နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်နှင့်ပြင်ဦးလွင် တပ်နယ်တို့ရှိ အရာရှိ၊စစ်သည်၊မိသားစုများ၊ သင်တန်းသားအရာရှိ၊စစ်သည်၊ ဗိုလ်လောင်းများ အား တွေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်နှင့်ပြင်ဦးလွင် တပ်နယ်တို့ရှိ အရာရှိ၊စစ်သည်၊မိသားစုများ၊ သင်တန်းသားအရာရှိ၊စစ်သည်၊ ဗိုလ်လောင်းများ အား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊မတ်-၁၃
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ပိုင်းနှင့်နေ့လယ်ပိုင်းတို့ တွင် ဗထူးတပ်နယ်နှင့်ပြင်ဦးလွင်တပ်နယ်တို့ရှိ သင်တန်းသား အရာရှိနှင့်ဗိုလ်လောင်းများ၊ သင်တန်းသားစစ်သည်များ၊ သန္ဓေစစ်သည်နှင့်မိသားစုများ အား သီးခြားစီတွေ့ဆုံ၍ အားပေးအမှာစကားပြောကြားသည်။
    
အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ အရာရှိ၊စစ်သည်၊ မိသားစုများ၊ သင်တန်းသား အရာရှိ၊ စစ်သည်၊ ဗိုလ်လောင်းများတက်ရောက်ကြသည်။
    
