နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (ပထမအကြိမ်)အစည်းအ‌ဝေးသို့ တက်ရောက်အမှ

နေပြည်တော် ဇွန် ၉
    
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်းကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဉက္ကဋ္ဌ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
    
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဦးခင်မောင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဝန်ကြီးဦးမင်းမင်းဦး၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
    
အစည်အဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  သဘာဝသယံဇာတထိန်းသိမ်း ရေးလုပ်ငန်းများ ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင် ရွက်နိုင်ရေးကိုရှေးရှု၍ ၂၀၂၁ ခုနှစ်၊ ဧပြီ (၂) ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၉၅ /၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သော “နိုင်ငံအဆင့်ပင်လယ် ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို ကော်မတီ” ၏ ပထမအကြိမ် အစည်းအဝေး ဖြစ်ကြောင်း။
 
မြန်မာနိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းသည် ၁၉၃၀ ကီလိုမီတာ (၁၂၀၀) မိုင် ရှည်လျားကြောင်း၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် ပင်လယ်ကမ်းရိုးတန်းဒေသ ရှိသောနိုင်ငံများ၏ အဖိုးတန်သယံဇာတများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၀) ရပ် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင် ဗဟိုကော်မတီသည် အစည်းအဝေး(၇)ကြိမ် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၅၄) ချက် ချမှတ် အကောင်အထည် ဖော်ခဲ့ ရာ ဆောင်ရွက်ပြီး (၄၇) ချက်၊ ဆောင်ရွက်ဆဲ (၇) ချက်ရှိခဲ့ပြီး ဆောင်ရွက်ဆဲအချက်များ သည်လည်း ရေရှည်ဆက်လက် ဆောင်ရွက်နေရမည့် အချက်များဖြစ်ပါကြောင်း။

ဗဟိုကော်မတီ၏ အစည်းအဝေးများ ပုံမှန်ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်- ၁၉  ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် အစည်းအဝေးများမကျင်းပ နိုင်ခဲ့သည့်အတွက် ဗဟိုကော်မတီ လမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း။  

ယနေ့ ကမ္ဘာတွင်နေ့စဉ်နှင့်အမျှ လူဦးရေတိုးပွားလာပြီး လူနေထိုင်မှု ဘဝပုံစံများ တိုးတက် ပြောင်းလဲနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မြို့ရွာများ၊ လူနေမှု စနစ်များ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကို ဟန်ချက်ညီညီစီမံခန့်ခွဲနိုင်မှသာလျှင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်ကို ရရှိနိုင်မည် ဖြစ်ကြောင်း၊   ထို့ကြောင့် မိမိတို့ နိုင်ငံအပါအဝင် နိုင်ငံအသီးသီးအနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ နှင့်အညီ လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေကြကြောင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင် (၁၇) ရပ်ရှိရာ ပန်းတိုင် (၁၄)သည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် ပန်းတိုင် ဖြစ်ကြောင်း။

ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပန်းတိုင်(၁၄)နှင့်ပတ်သက်သည့်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာ ရေထု၏အပူချိန်၊ ပင်လယ်ရေစီးကြောင်း၊ ရေနေသတ္တဝါနှင့်ဇီဝမျိုးစုံမျိုးကွဲ များသည် လူသားများရှင်သန်ရပ်တည်နိုင်ရန် အဓိကအထောက်အပံ့ပြုနေသည့် အခြေခံအကြောင်းတရားများဖြစ်ကြောင်း၊  ကမ္ဘာ့ပေါ်ရှိ လူဦးရေ သန်းပေါင်း သုံးထောင် ကျော်၏ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်များသည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများအပေါ် မှီခိုရှင်သန်နေရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ငါးသယံဇာတ ၏ ၃၀ ရာခိုင်နှုန်းခန့်သည် အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့ကြပြီး ဖြစ်သည်ကိုသိရကြောင်း၊ အဆိုပါ ရာခိုင်နှုန်းတွင် မြန်မာ့ကမ်းရိုးတန်းရှိ ငါးသယံဇာတထုတ်ယူသုံးစွဲမှုလည်း အပါအဝင် ဖြစ်ကြောင်း။  

