နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (တတိယအကြိမ်)အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (တတိယအကြိမ်)အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် အောက်တိုဘာ ၃

 
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ၏ တတိယအကြိမ်အစည်းအဝေးကိုယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)မှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ နှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးကို “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟို ကော်မတီ”၏ တတိယအကြိမ်အစည်းအဝေးတွင် ဗဟိုကော်မတီပထမအကြိမ်နှင့် ဒုတိယ အကြိမ်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပေးနိုင်ရေးနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း။
ဗဟိုကော်မတီအစည်းအဝေးများ ကျင်းပဆောင်ရွက်ပြီးပင်လယ်ကမ်းရိုးတန်း သယံ ဇာတစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းကဏ္ဍများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်များအဖြစ် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (Integrated Coastal Management-ICM)ဖော်ထုတ်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ်ပြင်ညစ်ညမ်းမှုထိန်းချုပ်ရေးဥပဒေ အပြီးသတ်ရေးသား နိုင်ခဲ့မှု၊ အဏ္ဏဝါဂေဟစနစ်တန်ဖိုးမြင့်မားပြီး ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသည့်နေရာများကို ငါးမဖမ်းရနယ်မြေများ သတ်မှတ်နိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်းဒေသတိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဒီရေတောများ၊ ကြိုးဝိုင်း-ကြိုးပြင်ကာကွယ်တော များ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့မှု၊ ကိုကိုးကျွန်းအပါအဝင် ကမ်းရိုးတန်းမြို့နယ်(၆၀)၌ ဒီရေတောနှင့် အရိပ်ရပင်တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်စိုက်ပျိုးနိုင်ခဲ့မှု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၏ ဦးဆောင်ကြီး ကြပ်မှုနှင့် ပင်လယ်ပြင်ဥပဒေစိုးမိုးရေးမြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှုစသည်တို့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် နိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးအတွက်အလားအလာကောင်းများစွာ ဖန်တီးပေးနိုင်သည့်သဘာဝသယံ ဇာတ များအဖြစ်ရှုမြင်ပြီး သားစဉ်မြေးဆက်ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်အောင် စီမံအုပ်ချုပ်ရန် ရည် မှန်းထားရှိကြောင်း၊ ထိုသို့စီမံအုပ်ချုပ်သည့်အခါ ကမ္ဘာ့နိုင်ငံများနှင့်ဒေသတွင်းမိတ်ဖက် နိုင်ငံ များဖော်ထုတ်ဆောင်ရွက်နေသည့် စီးပွားရေးနှင့် ပတ်ဝန်းကျင်ရေးရာ လုပ်ငန်းနယ်ပယ် များ၏ ဖွံ့ဖြိုးရေးမူဝါဒများ၊ သဘောတရားတွေနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် သွားကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်(၁၇)ရပ်ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ကမ္ဘာ့နိုင်ငံများက အပြာရောင်စီး ပွားရေး(Blue Economy)သဘောတရားများဖော်ထုတ်ဆောင်ရွက်လာခဲ့ပြီး ဒေသတွင်းမိတ် ဖက်နိုင်ငံများ၌လည်း အကောင်အထည်ဖော်ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရ ကြောင်း။
အပြာရောင်စီးပွားရေး၏ဆိုလိုရင်းမှာ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်အတူ ပင်လယ်၊ သမုဒ္ဒရာ သယံဇာတများကို အသုံးချရေးနှင့် ထိန်းသိမ်းရေးကို ဟန်ချက်ညီစွာ ဆောင်ရွက်ပေးပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုများရရှိရေးအတွက် ပြည်သူများ ပူးပေါင်း ပါဝင်မှုဖြင့် စီမံအုပ်ချုပ်သည့်စနစ် တစ်ရပ်ဖြစ်ကြောင်း။
