နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့်က အောက်ပါအတိုင်းရှင်းလင်းဖြေကြားခဲ့ပါသည်-

မေး။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ သြဂုတ်လ ၁၈ ရက် ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်းမောင်း လာတဲ့ တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ တာကြောင့် တပ်သား ၃၀ လောက်သေဆုံးပြီး အများ အပြားဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကို ကိုးကား ပြီး  DVB က ဖော်ပြထားပါတယ်။ ဖြစ်စဉ်မှန်ကိုသိလို ပါတယ်။

ဖြေ။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ သြဂုတ်လ ၁၈ ရက် ဂန့်ဂေါ - ကလေး ကားလမ်းအတိုင်း မောင်းနှင်လာတဲ့ တပ်မတော် ယာဉ်တန်းတစ်ခု မိုင်းခွဲ တိုက်ခိုက်ခံရတာကြောင့် တပ်မတော်သား ၃၀ ဦးခန့် ကျဆုံးပြီး ဒဏ်ရာအများအပြားရသွားတယ်လို့ ဒေသခံ တွေကို ကိုးကားပြီး  DVB ကဖော်ပြထားတဲ့သတင်း က လုပ်ကြံဝါဒဖြန့်ထားတဲ့ သတင်းမှားသာဖြစ်ပါ တယ်။ ဖြစ်စဉ်မှန်က -၂၀၂၁ ခုနှစ် သြဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင်  ဂန့်ဂေါမြို့နယ်  ဟံသာဝတီကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် မိုင်းစ ထိမှန် ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စိစစ်ခဲ့ရာ ယင်းမာပင်မြို့နေ လမ်းပြုပြင် လုပ်သားများလိုက်ပါလာသည့် ရွှေညီကို ကုန်တင်ယာဉ်လိုင်းမှ HINO ယာဉ်အမျိုးအစား ခြောက်ဘီးယာဉ်သည် ကလေး-ဂန့်ဂေါကားလမ်း အတိုင်း ကလေးမြို့သို့မောင်းနှင်လာစဉ် ရဲလှကျေးရွာ လမ်းဆုံအနီးသို့အရောက် ကားလမ်း၏ ဝဲ/ယာမှ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ ၅၀ ဦးခန့် မှ လက်လုပ်ကားမိုင်း ၂ လုံး ဖောက်ခွဲ၍ လက်နက် ငယ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လမ်း လုပ်သားငါးဦး မိုင်းစထိမှန်ဒဏ်ရာရရှိကာ မော်တော်ယာဉ်အနည်းငယ်ပျက်စီးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အဆိုပါဒဏ်ရာရရှိသူများအား ဟံသာဝတီ ကျေးရွာ တိုက်နယ်ဆေးရုံမှ တပ်မတော်ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိသည်။

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ပြည်သူများအားရက်စက်စွာအကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိပြီး အဆိုပါ ဖြစ်စဉ်များကိုလည်း အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံသော မီဒီယာအချို့က အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်မှုကိုဖုံးကွယ်ပေးကာ တပ်မ တော်သားများ၊ တပ်မတော်ယာဉ်များအား ပစ်ခတ် တိုက်ခိုက် သတ်ဖြတ် သယောင် မဟုတ်မမှန်သတင်း ဖော်ပြလျက်ရှိသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံရေးသားနေသော မီဒီယာ များနှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ် နေသော လက်နက်ကိုင်အကြမ်းဖက်သမားများအား  ပြည်သူများ အားလုံးက ဝိုင်းဝန်းဆန့်ကျင်ဖော်ထုတ် ပေးကြပါစေလိုကြောင်း ပြောကြားလိုပါသည်။

 (၅၀၀)