နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ(၆)လပြည့်မိန့်ခွန်း၌ ပြောကြားခဲ့သည့် နိုင်ငံတော်အစိုးရ၏ အခြေခံ နိုင်ငံရေး၊ လူမှုရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးများရရှိမှု၊ ထိုးနှံပေးမှုများ၊ အောက်ဆီဂျင်လိုအပ်ချက်များနှင့် ပတ်သက်ပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများမှ Liquid Oxygen များ မှာယူတင်သွင်းခဲ့မှု၊ နိုင်ငံတော်ပိုင်၊ တပ်မတော်ပိုင်နှင့် ပုဂ္ဂလိက ပိုင် Oxygen Plant များမှ ဆေးရုံသုံးအောက်ဆီဂျင်များရရှိအောင် အင်ပြည့် အားပြည့်ထုတ်လုပ်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နေမှု၊ အထောက်အကူပြုပစ္စည်းဆေးပစ္စည်းများနှင့် အလှူငွေများကို မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းမှု၊ ကူညီမှုအားလုံးအပေါ် မြန်မာနိုင်ငံတော်အစိုးရက ကျေးဇူးတင်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဗဟိုအဆင့်အစည်းအဝေးများ၊ အရေးပေါ်တုံ့ပြန်ရေး အစည်း အဝေးများကို နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်း၊ လက်တွေ့ကျကျစီမံခြင်း ဆောင်ရွက် နေမှုများ၊ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနေမှု၊ ကိုဗစ်ကာလ အတွင်း ပြည်သူများစားရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရွေ့လျားဈေးကား(Mobile Market)များ ဖြင့် လိုက်လံရောင်းချပေးနေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ NUG ၊ PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းများ ထုတ်လွှင့်မှု၊ ကာကွယ်ကုသ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပြည်သူလူထု အပေါ် အမျိုးမျိုးသောသတင်းအမှား၊ အချက်အလက်အမှားများဖြင့် မှိုင်းတိုက်ပြီး အချင်းချင်းစိတ်ဝမ်းကွဲပြားအောင်၊ နိုင်ငံတကာအထင်မြင်လွဲမှားအောင် လုပ်ကြံ ဖန်တီးနေသည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံခြားသံရုံးအချို့၏ လုပ်ဆောင်ချက် များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ NLD ပါတီဝင်အစွန်းရောက်များ ၏ နောက်ကွယ်မှ ကြိုးကိုင်မှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား လိုက်လံရန်ပြုသတ်ဖြတ်နေမှု၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် NUG ၊ CRPH နှင့် PDF အမည်ခံအဖွဲ့ အစည်းများကို စစ်သင်တန်းပေးနေမှု၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေမှုနှင့် ရန်ကုန်-မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်အချို့၌ အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်တူ ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီးရမိသူ များ၏ ဝန်ခံပြောကြားချက်များကို PowerPoint Presentation များ၊ Video ဖိုင် များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးက တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ ရွေးကောက်ပွဲဆိုင်ရာ စစ် ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့မှုများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များက ခင်းကျင်းပြသထားသည့် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ အကြမ်း ဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ဆက်နွယ်သူများ၏ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင် ချက်များ၊ မဲစာရင်း လက်တွေ့စစ်ဆေးချက်များကို လိုက်လံကြည့်ရှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးတို့က လိုက်လံရှင်း လင်း ပြသကြသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့် အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။