နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသော အရာရှိ၊စစ်သည်၊မိသားစုများနှင့် ဒေသခံပြည်သူ များအား သွားရေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသော အရာရှိ၊စစ်သည်၊မိသားစုများနှင့် ဒေသခံပြည်သူ များအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ-၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဗထူး တပ်မြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသော အရာရှိ၊စစ်သည်၊မိသားစုများနှင့် ဒေသခံပြည်သူများအားတစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များအား တပ်မတော်ဆေးရုံရှိ အစည်းဝေးခန်းမ၌ တပ်မှူးက အရာရှိ၊ စစ်သည်၊မိသားစုများနှင့်ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက် ပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသလျက်ရှိသော အရာရှိ၊ စစ်သည်များ နှင့် ဒေသခံပြည်သူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေး ထားမှုတို့အားမေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးရုံအတွင်းရှိ စားချက်ဆောင်များ၊ကုသရေး ဆောင်များနှင့် အရာရှိလူပျိုရိပ်သာတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

အလားတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဇနီးဒေါ်သန်းသန်းနွယ် နှင့် အဖွဲ့ဝင်များက အမျိုးသမီး ကုသဆောင်၌ ဆေးရုံတက်ကုသလျက်ရှိသော မိသားစုများ နှင့်ဒေသခံပြည်သူများအားတစ်ဦးချင်းလိုက်လံအားပေးစကားပြောကြား၍ စားသောက် ဖွယ်ရာများပေးအပ်သည်။

အဆိုပါတပ်မတော်ဆေးရုံ၌ အရာရှိ၊စစ်သည်၊မိသားစုများကို လိုအပ်သည့်် ဆေးဝါးကုသမှုများ နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆေးဝါးကုသရန် အခက်ခဲဖြစ်ပေါ်လျက်ရှိသောဒေသခံပြည်သူများ၏ကျန်းမာရေးကိုတစ်ထောင့်တစ်နေရာ မှ အထောက်အကူပြုစေရန်အတွက် လက်ခံကုသပေး လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့ အထိ ပြင်ပလူနာ ၄၁၇ ဦး၊ဆေးရုံတက်ရောက်လူနာ ၃၅၉ဦးကို ကုသပေးနိုင်ခဲ့ ပြီးခွဲစိတ်မွေးဖွားသူ ၅၀ဦး၊ သာမန်မွေးဖွားသူ ၅၃ ဦးစုစုပေါင်း ၁၀၃ ဦးကိုမွေးဖွားပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ အရာခံနှင့်အကြပ်ကြီး သင်ကျောင်း၊ စုပေါင်းစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာ အတူ တစ်ကွသုံးဆောင်ကြသည်။ ယင်းနောက် သင်တန်းကျောင်းအတွင်းရှိ ရာသီ သီးနှံ စိုက်ခင်း၊ ကျောက်စိမ်းဖီးကြမ်းတစ်သျှူးငှက်ပျောစိုက်ခင်းနှင့် နို့စားနွားမွေးမြူရေးခြံ၊ အသားတိုးဝက်မွေးမြူရေးခြံတို့အား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ် စာသင်ဆောင်၊ အစည်းအဝေးခန်းမ၌ ဗထူးတပ်နယ်ရှိ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များအား သင်တန်းကျောင်းများ၏ လေ့ကျင့်ရေးဆောင်ရွက် ပေးနိုင်မှုနှင့် တပ်တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များအားရှင်းလင်းတင်ပြ ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သင်ခန်းစာ များ နှင့်ပတ်သက်၍ ပြောင်းလဲလာသော စစ်နည်းဗျူဟာများအညီ အမြဲအဆင့်မြှင့် တင်ပို့ချနိုင်ရေး၊သင်တန်းများပြီးဆုံးပါက သင်ကြားပို့ချခဲ့သည့် ဘာသာရပ် အလိုက် အားနည်းချက်များ ကို ဖော်ထုတ်၍ သင်ခန်းစာပြန်လည်သုံးသပ်ခြင်း၊ မွမ်းမံ သင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ရေးတို့အားမှာကြားပြီး လိုအပ်သည်များ အသေးစိတ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ခြေလျင်တပ်စုမှူး သင်တန်း၌ သင်တန်းသားအရာရှိများအား သင်ခန်းစာပို့ချနေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်းသတင်းရရှိသည်။