နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ်(အရေးပေါ်)အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ်(အရေးပေါ်)အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၁၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြား သည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများတက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့်  တက်ရောက်ကြသည်။

          ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  သည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ရောက်ရှိရာ ဌာနမှူး ဒေါ်သီရီမောင် က အလွန့်အလွန်အားကောင်းသော ဆိုက်ကလုန်  မုန်တိုင်း(မိုခါ)၏ လက်ရှိဖြစ်ပေါ် လျှက်ရှိ သည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံအဆင့်အရေးကြီး သည့် အစည်းအဝေးတစ်ရပ်လည်းဖြစ်ကြောင်း၊ အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) သည် ယနေ့နံနက် ၁၁ နာရီ တွင် မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန၏ တိုင်းတာချက်များအရ စစ်တွေမြို့၏ အနောက် နှင့် အနောက် တောင်ဘက် မိုင် ၈၀ အကွာ တွင်ရောက်ရှိနေပြီး မောင်တောဒေသနှင့် ၈၅ မိုင် အကွာတွင် ရောက်ရှိနေကြောင်း၊ လေတိုက်နှုန်းသည် ၁ နာရီလျှင် မိုင် ၁၃၀ မှ ၁၃၇ မိုင် အထိ     ရှိနေကြောင်း၊ ဒီရေသည် အနည်းဆုံးပေ ၂၀ ခန့် အထိ ရောက်ရှိနိုင်သည်ကို နောက်ဆုံး အခြေအနေအဖြစ်သိရကြောင်း။

          မုန်တိုင်းစက်ဝန်းအရပထမဆုံးထိခိုက်နိုင်သည့် ကျောက်ဖြူ၊ သံတွဲနှင့် မာန်အောင် မြို့တို့၏ အခြေအနေများကို ကြည့်မည်ဆိုလျှင်လေငြိမ်သွားသည့်သဘောကိုတွေ့ရပြီး အပျက်အစီး အနည်းငယ်ဖြစ်ပွားခဲ့သည်ကို ယခုနောက်ဆုံးအခြေအနေအဖြစ် သိရ ကြောင်း၊ မိုးလေဝသ ပညာရှင်များက မုန်တိုင်းဗဟိုချက်သည် စစ်တွေနှင့် မောင်တော ပတ်ဝန်းကျင်သို့ ညနေ ၃ နာရီတွင် ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားကြောင်း။

          အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမုန်တိုင်း(မိုခါ) မစတင်မီ  မေလ ၆ ရက် ကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ခေါ်ယူ၍ ရေးဆွဲပြီး သဘာဝဘေးအန္တရာယ်  စီမံချက်များ၊ တည်မြဲအမိန့်များအပေါ် မူတည်၍ မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက်၊ ညွန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့် ကြိုတင်ပြင်ဆင် ဆောင်ရွက်စရာ ရှိသည်များကို ၉ ရက်ခန့် ကြိုတင်ပြင်ဆင်နိုင်ခဲ့ကြောင်း၊ မုန်တိုင်းအလွန်ကာလ လိုအပ်သည့် အကူ အညီများနှင့်  မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် ဌာနအလိုက်ပြင်ဆင် ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းတစ်လျှောက်နှင့် မုန်တိုင်းအဝိုင်းအဝန်း တစ်လျှောက်ကူညီကယ်ဆယ် ရေးဆောင်ရွက်နိုင်ရန်  ဝန်ကြီးဌာနအလိုက် လျာထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကော်မတီဝင်များက ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပုံမှန်အနေအထားသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ကာလ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ပွင့်လင်းစွာရှင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။

          ယင်းနောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန  ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဒေါ်တင်ရီ က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ၏ လက်ရှိဖြစ်ပေါ်မှုအခြေအနေ များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒေါက်တာ သက်သက်ခိုင် တို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင် စုဖွဲ့ထား ရှိမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများရှိ ပြည်သူများအား သဘာဝ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှုများ၊ သဘာဝဘေးကျရောက်သည့် ဒေသများနှင့် ဆက်သွယ်မှုပြတ်တောက်ခြင်းမရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ မိုးလေဝသ သတင်းများ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေမှု၊   သဘာဝဘေးကျရောက်သည့်

ဒေသများသို့ ထောက်ပံ့နိုင်ရန် အရံဆန် ကြိုတင်ဝယ်ယူစုဆောင်းထားရှိမှုများနှင့် ဖြန့်ခွဲထားရှိမှုများ၊ ဆေးဝါး၊ အခြေခံစားသောက်ကုန်နှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်လျက်ရှိသည့် ဒေသများ ၌  ကယ် ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထား မှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်လျက်ရှိသည့် ဒေသများ၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံအချို့နှင့် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (The AHA Centre) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ အကူအညီပေးရန် ကမ်းလှမ်းမှု အခြေအနေများ၊ မုန်တိုင်းအလွန်ကာလ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်မည့်အစီအမံများ၊ မုန်တိုင်းနှင့်အတူ ပါရှိလာမည့် မိုးရွာသွန်းမှု များကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်နိုင်ခြေ၊ တောင်ကျချောင်းရေ လျှံနိုင်မှုအခြေအနေ၊ မြေပြိုနိုင်မှုအခြေအနေများနှင့် ဆည်မြောင်းတာမံများ အတွင်းရေဝင် ရောက်မှုများကြောင့် ရေကျော်နိုင်မှုအခြေအနေများ၊ ပြည်သူများထံ အချိန်နှင့်တစ်ပေးညီ သတင်းပေးပို့နိုင်ရေး စီမံဆောင် ရွက်မှုများ၊ သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေးနှင့် မုန်တိုင်းလွန်ကာလလျှပ်စစ်ဓာတ် အားပြတ်တောက်မှုမရှိစေ ဆောင်ရွက်မည့် အစီအမံ များ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် မည့်အစီအမံများ၊ မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေးနှင့် ပြည်လည်ထူ ထောင်ရေး၊ သယ်ယူပို့ဆောင်ရေး ယာဉ်များစုဖွဲ့ခြင်းနှင့် ဆက်သွယ်မှုပြတ်တောက် ခြင်းမရှိစေရေး၊  ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီ ရန်ပုံငွေများ ထုတ်ယူသုံးစွဲနိုင်ရေးတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ  ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက်မှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှု များ၊မုန်တိုင်းအန္တရာယ်အသိပညာပေးဆောင်ရွက်မှုများ၊ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအသင့်ပြင်ဆင်မှု၊ ကျန်းမာရေးဆိုင်ရာစီမံဆောင်ရွက် ထားရှိမှု၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံဆောင်ရွက် ထားရှိမှု၊ အရေးပေါ်စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းစုဆောင်းပြင်ဆင်ထားရှိမှု၊ အရန်ဆန်သိုလှောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံးများ ဖွင့် လှစ်ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ ကနဉီးလိုအပ်ချက် စစ်တမ်းများ ကောက်ယူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း များဆောင်ရွက်ထားရှိမှု၊ သတင်းထုတ်ပြန်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ တပ်မတော် (ကြည်း၊ရေ၊လေ)တို့မှ ကူညီ ကယ်ဆယ်ရေးယာဉ်များ စုဖွဲ့ပြင်ဆင်ထားရှိမှုများနှင့်စေ လွှတ်ထား ရှိမှုများ ကို ရှင်းလင်းတင် ပြကြသည်။

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုများကို ရှင်း လင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က  နိဂုံးချုပ် အမှာ စကား ပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။