နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏

ဖေဖော်ဝါရီလတစ်လတာအတွင်း နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှုအသွင်(Riot)၊၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု (Anarchy Mob)) အသွင်သို့ ကူးပြောင်းလာသည့်အခြေအနေများ၊ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် လမ်းပန်းဆက်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ဘဏ်လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများရပ်တန့် စေရေး CDM လုပ်ဆောင်လာမှုနှင့် CDM တွင်ပါဝင်လာစေရန် ခြိမ်းခြောက် လှုံ့ဆော်လာသည့် အခြေအနေများ၊ တရားမဝင်သည့် CRPH အဖွဲ့ကိုဖွဲ့စည်းပြီး လူထုဆူပူအုံကြွမှု မြင့်မားလာစေရေး၊ အာဏာဖီဆန်ရေးလုပ်ငန်းစဉ်နှင့် အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းပေါ်သို့ တွန်းတင်ခဲ့ပြီးအနာဂတ် လူငယ်လူရွယ်များကို လမ်းပေါ်မထွက် ထွက်အောင် တွန်းအားပေးဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်းကာလတို့တွင်ဖြစ်ပေါ်ခဲ့သည့် မင်းမဲ့စရိုက်ဆန်စွာ ဆန္ဒပြမှုများနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့ရှိ မြန်မာနိုင်ငံသားများ၊ပညာတော်သင် သံဃာတော်များကို တပ်မတော်ရေယာဉ်၊ လေယာဉ်များဖြင့်သွားရောက်ခေါ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ CDM လုပ်ဆောင်မှုများကြောင့် ကျန်းမာရေးကဏ္ဍတွင် ပြည်သူလူထု အခက် အခဲဖြစ်ခဲ့ရမှုများနှင့် တပ်မတော်ဆေးရုံ များ၊ ပြည်သူ့ ဆေးရုံများတွင်တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကကျန်းမာရေးဆောင်ရွက်ပေးမှုအခြေအနေများ၊ CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရေး အမည်ခံကာ သွေးထိုး လှုံ့ဆော်မှုများ၊ ငွေကြေးအလှူခံအလွဲသုံးစားလုပ်နေသူများကို ထိရောက်သည့်အရေးယူမှုများ ပြုလုပ်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှု (Corruption) ဖော်ထုတ်တွေ့ရှိချက်၊ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား စစ်ဆေးတွေ့ရှိချက် အခြေအနေ များ၊ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားအကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိပြီးတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများအား လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများဆောင်ရွက်ခဲ့ရာ ယခင်ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၇ ခုနှစ်ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းအမေရိကန်ဒေါ်လာ ၆ သိန်းကျော်နှင့် အကယ်ဒမီရွှေစင် ၇ ပိဿာတို့အားပေးအပ်ခဲ့ရသည်ဟု အတိအလင်းထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့သည်ဟုသိရှိရသဖြင့် လိုအပ်သည်များ ဆက်လက်စုံစမ်း စစ်ဆေး နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှဖော်ထုတ်စစ်ဆေး လျက်ရှိသည့်အခြေ အနေများ၊ အလားတူ ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်နှင့် ဒေါက်တာအေးဇံတို့သည်လည်းအဂတိလိုက်စားမှုများဖြင့် ငြိစွန်းကြောင်းစိစစ်တွေ့ရှိရသဖြင့် စစ်ဆေး ဖော်ထုတ်လျက်ရှိသည့်အခြေအနေများနှင့်သမ္မတဟောင်းဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့နှင့်ပတ်သက်၍ လည်း စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ ငွေကြေးလက်ခံရယူမှုများစိစစ်တွေ့ရှိရသည့်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး သတင်းဆက်လက် ထုတ်ပြန် ပေးသွားမည့် အခြေအနေများနှင့် ယခင်မဲရလဒ်ကြေညာချက်များနှင့် UEC ၏ မဲလက်မှတ်စစ်ဆေး တွေ့ရှိချက်များအရ ကွာခြားချက်များ၊ ယခင် UEC  အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထုသိရှိစေရန် ပြောဆိုချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲအား ၂၀၂၁ ခုနှစ်၊မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅နာရီအထိ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက် များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် သတင်းထောက်များက သိလိုသည် များကိုမေးမြန်းခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။
 

ဦးစွာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောကြားရာ ဒုတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို မိမိတို့ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊အပိုင်းတစ်ကို မိမိမှရှင်းလင်းမှာဖြစ်ပြီးအပိုင်းနှစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကရှင်းလင်းမှာဖြစ်ပါကြောင်း၊ အပိုင်းတစ် မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏တစ်လတာအတွင်း အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ဆောင်ချက်များ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ CDM နှင့်ပတ်သက် သည့်ကိစ္စရပ်များ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားမှုများ (Corruption) နှင့်ပတ်သက်ပြီး ဖော်ထုတ်တွေ့ရှိ ချက်များ၊ ယခင် UEC အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထုကို သိရှိစေရန်ပြောဆိုချက်များ ပါဝင်မည်ဖြစ်ကြောင်း၊ အပိုင်းနှစ်မှာတော့ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် မဲစာရင်းလက်တွေ့စစ်ဆေးချက်များ အသေးစိတ် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရှင်းလင်းမှာဖြစ် ကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲမှာ မိမိပြောကြားသည့်အချက်များကို မီဒီယာများ ကိုးကားနိုင်ရန်နှင့် ပြည်သူလူထုအထောက်အထား ခိုင်ခိုင် လုံလုံ တွေ့မြင်နိုင်ရန်အတွက် တွေ့ရှိသည့်အထောက်အထားများကို မိမိတို့ဘုတ်များနှင့်ပြသထား ကြောင်း၊ စာရွက်စာတမ်းများလည်းခင်းကျင်းပြသထားကြောင်း၊ မီဒီယာများအနေဖြင့် စိတ်ကြိုက် စစ်ဆေးကြည့်နိုင်ပါကြောင်း၊ ပြည်သူကို ထင်သာမြင်သာဖြစ်အောင် ပြသပေးကြပါလို့ မေတ္တာရပ်ခံလို ပါကြောင်း၊ မိမိတို့ နိုင်ငံသူ/သားများအတွက် အရေးကြီးပါကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲကိုလည်း ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် ကြည့်နေကြမည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့မှာ ခံယူချက်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ အမြင်အမျိုးမျိုးရှိကြမည်ဖြစ်ကြောင်း၊ မည်သည့်ခံယူချက်၊ ယုံကြည်ချက်၊ အမြင်များ ရှိနေပါစေ  "We are Myanmar" အဓိကမှာ မိမိတို့အားလုံးသည် “မြန်မာများ” ဖြစ်ကြောင်း၊ မိမိတို့က မိမိတို့နိုင်ငံကို ပိုကောင်းချင်ကြောင်း၊ ပိုပြီး တိုးတက်စေချင်ကြောင်း၊ ပိုပြီးမြှင့်တင်ပေးချင်ပါ ကြောင်း၊ ဒါသည် မိမိတို့အားလုံး၏ တူညီသည့်ဆန္ဒဖြစ်မည် ဟုယူဆပါကြောင်း၊ ဆန္ဒများတူညီနေလျှင် အားလုံးလက်တွဲလို့ရကြောင်း၊ မိမိပြောလိုသည်မှာ ယခုသတင်းစာရှင်းလင်းပွဲ၏ အချို့အချက်အလက် များသည် ဒီလိုဆန္ဒ တူညီသည့် ပြည်သူလူထုထံမှရရှိသည့်အချက်အလက်များဖြစ်ခြင်းကြောင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ အကြံဉာဏ်များအတွက် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီး မြန်မာ့အကျိုးသယ်ပိုးကြရန် ဖိတ်ခေါ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ရယူပြီးနောက်၄ ရက်အကြာ ၅ ရက်မြောက်ထိ ဆန္ဒပြမှုများမရှိပါကြောင်း၊ NLD  ပါတီဝင်များနှင့် NLD ပါတီထောက်ခံသူများသည် ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း၊ အစောပိုင်းကာလတွင် ငြိမ်းချမ်းစွာဆန္ဒပြ တယ်လို့ဆိုနိုင်သော်လည်း ဖေဖော်ဝါရီလ ၉ ရက်နှင့် နောက်ပိုင်းမှာတော့အကြမ်း ဖက်ဆူပူမှုအသွင် (Riot) ၎င်းမှ မင်းမဲ့စရိုက်ဆန်သည့်လူအုပ်စုအသွင်(Anarchy Mob) ဖြစ်ပေါ်လာခဲ့ကြောင်း၊ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်ဖြင့် လမ်းပန်းဆက်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ရုံးလုပ်ငန်းများများရပ်တန့်စေဖို့ CDM  လှုပ်ရှားမှုတွေကို အကျပ်ကိုင်ခြိမ်းခြောက် ဖိအားပေးမှုများဖြင့်ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလ၉ ရက်နေ့က သပြေကုန်းအဝိုင်းမှာ CDM ခြိမ်းခြောက်အကျပ်ကိုင်မှုတွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်း ကြို/ပို့ယာဉ်များ ကို ဆန္ဒပြသူများက လမ်းလုံးပြည့်ပိတ်ဆို့ ပြီး အကြမ်းဖက်ဆန္ဒပြမှုများရှိခဲ့ကြောင်း၊ မန္တလေး၊ မဟာအောင်မြေ၊ မော်လမြိုင် တက္ကသိုလ်ရှေ့ ဆန္ဒပြမှုများရှိခဲ့ကြောင်း၊ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခြင်း၊ ဒဏ်ရာရမှုများရှိခဲ့ကြောင်း၊ ထို့ပြင် တရားမဝင် အမတ်များက CRPH  ကိုဖွဲ့စည်းပြီးနိုင်ငံတော်တည်ငြိမ်ရေးနှင့် အုပ်ချုပ်ရေး ယန္တရားပျက်ပြားအောင်ရည်ရွယ်ပြီး လူထုဆူပူအုံ ကြွမှုမြင့်မားလာစေရေး၊ အာဏာဖီဆန်ရေး လုပ်ငန်း စဉ်နှင့် အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းပေါ်ကို တွန်းတင်ခဲ့ခြင်းကို တွေ့ရကြောင်း၊ Generation-Z ဆိုသည့် တိုင်းပြည်၏ အနာဂတ်လူငယ်များကိုလမ်းပေါ်မထွက်ထွက်အောင် တွန်းအားပေး ဆောင်ရွက် ခဲ့ခြင်းများကို တွေ့ရကြောင်း၊လူငယ်များ၏ ရိုးသားသည့်စိတ်၊ တက်ကြွ သည့်စိတ်၊ မဟုတ်မခံချင် စိတ်တွေကို အသုံးချပြီး လမ်းမှားရောက်အောင်တွန်းပို့ခဲ့ကြောင်း၊ Generation-Z ဆိုသည့် လူငယ်များသည် အတွေးအခေါ်ဆန်းသစ်ကြကြောင်း၊ နည်းပညာကျွမ်းကျင်ကြကြောင်း၊ IT ပညာရပ်ကို လူကြီးများထက်ပိုပြီးအသုံးချတတ်ကြကြောင်း၊ ဒါကိုအသုံးချပြီး Facebook  လူမှုကွန်ရက် စာမျက်နှာ များ၊Youtube ၊ Titktok စသည့်နေရာများမှ လူငယ်များကို နေ့စဉ်နှင့်အမျှသွေးထိုးလှုံ့ဆော်ပေးမှုများကို မြင်ရကြောင်း၊လက်တွေ့လည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လူငယ်များ ထိပ်တိုက်တွေ့ရန် နည်းအမျိုးမျိုးသုံးပြီးရှေ့တွန်းပို့နေသည်ကို တွေ့နိုင်ပါကြောင်း၊NLD ပါတီဝင်များနှင့် ထောက်ခံသူအမာခံများကိုယ်တိုင်ကလုံခြုံသည့်နေရာများတွင်နေပြီး လူငယ်လူရွယ်များကိုရှေ့ကို ထွက်ရန်ၤခေနဘသသု စာမျက်နှာများ၊ မီဒီယာများသုံးပြီး ဆောင်ရွက်ခဲ့ကြကြောင်း။