ကမ်ရိုးတန်းဒေသများတွင် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာ လျော့နည်းပြုန်းတီးလာသည့်အပြင် ပင်လယ်ရေထုညစ်ညမ်းမှုများသည်လည်း ငါးသယံဇာတနှင့်ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ပင်လယ်ရေထုတွင် တွေ့ရှိ ရသည့် အညစ်အကြေးနှင့် စွန့်ပစ် ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အဓိကအားဖြင့်  ကုန်းတွင်းပိုင်းမှ စွန့်ပစ်သည့်ပစ္စည်းများ ဖြစ်ကြောင်း။  

ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါရေထုညစ်ညမ်းမှုများကိုဖြစ်ပေါ်စေသည့် စွန့်ပစ် ပစ္စည်းများသည် ကမ္ဘာ့ဝင်ရိုးစွန်းမှအီကွေတာအထိ၊ မြစ်ချောင်းအင်းအိုင်နှင့် ကမ်းခြေ များမှတစ်ဆင့် နိုင်ငံတကာရေပိုင်နက်များအထိ၊ ပင်လယ်ရေမျက်နှာပြင်မှတစ်ဆင့် ပင်လယ် ကြမ်းပြင်အထိပျံ့နှံ့ရောက်ရှိပြီး ပင်လယ်ရေထုအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ နေရင်းဒေသ များနှင့် ဂေဟစနစ်များကို ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ ပင်လယ်ရေထုအတွင်း ရောက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများ၏အများစုသည် ပလပ်စတစ်ပစ္စည်းများဖြစ်ပြီး ထုပ်ပိုး ပစ္စည်းများ၊ ဖော့ဘူးကဲ့သို့သော တစ်ခါသုံးပလပ်စတစ်ပစ္စည်းများနှင့် စွန့်ပစ်ငါးဖမ်းပိုက်များ ဖြစ်ကြောင်း၊ မိလ္လာစွန့်ပစ်ရည်များ၊ ဓာတ်မြေဩဇာများ၊ ဓာတုပစ္စည်းများ စွန့်ထုတ်ခြင်း များကြောင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေထုကို ညစ်ညမ်းစေလျက်ရှိကြောင်း၊   ပင်လယ်ရေ ထုညစ်ညမ်းမှုများသည် အဏ္ဏဝါရေပြင်ကို များစွာထိခိုက်စေခြင်းကြောင့် သန့်ရှင်းသည့် ငါးသယံဇာတများ ရေရှည်တည်တံ့စွာ ထုတ်ယူနိုင်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲ ပေါများကြွယ်ဝမှုနှင့် လူသားတို့၏ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုများကို ခြိမ်းခြောက်လျက်ရှိကြောင်း။ 

ပင်လယ်ရေထုအတွင်း ရောက်ရှိလာသည့် ပလပ်စတစ်ကဲ့သို့သော စွန့်ပစ်ပစ္စည်း များကို အဏ္ဏဝါသက်ရှိသတ္တဝါများက အစားအစာအဖြစ်  မှားယွင်းစားသုံးမိခြင်းကြောင့် အစာ လမ်းကြောင်းအတွင်း ပလပ်စတစ်များ ပိတ်ဆို့ကာ သေဆုံးသည်အထိ ဖြစ်ပေါ်စေ လျက်ရှိ ကြောင်း၊  စွန့်ပစ်ငါးဖမ်းပိုက်များတွင်လည်း ငါးနှင့်ပင်လယ်သတ္တဝါများ ငြိတွယ်ပိတ်မိကာ သေကြေ ပျက်စီး ပြုန်းတီးလျက်ရှိကြောင်း၊ အလားတူ စွန့်ပစ်ပစ္စည်းများ စုပုံဖုံးအုပ်ခြင်းများ ကြောင့် ကမ်းရိုးတန်း နှင့် အဏ္ဏဝါသဘာဝအရင်းအမြစ်များဖြစ်သည့် ဒီရေတော၊ သန္တာ ကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ မြစ်ဝကျွန်းပေါ်နှင့် သဲသောင်ကမ်းခြေများ ထိခိုက်ပျက်စီး လျက်ရှိကြောင်း။ 

ကမ်းရိုးတန်းနှင့်အဏ္ဏဝါရေထုအတွင်း ဆီယိုဖိတ်မှုများကြောင့်လည်း ကမ်းရိုးတန်း နှင့်အဏ္ဏဝါရေထုကို  ခြိမ်းခြောက်လျက်ရှိကြောင်း၊  ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာ‌ဖွေရေးသင်္ဘောများတွင် တပ်ဆင်ထားသော စွမ်းအားမြှင့်အသံလှိုင်းထုတ်လွှင့်စက်များ ကြောင့်လည်း ကမ္ဘာ့အဏ္ဏဝါရှားပါးနို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်သော ဝေလငါးများ၏ အစာရှာ ဖွေစားသောက်စနစ်၊ မိတ်လိုက်စနစ်များနှင့် အခြားအရေးကြီးသော အပြုအမူများကို ဖျက်စီး ဟန့်တားမှုများဖြစ်ပေါ်စေရုံသာမက အဏ္ဏဝါကျောရိုးမဲ့သတ္တဝါများကို သေစေနိုင်သည်အထိ ဖြစ်ပေါ်စေလျက်ရှိကြောင်း။ 

အပြည်ပြည်ဆိုင်ရာသဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union for the Conservation of Nature - IUCN ) ၏ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်စာရင်းများအရ အဏ္ဏဝါနို့တိုက်သတ္တဝါများ၏ ၂၅ ရာခိုင်နှုန်း ၊ပင်လယ်ငှက်များ၏ ၂၇ ရာခိုင်နှုန်း နှင့် သန္တာကျောက်တန်းများ၏ ၂၇ ရာခိုင်နှုန်း သည်  မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်လျက် ရှိသည့်အပြင် နောင်လာမည့် ၂၁၀၀ ပြည့်နှစ်တွင် အဏ္ဏဝါမျိုးစိတ်၏ ထက်ဝက်ကျော်ခန့် မျိုးသုဉ်းပျောက်ကွယ်လိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ အဆိုပါ အန္တရာယ်သည် မြန်မာ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကြုံတွေ့နေရသည့် အန္တရာယ်ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့်စိန်ခေါ်မှုဖြစ်ကြောင်း။

ကိုဗစ် - ၁၉ ကပ်ရောဂါဘေးကြောင့်လည်း ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတများ အပေါ် ဆိုးကျိုးသက်ရောက်မှုများစွာရှိနိုင်ကြောင်း၊ ယခုဆိုလျှင် ကိုဗစ် - ၁၉ ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများဖြစ်သော တစ်ခါသုံးနှာခေါင်းစီးများ ၊ လက် အိတ်များနှင့် တစ်ကိုယ်ရည်သုံးကာကွယ်ရေးဝတ်စုံများ စသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ပင်လယ်နှင့် သမုဒ္ဒရာများအတွင်း စုပြုံစွန့်ပစ်ခြင်းများ ရှိနေသည့်အတွက် ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုပုံစံသစ်တစ်မျိုးအဖြစ်သုံးသပ်လေ့လာဖော်ပြနေကြကြောင်း။

ထို့ကြောင့် ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉  ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှုများနှင့် အခက်အခဲများကို အထူးအာရုံစိုက် ဖြေရှင်းနေကြရသည့်ကာလတွင်  နိုင်ငံ ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက်များပြည့်ဝစေရန်၊ သဘာဝအရင်းအမြစ်များ ရေရှည် တည်တံ့စေရန်၊ ပင်လယ်ရေထုညစ်ညမ်းမှုနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်ကာကွယ်နိုင်စွမ်းအားများ မြှင့်တင်နိုင်ရန်တို့အတွက် ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်း နှင့်အဏ္ဏဝါဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင် (၁၄)  ကို နိုင်ငံတကာနှင့်  လက်တွဲပူးပေါင်းဆောင် ရွက်နေသကဲ့သို့  နိုင်ငံအဆင့်တွင်လည်း မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ချမှတ်ပြဌာန်း၍ ၎င်း၏ ပန်းတိုင် (၅) ဖြစ်သည့် “နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်” တွင်လည်း ကမ်းရိုးတန်းနှင့်အဏ္ဏဝါရေပြင်အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထား၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း၊ အဏ္ဍဝါရေပြင်နှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းသည် နိုင်ငံသားတိုင်း ၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်း နှင့် အဏ္ဍဝါရေပြင် ကာကွယ်ရေးသည် တပ်မတော်(ရေ) အပါအဝင် နိုင်ငံသူနိုင်ငံသားများ အားလုံးဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း။ 

