နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာ ရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့ က လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အခေါ်အဝေါ်၊ တိုင်းရင်းသား လက် နက်ကိုင်ဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှုများကိုလည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေး ကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြော ကြားကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည် တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက် များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နှစ် နိုင်ငံ သံတမန်ဆက်ဆံရေး အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ဇူလိုင် ၁၀ ရက် မှ ၁၆ ရက်အထိ ရုရှားဖက်ဒရေးရှင်နိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်နှင့် ပတ်သက် သည်များ၊ ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှုများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန် ကြားချက်နှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာချက်များအပေါ် မဟုတ်မမှန် ကောလာဟလ ဝေဖန်ချက်များ၊ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်း များကို အိမ်ငှားစရိတ်အဖြစ် အိမ်‌ထောင်သည်ဖြစ်ပါက မူရင်လစာ၏ ၈ ရာခိုင်နှုန်း နှင့် လူပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း)ကို ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ကျပ် ၁၀၀၀၀ ကို လစဉ်ထောက်ပံ့ပေးသွားမည့်အစီအစဉ်များ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ။
ပြည်ဖျက်မီဒီယာအချို့နှင့် အကြမ်းဖက်အဖွဲ့များ လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အသုံးအနှုန်းအကြောင်း၊ ပျူစောထီးဖြစ်ပေါ်လာပုံ သမိုင်း ကြောင်း၊ အစိုးရအနေဖြင့်ရော တပ်မတော်အနေဖြင့်ပါ ဖဆပလ ကဲ့သို့ ဒီမိုကရေစီ အရေခြုံအာဏာ ရှင်စနစ်ထူထောင်ရန် ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့စည်းခဲ့ ခြင်းမရှိဘဲ တပ်မတော်အနေဖြင့် တည်ဆဲဥပဒေများအရ ဒေသခံပြည်သူလူထုက ၎င်းတို့၏ ကျေးရွာ၊ ရပ်ကွက်များ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြ လာပါက ဖွဲ့စည်းခွင့်စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ်ဆင် ပေးခြင်း၊ စစ်မြေပြင် စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်၏ ရလဒ်အနေဖြင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့၊ စုစုပေါင်း ၉ ဖွဲ့က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါ အဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်များ၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေ ဖြင့်လည်း တွေ့ဆုံဆွေးနွေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်များ။
တပ်မတော်နှင့် AA အဖွဲ့တို့အကြား ၂၀၂၀ ပြည့်နှစ်မှစ၍ ပစ်ခတ်တိုက်ခိုက်မှု လုံးဝနီးပါးမရှိခဲ့ဘဲ ငြိမ်းချမ်းရေးတစ်စိတ်တစ်ပိုင်းတည်ဆောက်နိုင်ခဲ့သော်လည်း AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် လအချို့မှစတင်၍ အပြစ်မဲ့ပြည်သူတစ်ချို့ကို ဖမ်းဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖမ်းဆီးခြင်းများ စတင်လုပ် ဆောင်လာခဲ့ပြီး တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကိုမလိုလား သော ပြည်ဖျက်အချို့ကလည်း သတင်းတု၊ သတင်းမှားများဖြင့် တစ်ဖက်နှင့် တစ်ဖက် အထင်အမြင်လွဲမှားစေရန်နှင့် သံသယစိတ်များဖြင့် စစ်မီးတောက်စေရန် တွန်းပို့ခဲ့ကြသည့် ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ KNU အဖွဲ့ အတွင်း ကွဲလွဲမှုအချို့ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းစေလိုသည့်စိတ်ရှိသူများနှင့် NCA လမ်း ကြောင်းအတိုင်း လျှောက်လှမ်းလိုသူများလည်း ရှိသည်ဖြစ်ရာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သူများအား လာရောက်ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားလျက် ရှိသည်များ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့က ထူထောင်ထားသည့် တရားမဝင် ပညာရေးကျောင်းဖြစ်သော Kaung for You Online ပညာရေးဆိုင်ရာကိစ္စ ရပ်များနှင့် ဆက်စပ်မှုများကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများအား စစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန် လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များနှင့် ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြား¬မှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည် ဖြစှှ်ကြောင်း သတင်းရရှိသည်။