အပြာရောင်စီးပွားရေး၏ အခြေခံသဘောတရား (၂)ရပ်မှာ သဘာဝ သယံဇာတများကိုကာကွယ်ခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းနှင့် ပင်လယ်၊ သမုဒ္ဒရာနှင့် ကမ်းရိုး တန်းများတွင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော စီးပွားရေး လုပ်ငန်းများ၊ အခွင့် အလမ်းများအားလုံးကိုစနစ်တကျအသုံးချခြင်းတို့ ရရှိအောင်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏အပြာရောင်စီးပွားရေးဖော်ထုတ်နိုင်မည့် အလားအလာကို သုံးသပ် ရလျှင် နိုင်ငံ၏ကမ်းရိုးတန်းသည် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော် ဒေသဂေဟစနစ်တစ်ခုလုံး၏ ၅ပုံ ၁ပုံကို ပိုင်ဆိုင်ထားခြင်း၊ သဲသောင်ကမ်းခြေ ဂေဟစနစ်၊ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်းဂေဟစနစ်စသည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များစုံလင်စွာတည်ရှိခြင်း၊ ရေထွက်ကုန်အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုအမျိုးမျိုး ထုတ်ယူအသုံးပြုနိုင်သည့် အခြေအနေ ရှိခြင်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊ ပုလဲထုတ်ယူခြင်းနှင့် မွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့များရေရှည်ထုတ် ယူနိုင်မည့် အလားအလာကောင်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းအတွက် အ ချက်အချာကျပြီး နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုး နိုင်ခြေရှိခြင်း၊ လေစွမ်းအင်ကဲ့သို့ ကမ်းရိုးတန်းအခြေပြု ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးနိုင်ခြင်း၊ ဒီရေတောနှင့် ပင်လယ်သမုဒ္ဒရာက ထိန်းသိမ်းထားသည့် အပြာရောင်ကာဗွန် သို လှောင်နိုင်မှုရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့်ကျွန်းများရှိပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများ၏ စုံလင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည့် သဘာဝတရား၏ အခွင့် အလမ်းများစွာကို စနစ်တကျနှင့် ဖော်ထုတ်အသုံးပြုသွားကြရမည်ဖြစ်ကြောင်း။
အပြာရောင်စီးပွားရေးသည် အခွင့်အလမ်းများစွာ ရှိသကဲ့သို့ စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံ၏အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ၊ သန္တာကျောက်တန်းများ၊ ဒီရေတောများ၊ ပင်လယ် မြက်ခင်းများ၊ ငါးပုစွန် ရေထွက်သယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့် အပေါ် ဖြေရှင်းဆောင်ရွက်ရန်၊ ၎င်းတို့၏ အကျိုးဆက်အနေဖြင့် အစားအစာလုံခြုံစိတ်ချမှုများ လျော့ပါးလာခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလျော့နည်းလာခြင်းကို ဖြေရှင်း ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာစိန်ခေါ်မှုများကိုလျှော့ချနိုင်ရန်၊ ပင်လယ်အတွင်း ပလပ်စတစ် အမှိုက်များ၊ e-waste များ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ စသည့် အမှိုက်စွန့်ပစ်မှုများ ထိန်းချုပ်ရန်စသည့် လက်ရှိစိန်ခေါ်မှုများကို ထိထိရောက်ရောက် အလေးထားဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (Belt and Road Initiative) နိုင်ငံများစာရင်းတွင်ပါဝင်ပြီး ၂၁ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမနှင့် ပိုးလမ်းမစီးပွားရေး ရပ်ဝန်းသစ်တွင် ပထဝီဝင်မဟာဗျူဟာအရလည်းကောင်း၊ ပထဝီဝင်စီးပွားရေးအရ လည်း ကောင်းအလွန်အရေးပါသည့်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပင်လယ် ရေကြောင်း ပိုးလမ်းမ၏အဓိက စီးပွားရေးစင်္ကြန် (၆)ခုအနက် ဘင်္ဂလားဒေ့ရှ်- တရုတ်- အိန္ဒိယ - မြန်မာ စီးပွားရေးစင်္ကြန်အတွင်း ကျရောက်လျက်ရှိပြီး တောင်အာရှနှင့်အရှေ့တောင်အာရှ ဗဟိုဆုံချက်အဖြစ် တည်ရှိနေ ကြောင်း။
အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များအကြား ပင်လယ် ထွက်ပေါက်အဖြစ်တည်ရှိခြင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် တရုတ် နိုင်ငံမှ တောင်အာရှ- အနောက်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများနှင့် ရေကြောင်း ဆက်သွယ်မှုအကွာအဝေး ကီလိုမီတာ ၅,၀၀၀ခန့် လျှော့ချပေးနိုင်ခြင်းတို့အပြင် အိန္ဒိယနိုင်ငံ နှင့် ပင်လယ်ထွက်ကုန်အပါအဝင် ကုန်စည်ပို့ဆောင်ရေးအတွက်ပါ မြန်မာ့ ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများက အလွန်အရေးပါလျက်ရှိကြောင်း၊ ထို့ကြောင့်နိုင်ငံ၏စီးပွားရေး အရှိန် အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပင်လယ်ကမ်းရိုးတန်းသယံဇာတများကို အမျှော် အမြင်ကြီးစွာ စီမံအုပ်ချုပ်နိုင်ရေး သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများက ကြိုးပမ်းအားထုတ် သွား ကြရမည်ဖြစ်ကြောင်း။