၁၉၈၈ ခုနှစ်အရေးအခင်းသည် ကျောင်းသားလူငယ်ထုက စတင်ခဲ့သည့် ဆန္ဒပြမှုများဖြစ်ကြောင်း၊ ထိုဆန္ဒပြမှုများကို နိုင်ငံရေးပယောဂဝင်စွက်ပြီး နောက်ဆုံးမှာ သူတို့ကိုယ်တိုင် နိုင်ငံရေး နေရာရယူ သွားသည့်အနေအထားဖြစ်ကြောင်း၊ လူငယ်များအထူးသဖြင့် အမျိုးသမီးငယ်များသေဆုံးပြီး လူထုအ မြင်မှာတော့ သူရဲကောင်းတွေ၊သူတို့အမြင်မှာတော့ သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်များ ပြည့်မြောက် စေရေးလှေကားထစ်၊ ခုတုံးများ ပေါ်ပေါက်လာစေရေး ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ နေပြည်တော် က အမျိုးသမီးငယ်တစ်ဦး၊မန္တလေးက အမျိုးသမီးငယ်တစ်ဦးသေဆုံး မှုမှာ သူတို့ကို ပစ်ခတ်သည့် ကျည်သည်လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့်ကျည်အမျိုးအစားမဟုတ်ကြောင်း မိမိတို့ ဖော်ထုတ်ပြ သပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ဦးခေါင်းဒဏ်ရာများကို စစ်ဆေးသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင် များ နေရာယူထားသည့်ရှေ့တည့်တည့်က ပစ်ခတ်ခြင်း၊ နောက်ပြန်လှည့်သည့်အခါ ခါးဖြစ်သည့် နောက်ကထိခြင်းမဟုတ်ဘဲ ဘေးဘက်မှပစ်ခတ်ခံရခြင်း၊ ဘေးအောက်ဘက်မှပင့်ပြီး ပစ်ခတ်ခံ ရခြင်းများတွေ့ရကြောင်း၊ ဒဏ်ရာများထဲမှရရှိသည့် ခဲသတ္တုအပိုင်းအစများကိုစစ်ဆေးသည့်အခါ လုံခြုံရေး တပ်ဖွဲ့များအသုံးပြုခဲ့သည့်ကျည်အမျိုးအစား အတိုင်းအတာ ကွဲပြားနေသည် ကိုတွေ့ရ ကြောင်း၊မိမိတို့အနေဖြင့် ထပ်မံပြီးအသေးစိတ်စစ်ဆေးခဲ့ပါကြောင်း၊ အသေးစိတ်သိရှိ နိုင်ရန်အတွက် ဒဏ်ရာထဲကတွေ့ရှိသည့် ခဲသတ္တုအပိုင်းအစများကို EDX- 720 (အင်အော်ဂဲနစ်ပစ္စည်းပေါင်းစပ်မှု ပါဝင် သည့်စစ်ဆေးသည့်စက်)နှင့် စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့စစ်ဆေးသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ သုံးသည့် ကျည်များ၏ခဲသတ္တုပါဝင်မှုပေါင်းစပ်ဖွဲ့စည်းမှုများနှင့် လုံးဝကွဲပြားခြားနားနေသည်ကိုတွေ့ရ ကြောင်း၊ အသေးစိတ်တွေ့ရှိချက်၊ ဓာတ်ခွဲ စစ်ဆေးချက်အသေးစိတ်များကို ဘုတ်မှာပြထားကြောင်း၊ အမျိုးသမီးနှစ်ဦးမှာ တွေ့ရှိခဲ့ရသည့် သတ္တုအပိုင်းအစ၊ ဒဏ်ရာရသည့်အနေအထားများ၊ ထိုသတ္တုကို စစ်ဆေးကြည့်သည့်အခါ တွေ့ရှိရသည့်တွေ့ရှိချက်အသေးစိတ်ကို လေ့လာနိုင်သည်ကို ပြောကြား လိုပါကြောင်း ပြောကြားသည်။

ပညာရှင်များ၏ သုံးသပ်ချက်အရ အမျိုးသမီးနှစ်ယောက်ကိုပစ်ခတ်ခဲ့သည့်ခဲယမ်း၊ လက်နက် အမျိုးအစားသည် ဒေသန္တရခဲယမ်း၊ ဒေသန္တရလက်နက်ပြောင်းချောလက်နက်အမျိုးအစား သို့မဟုတ် နိုင်ငံခြား လုပ်ပွိုင်တာလက်နက်အမျိုးအစားတစ်ခုခုဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ကို သုံးသပ် တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ဆန္ဒပြမှုများတွင် မသမာမှု၊ ပြဿနာကို ပိုမိုကြီးမား အောင် ဖန်တီးလိုသူများ ရှိကြောင်း၊ အထူးဂရုစိုက်ဖို့ ပြောကြားလိုပါကြောင်း၊နောက်ထပ်လုပ်ကြံဖန်တီးမှုများ ထပ်လာနိုင်ပါ ကြောင်း၊ ဥပမာအနေဖြင့် ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ဖမ်းဆီးထိန်းသိမ်း ထားသူများ၊ မတော် မတရားပြုကျင့်ခံရခြင်းများကို မီဒီယာတစ်ခုနှင့် လက်ဝါးချင်းရိုက်ပြီးလုပ်ခဲ့သည့်ပုံစံဖြစ်ကြောင်း၊ မနေ့ကလည်း လုပ်ကြံဖန်တီးမှုဇာတ်လမ်းတစ်ခုတက်လာပါကြောင်း၊ ရိုက်တာသတင်းဌာနက အိန္ဒိယနိုင်ငံဘက်ကိုသွားသည့် ရဲတပ်သားများနှင့် မေးမြန်းခန်းလုပ်ခဲ့ပါကြောင်း၊ ရဲတပ်သားများကို မေးမြန်းခန်းလုပ်သည့်အခါ ရဲတပ်သားတစ်ယောက်ဆိုလျှင် သူ့ကို ရဲတပ်ဖွဲ့ကအရာရှိများအနေဖြင့် ခေါင်းကို စက်သေနတ်နှင့် ချိန်ပြီးပစ်ခတ်ဖို့ အမိန့်ပေးခဲ့သည်ဟုပြောပါကြောင်း၊ မဟုတ် မမှန်သတင်း တစ်ခုကို ကမ္ဘာအနှံ့ထုတ် လွှင့်လျက်ရှိပါကြောင်း၊ မိမိပြောလိုသည်မှာချင်းပြည်နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ထိန်းခဲ့ခြင်းများ၊ ပစ်ခတ်ခဲ့ခြင်းများမရှိပါကြောင်း၊ သို့သော် ကမ္ဘာ့အမြင်မှာ ဒီလိုအမြင်မျိုး မြင်သွားနိုင်ရန်အတွက် လုပ်ကြံဖန်တီးနေခြင်းကိုတွေ့ရပါကြောင်း၊ နောက်ပိုင်းမှာလည်း လုပ်ကြံဖန်တီးမှုများကို ဆက်ပြီးရှိလာနိုင်ပါကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေကြေညာပြီးနောက်ပိုင်းမှာ ပုဒ်မ ၄၁၃ ပါ  စစ်အုပ်ချုပ်ရေးထုတ်ပြန်ခြင်းနှင့် ၄၂၀ အရ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကို ကန့်သတ်နိုင်သော်လည်း လည်း အဲ့ဒီလိုဆောင်ရွက်ခြင်းမပြုဘဲ ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ အညင်သာဆုံးနည်းဖြင့် စိတ်ရှည်စွာကိုင်တွယ် ဖြေရှင်းခဲ့ပါကြောင်း ၊ ဆန္ဒပြမှုဖြစ်ပွားစ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရေးယူဆောင်ရွက် ခြင်းတွေ ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့တာကိုလည်း တွေ့ရမှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နောက်ပိုင်း