နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကြည့်ရှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် လိုအပ်သည်များ လမ်းညွှန် မှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကြည့်ရှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် လိုအပ်သည်များ လမ်းညွှန် မှာကြား

နေပြည်တော် မေ - ၁၅

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မေ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသ များအဖြစ်‌ကြေညာထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် စစ်တွေမြို့သို့ သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိကြပြီး စစ်တွေမြို့အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုသည်။

ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် လတ်တလော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်း ညှိ နှိုင်း အစည်းအဝေးများကျင်းပကာ သဘာဝဘေးအန္တရာယ်မကျရောက်မီကတည်းက ကြို တင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေး ပေါ်အခြေအနေ စီမံခန့်ခွဲမှုရုံး Command Post အား မေ ၇ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဖွင့်လှစ်ထားရှိပြီး ခရိုင် ၇ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင်လည်း ဖွင့် လှစ်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ခိုလှုံရာ Shelter များကို ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြား ချက်အရ မြို့နယ်အလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိမှု၊ သဘာဝဘေးအန္တရာယ် သင့်ခဲ့ရသည့် ပြည်သူများအတွက် လတ်တလော အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်နိုင် ရန် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးထားမှု၊ ပြည်နယ်အစိုးရအဖွဲ့ အရေးပေါ် ရန်ပုံငွေဖြင့် ဆန်၊ ဆီ၊ ဆား၊ ငပိနှင့် စက်သုံးဆီ အရန် ဝယ်ယူထားရှိမှု၊ ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး သိုလှောင်ထားရှိမှု၊ သောက် သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့် ဆက်သွယ်မှု မပြတ်တောက်ရေး ဆောင်ရွက်ထားရှိမှု၊ မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) စစ် တွေမြို့သို့ ဝင်ရောက်ခဲ့မှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှု၊ သဘာဝဘေးသင့်ခဲ့ရသည့် နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေး လိုအပ်မှု၊ ထောက်ပံ့ရေးပစ္စည်းများ လိုအပ်မှုနှင့် လတ်တလောပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဝန်ကြီးဌာနများ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်လျက်ရှိမှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့မှု၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ တင်ပြကြရာတွင် တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ ပြတ်တောက်မှုမရှိရေး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိမှု၊ စစ်တွေ လေယာဉ်ကွင်းသို့ လေယာဉ်များ နေ့ညမရွေး ဆင်းသက်နိုင်ရေး ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု၊ လေကြောင်းတိုက် ရိုက်ဆက်သွယ်ရေးစနစ်များတပ်ဆင်နိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ အမြန်ဆုံးပြန်လည် ကောင်းမွန်စေရေး လိုက်လံ စစ်ဆေးလျက်ရှိမှု၊ ဓာတ်တိုင်များ ပြန်လည်ထောင်မတ်နိုင်ရေး မှာယူထားရှိမှုနှင့် ဝန်ထမ်း အင်အားအလုံးအရင်းဖြင့် အမြန်ဆုံး ပြန်လည်မီးပေးနိုင်အောင် ဆောင်ရွက်လျက်ရှိမှု၊ စစ်တွေမြို့ဆေးရုံကို မီးစက်ကြီးများဖြင့် မီးပေးလျက်ရှိမှု၊ သံဃာတော်များနှင့် သီလရှင် များအတွက် ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ပဲ၊ ဆေး များကြိုတင်ပြင်ဆင်ထားရှိမှု၊ ဘုန်း တော်ကြီးကျောင်းများသန့်ရှင်းရေးအတွက် ဆောင်ရွက်ရမည့်အခြေအနေများနှင့် ရခိုင် ပြည်နယ်ယဉ်ကျေးမှုပြတိုက် အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း ဆေးရုံ၊ ဆေးခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ် သာရှိခဲ့ပြီး အထူးဆေးကုသရေးအဖွဲ့ ၂ ဖွဲ့ဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ ရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆေးပစ္စည်းများ၊ ရေသန့် ဆေးပြားများ ထပ်မံမှာယူလျက်ရှိမှုနှင့်  ခွဲစိတ်ခန်းများကိုလည်း အသင့်အသုံးပြုနိုင်ရေး စီမံ ထားရှိမှု၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာပေးစာစောင်များ၊ အသိပညာ ပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိမှု။

 ရခိုင်ပြည်နယ်သို့ပေးပို့မည့် ဆန်အိတ်များ၊ သွပ်နှင့်သံများ၊ စားသောက်ဖွယ်ရာ များ၊ ဆောက်လုပ်ရေးပစ္စည်းများကို တပ်မတော်စစ်ရေယာဉ်များပေါ်သို့ အမြန်ဆုံး တင်ဆောင်၍ ပေးပို့နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်း သင့်ဒေသများသို့ စားသောက်ဖွယ်ရာများနှင့်ကယ်ဆယ်ရေးပစ္စည်းများကို မော်တော် ယာဉ်များ၊ စစ်ရေယာဉ်များ၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိမှု၊  စားသောက် ကုန်များနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ အဆက်မပြတ်ပေးပို့နေမှု၊ စားသောက်ဖွယ်ရာများနှင့် ပြန်လည် တည် ဆောက်ရေးပစ္စည်းများကို တပ်မတော်စစ်ရေယာဉ်များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေး လျက်ရှိမှုနှင့် ၎င်းမှတစ်ဆင့် ရသေ့တောင်မြို့နယ်နှင့် အခြားမုန်တိုင်းသင့်ဒေသများသို့ ဆက်လက် ပို့ဆောင်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ရိတ်သိမ်းထားသည့် နွေစပါးများကို ထိခိုက်ပျက်စီးမှုမရှိစေရေး အတွက် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှု၊ ရခိုင်ပြည်နယ် အတွင်း အသင့်ခွဲစိတ်ထားသည့် သစ်များရှိပြီး မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သစ်မာခွဲသားများအသင့်ရှိသည့် အတွက် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ရေးအတွက် သစ်များရရှိရေး ဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်ချက်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ရခိုင်ပြည်နယ်အား ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့် အချိန် တွင်ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှု အနည်း ဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ မိမိအနေဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်များ ကို လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက် ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မုန်တိုင်းမဝင်ရောက်မီ ၅ ရက်ခန့် ကတည်းက မုန်တိုင်း ကြိုတင်သတိပေးချက်များထုတ်ပြန်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အား ပြန်လည် ထူထောင် ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။

ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှ အဓိက ဆောင်ရွက်ရမည် ဖြစ်ပြီး အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်သွား ရန်လိုကြောင်း၊ အများပြည်သူ အများဆုံးအသုံးပြုသည့် လမ်းများကို ဦးစားပေးရှင်းလင်း ပေးရန်လိုကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ စက်ယန္တရားတို့ ပေါင်းစပ် ဆောင်ရွက်ရန်လို ကြောင်း၊ ဆေးရုံများသန့်ရှင်းရေးနှင့် ဘိုးဘွားရိပ်သာများကို ခရိုင်နှင့် မြို့နယ်များ အလိုက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဦးစားပေး ဆောင်ရွက် ကြရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားရန်လိုကြောင်း။

ယခုမုန်တိုင်းတိုက်ခတ်ချိန်တွင် အုန်းပင်များပြိုလဲမှုမရှိသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိ သည့်အခါတိုင်းတွင် အုန်းပင်များနှင့် လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ ယခု သဘာဝ ဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာ ယူ၍ သဘာဝဘေးဒဏ်ခံ နိုင်သည့် လေကာပင်များနှင့် အုန်းပင်များကို တိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားရန်လို ကြောင်း၊ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များ၊ စေတနာရှင် ရဟန်း၊ ရှင်လူ ပြည်သူ အလှူရှင်များ၏ စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀  သိန်းကို လက်ခံရရှိခဲ့ကြောင်း၊ ယင်းအနက်မှ ရခိုင်ပြည်နယ် အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း။

ဒေသအား၊ ပြည်တွင်းအားကို စုစည်းအသုံးပြု၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်

ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် လမ်းပန်းဆက် သွယ်ရေးကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ အများနှင့်သက်ဆိုင်သည့် ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာအထက်တန်း ကျောင်းများကိုလည်း ဦးစားပေးပြုပြင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လုပ်စရာရှိ သည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံး ပူးပေါင်း ဆောင် ရွက်မည်ဆိုပါက အမြန်ဆုံး မူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့် အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်မည် ဆိုပါက အောင် မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်း လာ သဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသား အားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ် ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊

ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး ရေသန့်ဆေးများကို လိုက်လံခပ်ပေးရန် လိုကြောင်း၊ ရေတွင်း ပတ်ဝန်းကျင်များကို ဦးစွာ သန့်ရှင်းရေးဆောင်ရွက်ရန်လိုကြောင်း၊ ရေတွင်းများအနီးရှိ ရေဆိုးရေညစ်များ၊ အညစ်အကြေးများကို အမြန်ဆုံး ရှင်းလင်းရန် လိုကြောင်း၊ အချိန်မီရှင်းလင်းခြင်းမရှိပါက ဝမ်းပျက်ဝမ်းလျှောရောဂါများအပြင် အခြား ရောဂါဘယများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း။

အစားအသောက်နှင့်ပတ်သက်၍ စည်သွပ်ဘူးများ၊ အသင့်စား အစားအစာများ ကြိုတင်ပြင်ဆင်ထားသော်လည်း စိုက်ပျိုး၍ရသည့် နေရာများတွင် အမြန်ဆုံး ပြန်လည် စိုက်ပျိုးရန်နှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ကြက်ဥများ ကိုလည်း အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပြီး လူများထိခိုက်မှု အနည်းဆုံးဖြစ်ခဲ့ခြင်းမှာ အဆိုးထဲက အကောင်းဟုပင် မှတ်ယူရမည် ဖြစ် ပြီး ကြံကြံခံ ကျော်ဖြတ်နိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) " မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် စစ်တွေမြို့အတွင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။

မုန်တိုင်းဒဏ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းမကျ ရောက်မီကာလ အတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့ များရှိ သဘာဝဘေးဒဏ်ခိုလုံရာ Shelter များသို့ ဒေသခံ ပြည်သူ ၂၃၇၀၀ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အခြားဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးမှုအနေဖြင့် ၆၂၆၈၄၉ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အလားတူ IDP စခန်းများတွင်ရောက်ရှိ နေသူများအနက်မှ ၆၂၃၁၉ ဦးအား ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းစတင်ဝင်ရောက်သည့် ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် တစ်နာရီ လေတိုက်နှုန်းမှာ ၆၀ မိုင်ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၃ နာရီခွဲအချိန်အထိ တစ်နာရီလေတိုက်နှုန်းမှာ ၁၂၀ မိုင်အထိရှိခဲ့ကာ အပြင်းဆုံး လေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ရုံးအဆောက်အဦများ၊ သာသနိကအဆောက်အဦများ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျ ပျက်စီးခြင်း၊ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်နှင့် ဆက်သွယ်ရေး တာဝါတိုင်အချို့ ပြိုကျ ပျက်စီးခဲ့ပြီး ၁၄ ရက်နေ့အထိ သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရ ၂၈ ဦး ရှိကြောင်း ကနဦးသတင်းများအရသိရှိရကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်တိုင် ကိုယ် ကျ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။