အပြာရောင်စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ဖော်ထုတ်ဆောင်ရွက်ရာ တွင် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကိုသာ ဦးတည်ခြင်းမျိုးမဟုတ်ဘဲ ဖြေရှင်းဆောင် ရွက်ရမည့်စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မည့် မူဝါဒများ ပေါ် ထွက်လာစေရေးအလေးထားလေ့လာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအခြေပြု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပြာ ရောင်စီးပွားရေးဆိုင်ရာမူဝါဒများဖော်ထုတ်ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းတည်ထောင်လျက်ရှိကြောင်း။
ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုသူများ နှင့်တည်ထောင်သူများအကြား ထိထိရောက်ရောက် ညှိနှိုင်းပေါင်းစပ်ပြီး ရေရှည်ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင်ရန် “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီ” “လုပ်ငန်းကော်မတီ” “ပင်လယ်ကမ်းရိုးတန်းဒေသတိုင်း‌ဒေသကြီး နှင့် ပြည်နယ်ကော်မတီများ”နှင့် ခရိုင်အဆင့်ကော်မတီများကို ဖွဲ့စည်းပြီးဖြစ်၍ ညှိနှိုင်းပေါင်းစပ် ရေးဆိုင်ရာ မဟာဗျူဟာမြောက် အခြေခံကောင်းများရှိနေပြီဖြစ်ကြောင်း၊ အပြာရောင် စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်ရာတွင် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံ အုပ်ချုပ်ခြင်း အစီအစဉ် ကို ဖော်ထုတ်ချမှတ် အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ICM အစီအစဉ်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနကရေးဆွဲလျက်ရှိပြီးအတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း၊ ICM အစီအစဉ်၏ အန္တိမရည်မှန်းချက်သည် “မြန်မာ့ကမ်းရိုးတန်းနှင့် အဏ္ဏဝါ သယံဇာတများကိုနိုင်ငံ၏ သဘာဝအရင်းအမြစ်အဖြစ်တန်ဖိုးထားရမည်၊ အဆိုပါ သယံဇာ တ များကို အကျိုးဆက်စပ် ပတ်သက်သူအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးရည်ရွယ်ချက်များဟန်ချက်ညီမျှရေးမူ၊ သဘာဝနှင့် လူသားတို့ကြောင့် ထိခိုက်နိုင်မှု အပေါ် တုန့်ပြန်ကာကွယ်နိုင်စွမ်းကို မြှင့်တင်ရေးမူ၊ အားလုံးပါဝင်မှုဖြင့်လက်ရှိနှင့် အနာဂတ် မျိုးဆက်များအတွက် ရေရှည်ဖွံ့ဖြိုးရေးမူများကိုအခြေခံ၍ အကျိုးရှိစွာ အသုံးချနိုင်ရေး” တို့ဖြစ် ကြောင်း။
မြန်မာ့ ICM ကို စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ အဖွဲ့အစည်းနှင့် ချုပ်မှုဆိုင်ရာစွမ်းဆောင် ရည်မြှင့်တင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်ကို ကာကွယ် ထိန်းသိမ်းခြင်းနှင့် ပြန်လည် ထူထောင်ခြင်း ၊ သုတေသနနှင့် ကြီးကြပ်စစ်ဆေးခြင်း ၊ အားလုံးပါဝင်သော စီမံအုပ်ချုပ်ခြင်း နှင့်အကျိုးအမြတ်ခွဲဝေခံစားခြင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍနှင့်တာဝန်သိတာဝန်ခံသော စီးပွားရေး လုပ်ငန်းများချိတ်ဆက်၍ ဆောင်ရွက်ခြင်းစသည့် မဟာဗျူဟာလုပ်ငန်းစဉ်(၆)ရပ်အပေါ် အခြေပြု ဆောင်ရွက်ရန် ရေးသားထားပြီးကြောင်း။
သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ICM အစီအစဉ်ရေးသား‌ပေးနေသည့် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ ပညာရှင်က ICM ဆိုင်ရာ ဒေသတွင်းနိုင်ငံများ၏ နမူနာ ကောင်းများကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီ (ဒုတိယအကြိမ်)အစည်းအဝေးတွ၍လေ့လာတင်ပြခဲ့ပြီးဖြစ်သကဲ့သို့ ICM အပေါ် ဗဟိုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များက အကြံပြုထားသည့် အချက် များကို လေ့လာ ပြင်ဆင်နိုင်ရေးနှင့် အတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ သည့်အတွက် မကြာမီ ICM ကို