ဆူပူအကြမ်းဖက်ဆန္ဒပြမှုအသွင်(Riot) ရောက်ရှိသွားမှသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ခဲ့တာကိုတွေ့နိုင်မှာဖြစ်ကြောင်း၊ဖေဖော်ဝါရီလနောက်ဆုံးအပတ်နှင့်မတ်လဆန်းတို့တွင်ကျေးရွာ/ ရပ် ကွက်အုပ်ချုပ်ရေးမှူး ရုံးများကို အတင်းအကျပ်ပိတ်ဆို့သည့် ဖြစ်စဉ်များ၊ ပဲခူးမှကုန်တိုက်ကို ဖျက်ဆီးခဲ့ သည့်ဖြစ်စဉ်၊ YMBA အသင်းအဆောက် အအုံကို အကြမ်းဖက်ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်၊ ဘုန်းတော်ကြီး ကျောင်းများကိုအကြမ်းဖက်သဖြင့် သံဃာတော်များမျက်လုံးကွယ်သည်အထိ ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်စဉ်၊ အများပြည်သူအသုံးပြုသည့်လမ်းမများကိုပိတ်ဆို့၍ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် အစရှိသည့် မင်းမဲ့စရိုက်လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြမှုများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဖြိုခွဲခြင်း၊ ဆန္ဒပြမှုများတွင်ပါဝင်သည့် ဦးဆောင်လှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ လုပ်ကြံဖန်တီးချဲ့ကားထားသည့်သတင်းများဖြင့် ဆူပူမှုကို အားပေးလှုံ့ဆော် နေသည့် သတင်းဌာနများကို လိုအပ်သည့်တားဆီးအမိန့်များထုတ်ပြန်၍ ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့ရ ကြောင်း၊ မနေ့ကဆိုလျှင် မြောက်ဥက္ကလာ သုဓမ္မာလမ်းနှင့် နွယ်နီလမ်းဆုံ၊ အင်းစိန် တောင်သူကုန်းလမ်းနှင့် စိုက်ပျိုးရေး(၄) လမ်းထိပ်တို့ရှိ အတားအဆီးများကိုဖယ်ရှားသည့်အချိန်တွင် ဒေသန္တရလက်လုပ်မိုင်းများကိုပင်တွေ့ရှိခဲ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်ဆူပူဆန္ဒပြသူ များအနေဖြင့် နည်းလမ်းတစ်မျိုးကိုပြောင်းလဲ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး လမ်းကြားများတွင်ဆန္ဒပြခြင်း၊ မီးသတ်ယာဉ်များမရောက်ရှိနိုင်အောင် လမ်းများပိတ်ဆို့ဆန္ဒပြခြင်းများဆောင်ရွက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုနေရာမှ Generation-Z ဟု ခေါ်သည့် တိုင်းပြည်၏အနာဂတ်လူငယ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ယူစဉ်ကတည်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရခွင့်ပြုသည့် အချိန်ကာလတစ်ခု အတွင်း တာဝန်ယူမည်ဖြစ်ပြီး ပြီးလျှင် ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဟုတရားဝင် သတင်းစကားပါးလိုကြောင်း၊ ယခုသတင်းစာ ရှင်းလင်းပွဲကို ဆက်၍ နားထောင်ကြည့်စေလိုကြောင်း၊ မြေပြင်တွင် မဲမသမာမှုများ မည်မျှဖြစ်နေသည်၊ နိုင်ငံတော်အဆင့် မဲမသမာမှုများ မည်မျှ ဖြစ်ခဲ့သည်၊ ထို့ကြောင့် ပြည်သူလူထု မျှော်လင့်နေသည့် ဒီမိုကရေစီစနစ်မည်မျှပုံပျက်ပန်းပျက်ဖြစ်နေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ နံပါတ်(၂)အနေဖြင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ယနေ့အထိ ဆောင်ရွက်လျက်ရှိသည့် တိုင်းကျိုးပြည်ပြု လုပ်ဆောင် ချက်များထဲမှ ထင်ရှား သည့်အချက်တချို့ကို ပြောလိုကြောင်း၊နိုင်ငံတော်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံ၏ ထိန်းသိမ်းရေးစခန်းများ တွင်ရှိနေသည့်မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန်ယခင်အစိုးရလက်ထက်ကတည်းကပင် တင်ပြခဲ့ကြောင်း၊ လူဦးရေများသဖြင့်သင်္ဘောများဖြင့် သွားရောက်ခေါ်ယူမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ယခု နစကအစိုးရအနေဖြင့် တပ်မတော်မှစစ်ရေယာဉ် ၃ စင်းဖြင့်သွားရောက်ခေါ်ယူ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသား ၁၀၈၆ ဦး ကို သွားရောက်ခေါ်ယူခဲ့ပါကြောင်း၊ ရန်ကုန်သို့ ဖေဖော်ဝါရီလ ၂၇ ရက်က ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ယခုလက်ရှိ တပ်မတော် Quarantine Center တွင် Quarantine  ဝင်ရောက်လျက်ရှိကြောင်း၊ Quarantine ဝင်ပြီးပါက နေရပ်အသီးသီးသို့ပြန်ရ မည်ဖြစ်ပါကြောင်း၊ တစ်ခုပြောလိုသည်က ယခုခရီးစဉ်မတိုင်မီကပင် ဖျက်လိုဖျက်ဆီးလုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ သူများနိုင်ငံတွင် ဒုက္ခရောက် နေသည့် မိမိနိုင်ငံသူ၊ နိုင်ငံသားများ ကိုသွားရောက်ခေါ်ယူမည့်ခရီးစဉ် ပျက်ပြားအောင် မည်ကဲ့သို့သောစိတ်ထားဖြင့် ပြောဆိုရေးသား ဆောင်ရွက်သည်ကို စဉ်းစား၍မရကြောင်း၊ ဒါဟာ သူတို့ပြောနေသည့် လူ့အခွင့်အရေးလား၊ ဒီမိုကရေစီ လားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ပါကြောင်း၊ခေါ်ဆောင်ပြီးနောက်ပိုင်း အဖွဲ့အစည်းတစ်ခုက မလေးရှားတွင် အမှုဖွင့်သည်ဟုကြားသိရကြောင်း၊ တရားစွဲအမှုဖွင့်သည့်အဖွဲ့အစည်းကလည်း နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့အစည်းသည် ဒုက္ခသည်များနှင့်ပတ်သက်ပြီး အလုပ်လုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့အစည်းတရားစွဲဆိုရာတွင် အထောက်အကူဖြစ်စေရန်အတွက် မီဒီယာတစ်ခုမှ တပ်မတော် Quarantine Center  ကို နောက်ခံထား၍ လိုရာဆွဲ၍ လုပ်ကြံဖန်တီးထားသည့်အင်တာဗျူးများ ပြုလုပ်ထုတ်လွှင့်ခဲ့ကြောင်းပြောကြားသည်။

