမှု များ ပေါ်ပေါ်လာသဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားရေး မိမိကိုယ်တိုင် ဆန္ဒမဲပေးကြရေးအတွက် ပြောကြားခဲ့ရသည့် အခြေအနေများ၊ တစ်ဖက်အဖွဲ့အစည်း အနေဖြင့်လည်း ၎င်းအခြေအနေများကြောင့် မဲအနိုင်မရမည်ကို စိုးရိမ်ပြီး ဆောင်ရွက် ခဲ့သည့် ကိစ္စရပ်များ၊  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော် တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မည်သည့်နိုင်ငံဖြစ်စေ အမြဲမပြတ် ကြိုးပမ်း အားထုတ်နေမှသာလျင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြားမှ နိုင်ငံရေး၊ စီးပွား ရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြား သည်။

စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ တပ်မတော်အနေဖြင့်  နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကိုသာ အစဉ်ဦးထိပ်ထား၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစု သိရှိနိုင်ရန် ယခုကဲ့သို့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများ မြင့်တက်လာစေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေရ မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ အရည်အသွေးများ မြင့်မားစေရေး၊ အဆင့်နှင့်‌လျော်ညီသည့် အတတ်ပညာနှင့် ပညာရပ်များ ရရှိစေရေး သက်ဆိုင်ရာ အဆင့်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ စစ်သည်များအနေဖြင့်လည်း ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာ လျင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန် အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်း ကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းများထုတ်ပြန်ထား ရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်းစနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကို မဖြစ်စေရန် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကြပ် ထားခြင်း မဟုတ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာ ခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း။

 

လူသာလျင် ပဓာန

မည်သည့်ကိစ္စတွင်မဆို လူသာလျင် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် “လူသာလျင် ပဓာန” ဟု ဆိုကြခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှု ရေး စသည့် အရေးကိစ္စအားလုံး၌ လူပါဝင် ဆောင်ရွက်ရပြီး လူ၏ ဦးဆောင်မှု၊ လူ၏ လိုက်နာဆောင်ရွက်မှု၊ လူ၏ ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်း အရည်အသွေး၊ အရည်အချင်း မြင့်မားနေစေရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း။

ထို့ကြောင့် မိမိဘဝတိုးတက်ရေးအတွက် မိမိသာလျှင်အဓိကအရေးအကြီးဆုံး ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးအနေဖြင့်လည်း အရည်အသွေး၊ အရည်အချင်း များကောင်းမွန်အောင် နေထိုင်ဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊ တပ်မတော်သား များအားလုံးသည် အခြေခံအားဖြင့် စစ်အတတ်ပညာများသင်ကြားပေးပြီး ဖြစ် ကြောင်း၊ တိုက်ပွဲဝင်နိုင်ရန်အတွက် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ထုတ်ပေးထား သည့် လက်နက်များကိုလည်း ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်စေရေး တပ်မတော်မှ အဆင့်ဆင့်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို စစ်စည်းကမ်း ကောင်းမွန်စေရန်နှင့် အမိန့်နာခံ တတ်မှုရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စစ်စည်းကမ်း လိုက်နာပြီး မိမိအရည်အသွေးကို အမြဲထက်မြက် နေစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မိမိကိုယ်ကို မိမိ မြှင့်တင်ရမည်၊ ဦးစီးခေါင်းဆောင်များ ညီညွတ်မျှတသည့် ကွပ်ကဲအုပ်ချုပ်မှု ရှိရမည်

မိမိတို့တစ်ဦးချင်း၏ ကိုယ်စီတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး အတွက် ကျန်းမာကြံ့ခိုင်မှုရှိရန်နှင့် လေ့ကျင့်မှုများကို ပုံမှန်ဆောင်ရွက်နေရန်လိုအပ် မည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိရန်အတွက် မိမိကိုယ်ကို ထိန်းထိမ်းသိမ်းသိမ်း နေပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် သွားလာနေထိုင်စားသောက်မှုရှိရမည်ဖြစ် ကြောင်း၊ လူတို့တွင် တစ်ဦးချင်း၏ အရည်အသွေးတိုးတက်ရန်မှာ မိမိကိုယ်တိုင်နှင့်ပင် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်သဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်နိုင်ရန်လိုကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ကြိုးစားအားထုတ်မည်ဆိုပါက မိမိတို့တစ်ဦးချင်းစီ၏ လူမှုဘဝများသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦးသည် ဘဝဖြတ်သန်းပုံခြင်းတူညီမှု ရှိမည်မဟုတ်သော်လည်း တပ်မတော်သားအများစုသည် အများနှင့် နေထိုင်သွားလာရသည်ဖြစ်သဖြင့် မိမိ၏ အထက်အရာရှိများ၊ လုပ်ဖော် ကိုင်ဖက်များ၊ လက်အောက်ငယ်သားများထံမှ ကောင်းမွန်သည့် အချက်များ၊ အတွေ့ အကြုံများကို လေ့လာသင်ယူ၍ မိမိဘဝ တိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချရ မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဖေးမဆောင်ရွက်ရန်လိုပြီး မဖြစ်သင့်သည် မလုပ်သင့်သည်များကို အချင်းချင်း တည့်မတ်ထိန်းကြောင်းပေးရမည်ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်သည့်သူများအနေဖြင့်လည်း မိမိတို့ဦးဆောင်ရသည့် တပ်ဖွဲ့ကို ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုပြီး တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်ဖြင့် အုပ်ချုပ်ရန်လိုကြောင်း၊ ဦးစီးခေါင်းဆောင်ပြုနေသူများအနေဖြင့် မိမိတို့၏ မိသားစု၊ မိမိတို့၏ တပ်နှင့် မိမိတို့ပတ်ဝန်းကျင်ကို ကောင်းမွန်သည့် ထိန်းသိမ်းမှုများ ပြုကြရန် လိုကြောင်း။

တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် နည်းတူ မိမိတို့နိုင်ငံ၌လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရေနှင့်မြေများ၊ သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စဉ်ဆက်မပြတ် ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့် တိုးတက်မှုများ နောက်ကျလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်၌ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို အောင်မြင်အောင် စဉ်ဆက်မပြတ် အကောင်အထည်ဖော်စေ ခြင်းမှာလည်း စားရေးသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ရန် အတွက်ဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ပိုင်နှင့်တစ်ပိုင် တစ်နိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့သဖြင့် အခက်အခဲများဖြစ်ပေါ်ချိန်တွင် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။

ပညာရည်မြင့်မားရေး အားပေးမြှင့်တင်ရမည်

မိမိတို့ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက်ကိုလည်း အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချ နိုင်စေရေးအတွက် ယခင်စာသင်နှစ် သင်ခန်းစာများကို ပြန်လည်ဖတ်မှတ်စေခြင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ယဉ်ကျေး လိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ စာပေ ဖတ်မှတ် လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများကို ဘဝတစ်လျှောက်လုံး ရရှိသွား အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စစ်သည်များအနေဖြင့်လည်း မိမိတို့၏ အတန်းပညာများ မြင့်မားရေးအတွက် တပ်မတော်ပညာရေးကျောင်းများတွင် မှန်မှန် ကန်ကန် တက်ရောက်သင်ကြားသွားရန်လိုကြောင်း၊ တပ်မတော်သားများ၏ တစ်ဦး ချင်း စွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် စွမ်းပကား မြင့်မားအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်များကို အသုံးချ၍ တပ်မတော် တစ်ရပ်လုံးစွမ်းရည် ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့်မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသား စုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။