အတည်ပြုနိုင်တော့မည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ICMအစီအစဉ် ပေါ်ထွက်လာစေခြင်းဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများဘက်စုံစီမံအုပ်ချုပ်ရန်နှင့်အပြာရောင်စီးပွားရေးဖွံ့ဖြိုးစေရန် လုပ် ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအမံများဆိုင်ရာမဟာဗျူဟာမြောက်လမ်းညွှန် အဖြစ် ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်ခြင်းအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြဋ္ဌာန်းဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ခေတ်ကာလအလိုက် လိုအပ်သည့် ဥပဒေ၊ မူဝါဒအသစ်များ ကို ရေးဆွဲဖော်ထုတ်လျက်ရှိကြောင်း။
ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ ဥပဒေစိုးမိုးရေးလုပ်ငန်းများကို ကာကွယ်ရေးဦး စီးချုပ်ရုံး(ရေ)နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ခေတ်ကာလအရနိုင်ငံတော်ကတိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေနှင့်အညီကမ်းခြေ စောင့်တပ်ဖွဲ့ကဲ့သို့ အဖွဲ့အစည်းများတိုးချဲ့ဖွဲ့စည်းပေးပြီး ဥပဒေစိုးမိုးရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် အခြေခံကောင်းများကိုလည်း ဖော်ထုတ်ဆောင် ရွက်လျက်ရှိသည့်အတွက် အပြာရောင်စီးပွားရေး ကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြု စေနိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ရှည်လျားသည့်ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ များပေါကြွယ်ဝပြီး အဆိုပါ သယံဇာတများမှ နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအပေါ် အဓိကအခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကျဆင်း သွားသည့်စီးပွားရေးလုပ်ငန်းများပြန်လည်တိုးတက်ရေး အလေးပေးဆောင်ရွက်လျက်ရှိပြီး စီးပွား ရေးဆိုင်ရာဦးတည်ချက်(၃)ရပ်နှင့်အညီ ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတစီမံ အုပ်ချုပ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင် ရေးကို ဦးတည်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်သည့် အတွက် ကျေးလက်ကိုအခြေခံ၍စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက် ပေးနိုင်မှသာကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှုနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည်ဖြစ်သည့်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသနေ ကျေးလက် ပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ၏ အပြာရောင်စီးပွားရေးဆိုင်ရာ ကြေညာချက် ကို ၂၀၂၁ ခုနှစ် အောက် တိုဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည့် ၃၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအ‌ဝေး က ထုတ်ပြန်ခဲ့သည့် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံဒေသတွင်းပြည်သူများဖွံ့ဖြိုးတိုးတက် ရေးကိုအလေးထားဆောင်ရွက်ရန်နှိုးဆော်ထားရှိမှုကို ဒေသတွင်း ဖွံ့ဖြိုးရေးအစီအစဉ်များ နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် စီမံချက်များ ဖော်ထုတ်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ထိုသို့စီမံဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲမှုဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရေး ဦးတည်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတ ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများတွင် ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများထိန်းသိမ်းရေးလုပ် ငန်းများတွင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက်ဝန်ကြီး ဌာနများ အလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသဆိုင်ရာ အသိပညာပေး ဗီဒီယိုကို ပြသသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး(ကိုယ်စား) သစ်တောဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးဌေးအောင် က ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက်ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားပြီးအစည်းအဝေးကိုရုတ်သိမ်းလိုက်သည်။