အဓိက မိမိပြောလိုသည်မှာ မလေးရှားနိုင်ငံကို အဖွဲ့အစည်းတစ်ခုက တရားစွဲထားကြောင်း၊ အဆိုပါလူများကိုပြန်လွှတ်လျှင် လွတ်လပ်မည်မဟုတ်ကြောင်း၊ယခုအချိန်တွင် မလွှတ်သင့်သေးခြင်း ကြောင့်တရားစွဲထားကြောင်း၊ ဒီအထောက်အထားရရှိရန်အတွက် အထောက်အပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သွားမေးသည့်သူအနေဖြင့် တပ်မတော် Quarantine Center ထားသည့်သူများ အပြင်ထွက်ချိန်တွင် အင်တာဗျူးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊မလေးရှားပြန်အင်တာဗျူးကိုကြည့်ပြီး မိမိပြောလိုသည်မှာ ထိုအရာကိုပဲ နှိုင်းယှဉ်ကြည့်စေလိုကြောင်း၊ တချို့အဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် မိမိတို့ပြည်သူ

လူထုအပေါ်နှင့် နိုင်ငံတော်အပေါ်ထားသည့် စေတနာအစစ်အမှန်ကို တွေ့နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ယခုလည်း အိန္ဒိယနိုင်ငံအန်ဒမန်ကျွန်း၊ ပို့ဘလဲယားဆိပ်ကမ်းမှာရှိသော မြန်မာနိုင်ငံသား ၇၀ ဦးအား မတ် လ ၆ ရက်က သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ မတ် ၁၀ ရက် နေ့လယ်ပိုင်းတွင်ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း၊ အများစုမှာ ရေလုပ်သားများဖြစ်ကြောင်း၊ တချို့မှာ မြန်မာနိုင်ငံနှင့် အဆက်အသွယ်ပြတ်နေသည့်သူများဖြစ်ပြီး ၆ နှစ်လောက် အဆက်အသွယ် ပြတ်နေသူများပါဝင်ကြောင်း၊ ၎င်းတို့မှာဘာမျှော်လင့်ချက်မှမရှိကြောင်း၊ ထို့နောက်သီရိလင်္ကာ၌ ပညာ သင်ကြားနေသည့် စာသင်သားသံဃာတော်များ၊ သီလရှင်များအား လေယာဉ်ဖြင့် သွားရောက် ပင့်ဆောင်ခဲ့ကြောင်း၊မတ်လ ၁၀ ရက် ညနေတွင် ပြန်ရောက်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ပရောက် မိမိမြန်မာနိုင်ငံသားတွေအပေါ်မှာပင် စေတနာထားလက်တွေ ့ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိနိုင်ငံအတွင်းမှာရှိသည့် နိုင်ငံသူ၊ နိုင်ငံသားပြည်သူလူထုအတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုကြား သွေးကွဲစေရန်ဆောင်ရွက်နေသည့် အကြံအစည်လုပ်ဆောင်ချက်များကို သတိထားစေရန်အတွက်သတင်းစကားပါးလိုပါကြောင်း ပြောကြားသည်။

နံပါတ်(၃)ချက်အနေဖြင့် CDM ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ အစိုးရ၏အုပ်ချုပ်မှုယန္တယား ပျက်ပြားစေရန် ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်းများအား အလုပ်မဆင်းရန် လှုံ့ဆော်နေသည့်လူအများစုမှာ နိုင်ငံ့ဝန်ထမ်းများမဟုတ်ကြောင်း၊ မိမိထပ်မံပြောကြားလိုသည်မှာ CDM ကို လှုံ့ဆော်နေသူများမှာ နိုင်ငံ့ဝန်ထမ်းတွေမဟုတ်ကြောင်း၊ ဖေဖော်ဝါရီလအလယ်မှ အရှိန်မြင့်တက်လာပြီး နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိရိုသေကြသည့် ပြည်သူ့ဝန်ထမ်းတွေကိုရုံးဆင်း၊ ရုံးတက်မှာ နှောင့်ယှက်ခြင်းများ၊ဟန့်တားခြင်းများ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများ ဆောင်ရွက်လာသည် ကိုတွေ့ရကြောင်း၊ တရားမဝင်အဖွဲ့အစည်းအသီးသီးက Social Media  မှတစ်ဆင့် CDM  တွင်ပါဝင်သည့် ဝန်ထမ်းများအားလစာပေးမည်၊ ဝန်ထမ်းအဖြစ်ထုတ်ပယ်ပါက အလုပ်ခန့်အပ်မည်၊ နေစရာပေးမည် ဆိုသည့် မက်လုံးအမျိုးမျိုးပေးခြင်းများနှင့်ခြိမ်းခြောက်ခြင်းအမျိုးမျိုး ဆောင်ရွက်ခဲ့ကြောင်း၊ ဒါကြောင့် အစပထမပိုင်းတွင် ဝန်ထမ်းအင်အား ၂၀ ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းခန့် CDM မှာပါဝင်သွားကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်လောက်မှစ၍ အစိုးရ၏နှိုးဆော်ချက်များ၊ CDMသွေးထိုးလှုံ့ဆော်မှုတွေ၏ အပြောနှင့်အလုပ်မညီမှုများကြောင့် ဝန်ထမ်းအများစုလုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လာပြီး ကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြစ်ကြောင်း၊ CDM  တွင်ကျန်ရှိနေသည့် ဝန်ထမ်းတချို့အ နေဖြင့်လည်း ၎င်းတို့ပြောနေသည့် ထောက်ပံ့ကြေးများမရရှိကြောင်း၊ CDM အတွက် အလှူငွေ ကောက်ခံနေသည့်အဖွဲ့အစည်းအသီးသီးအနက်တချို့အလှူခံပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှာ ထောက်ပံ့ကြေး အလွဲသုံးစားလုပ်ဆောင်နေခြင်းကို တွေ့ရကြောင်း၊ထိုအရာများကိုလည်း စာရင်း ဇယားများဖြင့်ပြသထားကြောင်း၊ ယခုပြသထားသည်မှာ CDM  တွင် ပါဝင်သည့်သူများရရှိသည့် ထောက်ပံ့ကြေးငွေများဖြစ်ကြောင်း၊ ထိုအရာကိုကြည့်မည်ဆိုပါက တချို့ဆိုလျှင်တစ်ဦးကို ၇၀၀၀ ကျပ်သာရရှိပြီး တချို့မှာ လုံးဝမရရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းမဟုတ်သည့် နိုင်ငံရေးသမားများ သွေးထိုးလှုံ့ဆော်နေသူများ၊ CDM  အကြောင်းပြ၍ အလှူငွေကောက် ခံသူများ၊ ဝန်ထမ်းများအပေါ် ဂုတ်သွေးစုတ်နေသည့် လုပ်ရပ်များဖြစ်ကြောင်း၊ CDM ကြောင့် သိသာထင်ရှားသည့် ပြည်သူလူထုအပေါ်ဒုက္ခရောက်စေသည် မှာ ကျန်းမာရေးကဏ္ဍဖြစေ်ကြာင်း ၊ ပြည်သူလူထုအနေဖြင့် လူထုအနေဖြင့် ပြည်သူအားကိုးနေသည့်ဆေးရုံ၊ ဆေးခန်းများအား ပိတ်ထားကြောင်း ၊ မိမိတို့နိုင်ငံတွင် ဆေးရေုံ ဆးခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး မတ်လ၌ဆေးရုံကြီးများ ဖွင့်လှစ်နိုင်မှုအနေဖြင့် အပြည့်အဝဖွင့်လှစ်နိုင်မှု ၁၅ ရာခိုင်နှုန်း သာရှိကြောင်း၊ ပြင်ပလူနာဆောင်ပင် ဖွင့်ထားနိုင်မှု ၁၅ ရာခိုင်နှုန်းသာရှိပြီး ကျန်သည့် ၇၀ ရာခိုင်နှုန်းခန့်မှာ CDM အကြောင်း ပြ၍ ပိတ်ထားကြောင်း၊ ပြည်သူလူထု ဘယ်လောက် ဒုက္ခရောက် နေမည်ကို စာနာကြည့်စေလိုကြောင်း၊ ယင်းသို့ပိတ်ထားခြင်းကြောင့် ဖေဖောဝါရီလအလယ်လောက်တွင် နေရာအနှံ့မှာပြညသ် လူ ထူ ကု CDM မှာ ပါဝငေ် နသည့်ကျန်းမာရေးဝန်ထမ်းများအား ဆန္ဒပြနေကြောင်း ၊ တပ်မတော်အနေဖြင့် တပ်မတော် ဆေးရုံများတွင်  ပြည်သူလူထု တက်ရောက်ကုသနိုင်စေရန်ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၁၀ ရက် နေ့ထိ ပြင်ပလူနာ ၅၉၆၈၇ ဦး၊အတွင်းလူနာ ၃၈၀၀ ဦး၊ ခွဲစိတ်ကုသမှုလူနာ၄၀၄၉ ဦး၊ မီးဖွားလူနာ ၃၇၉၁ ဦးနှင့်ကလေးမီးဖွားပေးနိုင်မှု ၃၇၉၁ ဦး မွေးဖွားကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဒေသခံ ပြည်သူလူထု၏ဆန္ဒအရ တချို့ဆေးရုံများအား ဖွင့်လှစ်ပေးပြီး ဆေးရုံများတွင် ဝင်ရောက်တာဝန်ယူ ထမ်းဆောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအ နေဖြင့် အစိုးရဆိုသည်ကို ခေါင်းထဲထည့်လျှင်ထည့်၊ မထည့်လျှင်နေပြည်သူလူထုနှင့်နိုင်ငံတော်၊ နိုင်ငံသားဆိုသည်ကို ခေါင်းထဲထည့်ဖို့လိုကြောင်း၊ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စစ်ဖြစ်နေလျှင်ပင် မိတ်ဆွေ၊ ရန်သူ မခွဲခြားဘဲကုသပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများကို CDM ကြောင့်ပိတ်ထားပြီး အခကြေးငွေယူ၍ကုသနေသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ယင်းပုဂ္ဂိုလ်များ သွားရောက်ဖွင့် လှစ်ပေးနေခြင်းများတွေ့ရကြောင်း၊ ပြင်ပပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများတွင် CDM လုပ်သည်ဆိုကာ ဆေးရုံ၊ ဆေးခန်းသွားထိုင်နေသည့် ဆရာဝန်များ၏ အမည်စာရင်းပြုစုထားကြောင်း၊ ဘုတ်များတွင် လည်းကပ်ပြထားကြောင်း၊ Power point တွင်လည်းပြထားကြောင်း၊ စာရင်းဇယားများအရ CDM လုပ်သည့်ဆရာဝန်ဦးရေ ၃၉၀၅ ဦးရှိပြီး CDMလုပ်သည်ပြောပြီး ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် ကုသနေသည့် ဆရာဝန်ပေါင်း၃၁၈ ဦးရှိကြောင်း၊ ထိုအရာများကို ဘုတ်များတွင်ထုတ်နုတ်ပြီး ဓာတ်ပုံများဖြင့်ပြသထားပြီး ကျန်သည့် ၁၀၀၀ ကျော်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူလူထုအ နေဖြင့်လည်း ထိုလုပ်ရပ်များ မှန်၊ မမှန် ၎င်းင်းတို့ကိုအားပေးအားမြှောက် လုပ်နေသည့်သူတွေ ဘယ်သူတွေဆိုသည်ကို ဆန်းစစ်ပေးဖို့မေတ္တာရပ်ခံအပ်ပါကြောင်း၊ မိမိအနေဖြင့်မေတ္တာရပ်ခံလိုသည်မှာ ပြည်သူလူထုတစ်ရပ်လုံးကျန်းမာရေးသည် အရေးကြီးသည့်အနေအထားဖြစ်ပြီး ယင်းသို့ အရေးကြီး သည့်အနေအထားမျိုးတွင် အစိုးရဆိုသည်ကို ခေါင်းထဲထည့်လျှင်ထည့်၊ မထည့် လျှင်နေ ပြည်သူလူထု နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ကျန်းမာရေးကို ခေါင်းထဲထည့်ရန်ပြောလိုကြောင်း၊ CDM နှင့်ပတ်သက်၍ သွေးထိုးလှုံ့ဆော်သူများ၊ အလှူခံ အလွဲသုံးစားလုပ်သူများ၊ အဖွဲ့အစည်းများကို လည်း ထိရောက်စွာ အရေးယူမှုပြုလုပ်လျက်ရှိကြောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဒေါ်မြင့်မြင့်ခင်ဖေ တို့ပိုင်သည့် နာရေးကူညီမှုအသင်းအားမတ်လ ၃ ရက်က စစ်ဆေးခဲ့ကြောင်း၊ လှူဒါန်းထားသည့်ငွေတချို့ယူ၍ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ထိုနှစ်ဦးမှာ CDM တွင်ပါဝင်နေ သည့် နိုင်ငံ့ဝန်ထမ်းများအားထောက်ပံ့ရန် ကူညီဖန်တီးနေခြင်းဖြစ်ပြီး ၈၈ ငြိမ်း/ပွင့်အပါအဝင် ပြည်တွင်း၊ ပြည်ပကော်မတီအဖွဲ့အစည်းများလူပုဂ္ဂိုလ်၄၉၈ ဦးတို့က ဖေဖော်ဝါရီလ ၁၀ ရက်မှမတ်လ ၃ ရက်အထိ ပေးပို့လှူဒါန်းငွေငွေကျပ်သိန်းပေါင်း ၆၁၀၀၊ အမေရိကန်ဒေါ်လာ ၂၀၆၇၀ လက်ခံရရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုမှ CDM ဝန်ထမ်း ၂၀၀၈ ဦးထံကို မတ်လ ၂ ရက်အထိ ကျပ်သိန်း ၂၈၀၀ ထောက်ပံ့ခဲ့ကြောင်း၊ ကျပ်သိန်းပေါင်းနှစ်သောင်းထည့်ဝင်ထားသည့် (Fix deposit) ဘဏ် အကောင့်၆ ခု ဖော်ထုတ်ရရှိခဲ့ပြီး လက်ခံငွေမှာသိန်း ၆၀၀၀ ကျော်ဖြစ်ကြောင်း၊ CDM ဝန်ထမ်းများ ကိုလှူဒါန်းငွေမှာ သိန်း ၂၈၀၀ကျော်ရှိကြောင်း၊ မည်မျှကွာခြားသည်ကိုတွေ့နိုင်ကြောင်း၊ သိမ်းဆည်းရမိသည့် စာရင်း ဇယားများအရလည်းသိနိုင်ကြောင်း၊သိမ်းဆည်းရမိသည့် စာရင်းဇယားများကို Board များတွင်လည်း အသေးစိတ်ကပ်ထားပါကြောင်း၊ သက်ဆိုင်ရာဥပဒေနှင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အစိုးရဝန်ထမ်းများကို CDM တွင် ပါဝင်လာစေရေး အဓိကကြိုး ကိုင်ဆောင်ရွက်ခဲ့သည့် နေပြည်တော်စည်ပင်ကော်မတီဝင်ဟောင်း ဦးမင်းသူကို ဖေဖော်ဝါရီလ ၂၆ ရက်ကဖမ်းမိခဲ့ကြောင်း၊ ၎င်းကိုစစ်ဆေးရာတွင် ဝန်ထမ်းများကို သွေးထိုးလှုံ့ဆော်ရန်အတွက် မင်းကိုနိုင်၊ ဂျင်မီတို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် NLD  ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်း များကို လှုံ့ဆော်စည်းရုံးနိုင်ရန် CDM Supporting Teams များဖွဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ NLLD ပါတီဝင်များက ဝိုင်းဝန်းကူညီရန်ညွှန်ကြားချက်စာတစ်စောင် ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအဖွဲ့ ၁၅ ဦး ရှိကြောင်းနှင့် လွတ်မြောက်နေသူများကို အမှုဖွင့်ထားကြောင်း၊ CDM အဓိကလှုံ့ဆော်သူ ရန်ကုန်တက္ကသိုလ်၊အရှေ့ပိုင်းဌာနက ဦးအာကာမိုးသူကိုလည်းမတ်လ ၂ ရက်က ဖမ်းဆီးခဲ့ပြီး ၎င်းအဖွဲ့မှာပါဝင်သူ ၁၄ ဦးကိုလည်း အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ CDM  ဦးဆောင်လှုပ်ရှားမှုတွင် ခေါင်းဆောင်ပါဝင်ခဲ့သည့် ဗကသဟောင်း ကျော်ကိုကို ဦးဆောင်သည့် အဖွဲ့ကိုထိန်းသိမ်းခဲ့ရာတွင် ဖော်ထုတ်တွေ့ရှိရသည့်တွေ့ရှိမှုများကိုလည်းဖော်ပြထားကြောင်း၊ ၎င်းတို့ ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်းပြထားကြောင်း၊ Board များတွင်လည်း Link များဖြင့် ပြသထား ကြောင်း၊ မလေးရှားနှင့်ကိုရီးယားနိုင်ငံမှာရှိသည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်များက CDM လှုပ်ရှား မှုအတွက်တရားမဝင် ငွေကြေးထောက်ပံ့နေမှုများ၊ပါဝင်ပတ်သက်နေမှုများကိုလည်း တွေ့နိုင်ကြောင်း၊ ကိုရီးယားမှကောက်ခံရရှိငွေ ဝမ်၂၅၆ သန်း၊ မလေးရှားမှလွှဲပြောင်းငွေကျပ်သိန်း ၂၀၀ ခန့်ရှိပြီး အားလုံးနီးပါးသည်ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ငွေစာရင်းထဲသို့ စီးဝင်ခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါငွေများနှင့်ပတ်သက်ပြီးဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဆက်စပ်မှုများကို လည်း မိမိတို့ပြသထားကြောင်း၊ CDM  တွင်မပါဝင်သည့် နိုင်ငံတော်နှင့်ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်းတရားဥပဒေစိုးမိုးရေးအဖွဲ့များက ကာ ကွယ်စောင့် ရှောက်ပေးလျက်ရှိကြောင်း၊CDMတွင်ပါဝင်ရန် အတင်းအကျပ်ခြိမ်းခြောက်သူများက တိုင်ကြားသည် များကို တွေ့ရှိရပါက ရာဇသတ်ကြီးပုဒ်မများ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အမှုဖွင့်ထားလျက်ရှ ိကြောင်း၊ ရာဇသတ်ကြီးပုဒ်မဖြင့်အမှုဖွင့်ထားသူ ၉၆ ဦးရှိကြောင်း၊ ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ထားသူ ၂၂ ဦးရှိကြောင်း၊ CDM  တွင်မပါဝင်ဘဲ နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို နှောင့်ယှက်ခဲ့သည့်အတွက် အမှုဖွင့်ထားမှုဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံရေးသမားများ၊ ချိန်ခါမီလုပ်စားသမားများ၏ CDM  ထောင်ချောက်ထဲကို ဝင်ရောက်မသွားစေဖို့ ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်သေသေချာချာစဉ်းစားချင့်ချိန်ပြီး သွေးထိုးလှုံ့ဆော်ချောက်ချစကားများကို နားမယောင်ကြရန် အကြံပြုလိုကြောင်း ပြောကြားသည်။

နံပါတ်(၄)အနေဖြင့် နိုင်ငံတော်အဆင့်လာဘ်ပေး၊ လာဘ်ယူမှုနဲ့ အလွဲသုံးစားမှု (Corruption) ဖော်ထုတ်တွေ့ရှိချက်တွေ ကို ပြောမည်ဖြစ်ကြောင်း၊ ယခင်ဝန်ကြီးဟောင်း သူရဦးအောင်ကိုအနေဖြင့် ဝန်ကြီးတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှလူပုဂ္ဂိုလ်များသို့ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုး နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနဲ့ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင်သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေကျပ်သိန်း၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်တွင်ငွေကျပ်သိန်း ၃၀၀ Blank Cheque တစ်စောင် လက်ခံရယူပြီး ၂၀၂၀ ပြည့်နှစ်ဇူလိုင် ၁၆ ရက်မှာ ငွေထုတ်ခဲ့တာတွေ၊၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှာလုပ်ငန်းရှင်တစ်ဦးထံက လုပ်ငန်းများရေရှည်အဆင်ပြေစေဖို့ ငွေကျပ်သိန်း၁၀၀၀ ကျော်တန် Ford ကားတစ်စီးလက်ခံရယူခဲ့တာတွေ ပေါ်ပေါက်လာလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊အထောက်အထားချက်လက်မှတ်တွေ၊ ကားပုံ တွေကို တင်ပြပါ Board မှာ လေ့လာနိုင်ပါကြောင်း ပြောကြားသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး တက္ကသိုလ်ရိပ်သာလမ်းတွင်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ခေတ္တဖွင့်လှစ်ပြီး မရမ်းကုန်မြို့နယ်၊အင်းယားလိတ်ဟိုတယ်သို့ ပြောင်းရွှေ့ငှားရမ်းဖွင့်လှစ်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၉ခုနှစ်တွင် လက်ရှိဖွင့်လှစ်ထားသော ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ လမ်း၊ အမှတ်(၁)သို့ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ကြောင်း၊ စတင်ဖွဲ့စည်းစဉ် ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် ဦးထင်ကျော်၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာဥမ္မာမျိုးမြင့်နှင့် ဒေါ်မေနှင်းဆီတို့ဖြစ်ကြောင်း၊၂၀၁၅ ခုနှစ် ဦးထင်ကျော် သမ္မတဖြစ်လာပြီး နာယကအဖြစ် ပြောင်းလဲတင်မြောက်ခဲ့ကြောင်း၊ ၂၀၁၇ တွင် ဒေါ်မေနှင်းဆီ၊ ၂၀၂၀မှာ ဒေါက်တာဥမ္မာမျိုးမြင့်တို့ဖြစ်ပြီး