နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် Video Conferencing   ဖြင့်တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ မတ်- ၅
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Thomas L. Vajda   အား ယနေ့နံနက်ပိုင်းတွင် Video Conferencing  ဖြင့်တွေ့ဆုံဆွေးနွေးသည်။
    
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အရေးပေါ် ကာလမတိုင်မီ မဲစာရင်းကြီးမားစွာမှားယွင်းမှု အပါအဝင် အခြားသောကိစ္စရပ်များအား သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် အသီးသီး၊အဖွဲ့အစည်းအသီးသီးသို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှု ဆောင်ရွက်ရန်ကြိုးပမ်းခဲ့မှု အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသည့် မင်းမဲ့ စရိုက်ဆန် သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲနှင့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းပါ ပြဌာန်း ဥပဒေများနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှ စ၍ဖြေရှင်း ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် တို့ကို ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။