တွေ့ဆုံပွဲများတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူ ၃၉ ဒဿမ၂ သန်းကျော်ရှိသည့် အနက် ၁၀ ဒဿမ ၄ သန်းကျော် မဲစာရင်းမှားယွင်းမှုကြီးမားစွာဖြစ်ပေါ်ကာ မဲမသမာမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ နစ်နာသူပြည်သူများ နှင့်ပါတီများ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ သို့ အဆိုပါမဲစာရင်းမှားယွင်း မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သံသယ ကင်းရှင်းစေရေး ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က လျစ်လျူရှုကာ တာဝန်ယူဖြေရှင်းမှု မပြုလုပ်ပေးသည့် အခြေအနေများ ၊ မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ်နေမှုကို ဆွေးနွေးနိုင်ရေး ဒုတိယအကြိမ်လွှတ်တော်အတွင်း အထူးအစည်းအဝေး ခေါ်ယူကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းကျော် ကတောင်းဆိုမှုကို လည်း ပြည်ထောင်စု လွှတ်တော်နာယက ကပယ်ချခဲ့မှုအခြေအနေများ၊နောက်ဆုံးအဆင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ရှင်းလင်းဆွေးနွေး ခွင့်ပြုရန် ၂ကြိမ် တိုင်တိုင် တောင်းဆိုမှုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က လုံးဝလက်မခံဘဲ ပယ်ချခဲ့မှု အခြေ အနေများ၊ ကိုယ်ရေးစာဖြင့် မဲစာရင်းမှားယွင်းမှုများ စိစစ်ပေးရန်၊ စိစစ်ရာ တွင် UEC  အသစ်ဖွဲ့စည်း ၍ ဆောင်ရွက်ပေးရန်၊ စိစစ်ဆဲကာလအတွင်း လွှတ်တော် အသစ်ခေါ်ယူမှု ဆိုင်းငံ့ပေးရန်၊ နိုင်ငံတော်သမ္မတ က ယခုတင်ပြချက်အပေါ် အချိန်မီ ဖြေရှင်းပေးနိုင်ရန် တောင်းဆိုခဲ့မှု တို့အားလက်မခံခဲ့သည့် အခြေအနေများ၊ သံသယဖြစ်ဖွယ်မဲစာရင်း ၁၀ ဒဿမ ၄ သန်းကျော် မှားယွင်းနေမှုကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်း  မရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်အသစ် အစည်းအဝေး ကျင်းပပြုလုပ်၍ နိုင်ငံတော်၏ အာဏာ ၃ ရပ်အားမတရားနည်းဖြင့်ရယူရန် ကြိုးပမ်းလာသည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်၏ အာဏာအရပ်ရပ်အား မတရားနည်းဖြင့် ရယူရန် ကြိုးပမ်းလာမှုတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်၊ ပုဒ်မ ၂၀ အရ တပ်မတော်သည် နိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်နှင့်အညီ  တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို ဖျက်သိမ်းခြင်းမရှိဘဲ  ပုဒ်မ ၄၁၇၊ပုဒ်မ ၄၁၈ အရ နိုင်ငံတော်အရေးပေါ်အခြေအနေကြေငြာပြီး အာဏာ ၃ ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလသတ်မှတ်ချက်အတွင်း ရယူဆောင်ရွက်ရသည့် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းများ CDM တွင်ပါဝင်လာစေရေး စည်းရုံးမှုမှစ၍ အကြပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုအထိ ပြုလုပ်လာသည့် အတွက် ဆူပူအကြမ်းဖက်မှုများ မဖြစ်စေရေး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့် အခြေအနေများ၊ နိုင်ငံံ့ဝန်ထမ်းများ နားယောင်မှု၊ ကြောက်ရွံ့မှုတို့ကြောင့် CDM တွင်ပါဝင်ခဲ့ရခြင်းကြောင့်  မိသားစုများအပါအဝင် လူမှုစီးပွားဘဝပျက်စီးဆုံးရှုံးရမှု အခြေ အနေများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု မှ အကြမ်းဖက်ဆူပူမှုအသွင် (Riot) ၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စုဖြင့်အကြမ်း ဖက်လာမှုသည်  (Anorchy Mob) အသွင် ပြောင်းလဲလာမှု အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၆၁၊ ပုဒ်မ ၃၆၂ အရ ဘာသာ၊ သာသနာ ကိုးကွယ်မှုဆိုင်ရာများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားသော်လည်း မိမိတို့နိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပျက်စီးလာအောင် အမျိုးသမီးထမိန်များ လမ်းလုံးပြည့် ချိတ်ဆွဲခြင်း၊ နိုင်ငံတော်၏အဓိပတိဆရာတော် ထေရ်ကြီးဝါကြီးများ၏ ပုံတော်များကို မဖွယ်မရာ ဆောင်ရွက်လာမှုနှင့် ဘာသာ၊သာသနာ ညှိုးနွမ်းအောင်ဆောင်ရွက်လာမှု အခြေအနေများ၊ လူတစ်ဦးချင်းစီ၏ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ လူ့အခွင့်ရေးဆုံးရှုံးသည်အထိ မျက်ခုံးမွှေးရိတ်ခြင်း၊ လေးကွက်ကျား ဂတုံးတုံးခြင်း၊ ရာဇဝတ်သားကဲ့သို့ လည်ပင်းစာတမ်း ချိတ်ဆွဲ၍ အရှက်ခွဲခြင်းအပြင် လူ့ကျင့်ဝတ်သိက္ခာနှင့်မညီသော နဖူးနှင့် ပါးပေါ် တွင် တက်တူးများရေးထိုးစေလွှတ်ခြင်း၊ ရဲစခန်းများအပါဝင် အုပ်ချုပ်ရေးမှူးရုံး များကို ထိပါးနှောက်ယှက်လာခြင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် သေစေနိုင် လောက် သည်အထိ ရေနွေးပူလောင်းချခြင်း၊ တုတ်၊ ဓါး၊ လှံ၊ မှိန်း၊ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိ စသည်တို့ဖြင့် ထိပ်တိုက် အကြမ်းဖက်မှုဆောင်ရွက်လာမှု အခြေအနေများ၊ ထိုသို့ ပြုမူ ဆောင်ရွက်မှုများနှင့် ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်လာခြင်းကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်ထောာင်စုမြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲဥပဒေ(၁၉၅၆ခုနှစ်) နှင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူစု လူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်း လက်စွဲ စာစောင်(၂၀၁၅ခုနှစ်)ပါ ပြဌာန်း ဥပဒေများ နှင့်အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှ စ၍ ဖြေရှင်းဆောင်ရွက်နေမှု အခြေ အနေများ၊  အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့်  လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကာ တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ကျစ်လစ်ခိုင်မာ အောင်ဆောင်ရွက်ရန်၊ မြဲသုံး မြဲအား အမြဲလက်ကိုင်ထား၍ ရဲ သုံး ရဲဖြင့်ကျရာတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရန်၊ တစ်ဦးချင်း၏ ကျန်းမာရေး ကို ဂရုစိုက်ပြီး ကျန်းမာသန်စွမ်းအောင် နေထိုင်လေ့ကျင့် ရန်နှင့်  မိမိကိုယ်တိုင်နှင့် မိမိ မိသားစု ကြောင့် မိမိအဖွဲ့အစည်း၏ ပုံရိပ်များ၊ ဂုဏ်သိက္ခာများ ပျက်ယွင်းကျဆင်းမှု မရှိစေရေး လိုက်နာစောင့်ထိန်းရမည့် အခြေအနေ များအား အသေးစိတ်ရှင်းလင်းမှာကြားခဲ့သည်။
    
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များက ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊သင်တန်းသားအရာရှိ၊စစ်သည်၊ ဗိုလ်လောင်းများ အတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူသည်။
    
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား အရာရှိ၊စစ်သည်၊ဗိုလ်လောင်းများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
    
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်း တွင် ဗထူးတပ်မြို့၊ အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစုပေါင်းစားရိပ်သာ ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိသည်။