ကိုဗစ် - ၁၉  ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရသည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါ သယံ ဇာတကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရန်၊ ပင်လယ် ရေထု ညစ်ညမ်းမှု ကင်းစင်ရေးဆိုင်ရာလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ နယ်မြေဒေသအလိုက်၊ ဝန်ကြီးဌာနများအလိုက် ကမ်းရိုးတန်းနှင့်အဏ္ဏဝါရေပြင်ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ဆဲနှင့်  ရှေ့ဆက်ဆောင် ရွက်သင့်သည့်အစီအမံများနှင့် လုပ်ငန်းစဉ်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ကမ်းရိုးတန်းဒေသထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဗီဒီယို ကို ပြသ သည်။ 
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော် က ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ယခင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ မြန်မာ့ကမ်းရိုးတန်းသယံ ဇာတများနှင့် ဝန်ဆောင်မှုများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ဒုတိယ ရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ က ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုများနှင့် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုများ၊ ဒီရေတောများစီမံအုပ်ချုပ်မှုနှင့် ဒီရေတောဂေဟစနစ် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ၊ ရေထုညစ်ညမ်းမှုဆိုင်ရာကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငါးသယံဇာတ ထိန်းသိမ်းခြင်းနှင့် ငါးရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်မှု၊ အသိပညာပေးလုပ်ငန်းဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။ 

ယင်းနောက်   နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပင်လယ်ကမ်းရိုးတန်း ဒေသများရှိ သယံဇာတများထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ထုတ်ယူသုံးစွဲခြင်းနှင့် အသုံးချခြင်းများသည် လက်ရှိပစ္စုပ္ပန်နှင့် အနာဂါတ်မျိုးဆက်များ ရေရှည်သုံးစွဲနိုင်ရေးအ တွက် သုံးစွဲသူနှင့် ထူထောင်သူများသဟဇာဖြစ်ရန်အရေးကြီးကြောင်း၊ ညိှနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ မွေးမြူရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၊ သယံဇာတထုတ်လုပ်မှု၊ စက်မှုလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ သည် ကမ်းရိုးတန်းဒေသသဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် ရေရှည်အကျိုးသက်ရောက်ရှိ သည့်အတွက် ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရည်ရှည်အ ကျိုးစီးပွားကိုရည်မှန်း၍ ပေါင်းစပ်ညိှနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒီရေ တောစိုက်ခင်းများတည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင်တောများ ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ အဏ္ဍဝါသဘာဝထိန်းသိမ်းရေးနယ်မြေများတည်ဆောက်ခြင်း၊ အဏ္ဍဝါ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတည်ထောင်ခြင်းများကို စီမံချက်ချ၍ အရှိန်အဟုန် မပျက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းဝေး ငါးဖမ်းလှေများတွင် ပင်လယ်လိပ် များ ဖမ်းမိပါကလွတ်မြောက်ရေးကိရိယာများတပ်ဆင်၍ ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ငါးဖမ်းသင်္ဘောများမှ ပလပ်စတစ်အသုံးအဆောင်များ၊ ငါးဖမ်း ကိရိယာများ၊ ငါးဖမ်းပိုက်ဟောင်းများ ပင်လယ်အတွင်းသို့စွန့်ပစ်မှုမရှိစေရေးနှင့် စွန့်ပစ်၍ ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို ပင်လယ်နှင့်ဆက်စပ်နေသူများသိရှိရန် အသိပညာပေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဂေဟစနစ်များထိန်းသိမ်းကာ ကွယ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း၊ ကာဗွန်ထုတ်လုပ်မှုလျော့ခြင်းလုပ် ငန်းစဉ်များအတွက် သဘာဝအခြေခံဖြေရှင်းနည်းလမ်းများဖြင့် တတ်နိုင်သမျှဆောင်ရွက်ရန် နှင့် ဒီရေတောဂေဟစနစ်များထိခိုက်ပျက်စီးမည့်ကိစ္စရပ်များကို ထိရောက်စွာကာကွယ် တားဆီးရမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီ၏လုပ်ငန်းတာဝန် (၁၀) ရပ်အပေါ် မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများကိုအခြေခံ၍ ကော်မတီ၏ ရည်ရွယ်ချက်များအောင်မြင်အောင် ဝိုင်ဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ကမ်းရိုးတန်းသယံဇာတများကို ရေရှည်တည်တံ့စေရေးအတွက် အကျိုးဆက်စပ်ပါဝင်ပတ်သက်သူများအားလုံး ပါဝင်သည့် ကမ်းရိုးတန်းသယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်းကို ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။