ယခုအချိန်တွင် ဖောင်ဒေးရှင်းအား နာယက ဦးထင်ကျော်၊ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ အလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာတင်မျိုးဝင်း တို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုစစ်ဆေးရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို ပြည်ပနိုင်ငံများမှ NGO၊INGO များနှင့်အသင်းအဖွဲ့များဖြစ်သည့်အဖွဲ့များ၊ နိုင်ငံ၁၃ နိုင်ငံမှ အဖွဲ့အစည်းများက ကုမ္ပဏီများ၊ပုဂ္ဂလိကအလှူရှင်များမှ လှူဒါန်းငွေသည်အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်းကျော်ရှိကြောင်း၊ သုံးစွဲငွေ ၆ ဒသမ ၈ သန်းကျော်ဖြစ်သည့်အတွက် လက်ကျန်ငွေတစ်သန်း ကျော်ရှိသည်ကို တွေ့ရကြောင်း၊ပြည်တွင်းအလှူငွေအနေဖြင့် ၃၆ ဘီလီယံကျော်ရှိပြီး သုံးစွဲငွေ ၃၀ ဘီလီယံကျော်ဖြစ်သည့်အတွက် လက်ကျန်ငွေ ၆ ဘီလီယံကျော်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဖောင်ဒေးရှင်း၏အလှူငွေလက်ခံရရှိမှုများ၊သုံးစွဲမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့၏ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရယူသုံးစွဲဆောင်ရွက်ထားခြင်းရှိ/မရှိ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများထံမှ အခွင့်အရေးတစ်စုံတစ်ရာရယူထားခြင်းရှိ/မရှိတို့ကိုသက်ဆိုင်ရာကအသေးစိတ်စစ်ဆေးလျက် ရှိကြောင်း ၊ဖောင်ဒေးရှင်းနှင့်ပတ်သက်ပြီး လရောင်တော စီမံကိန်းလုပ်နေမှုရှိကြောင်း၊ ထိုစီမံကိန်းတွင် ငွေသုံးစွဲမှု၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းရှိ/မရှိလည်း စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။

နောက်တစ်ချက်မှာ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့်ကိစ္စဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များအရ နိုင်ငံတော်နှင့်ပြည်သူလူထုကို ပြောရန်တပ်မတော်အနေဖြင့် အထူးလိုအပ်၍ ပြောကြားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလုံခြုံရေးအရ အကျယ်ချုပ်ဖြင့်ထားရှိခဲ့ကြောင်း ၊ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ စစ်ဘက်၊နယ်ဘက်ဆက်ဆံရေးနှင့် ပတ်သက်ပြီးသက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးအချို့၊ဝန်ကြီးချုပ်အချို့နှင့်လူပုဂ္ဂိုလ်အချို့၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်အချို့ကိုလည်းကျယ်ကျယ်ပြန့်ပြန့် မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့မေးမြန်းသည့် အချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း က NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သတ်ပြီး ဆက်စပ်မှုအခြေအနေများကိုထွက်ဆိုလာခဲ့ကြောင်း၊ထိုပြောဆိုချက်များကို မှန်/မမှန် အကြိမ်ကြိမ်အခါခါ စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်များအရဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး ယခင်ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်မတ်လအကြား အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ နှင့် အကယ်ဒမီရွှေ ၇ ပိဿ ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လည်း ကိုယ်တိုင်ကိုယ်ကျ အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ နှင့် အကယ်ဒမီရွှေ ၇ ပိဿကို  လက်ခံရယူခဲ့ကြောင်းသိရှိရသည့်အတွက် လိုအပ်သည်များ ဆက်လက် စစ်ဆေးနိုင်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်အချို့နှင့် ဌာနဆိုင်ရာတာဝန်ရှိဝန်ထမ်းအချို့ကို မေးမြန်းချက်၊ ၎င်းင်းတို့၏ပြောဆိုချက်များအရလည်း အလားတူ ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ဒေါက်တာမြင့်နိုင်၊ ဒေါက်တာအေးဇံတို့သည်လည်း အဂတိလိုက်စားမှုများနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးတချို့၊ဝန်ကြီးချုပ်တချို့၊ လူပုဂ္ဂိုလ်တချို့နှင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တချို့ကိုမေးမြန်းချက်၊ ပြောဆိုချက်များအရ ယခင်သမ္မတဟောင်း ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တချို့မှ ငွေရေးကြေးရေးအကူအညီတောင်းခံမှုများ၊ လက်ခံရယူမှုများ စိစစ်တွေ့ရှိရသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ နံပါတ်၅ အချက်အနေဖြင့် ယခင ်UEC ၏မဲရလဒ်ကြေညာချက်များနှင့် ယခု UEC ၏ မဲရလဒ်စစ်ဆေးချက်များ၊ တွေ့ရှိချက်များကို ပြောမည်ဖြစ်ကြောင်း၊ ပြီးနောက် ယခင် UEC မှအဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူ လူထုသိရှိစေရန်ပြောကြားချက်ကို Video Click ဖြင့်ပြသမည်ဖြစ်ကြောင်း၊UEC အနေနဲ့ မဲစာရင်းစစ်ဆေးချက်များကို မြေပြင်ကွင်းဆင်းပြီး၊ မဲလက်မှတ်ရေတွက်မှုများအပါအဝင် အသေးစိတ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်များကို ဖေဖော်ဝါရီလ၂၅ ရက်မှစ၍ ထုတ်ပြန်လျက်ရှိကြောင်း၊မတ်လ ၉ ရက်အထိ ၁၄ မြို့နယ်ထုတ်ပြန်ခဲ့ကြောင်း၊ ၁၄ မြို့နယ် နှိုင်းယှဉ်စစ်ဆေးရာမှာ မဲလက်မှတ်ထုတ်ယူမှု ၂၀၇၆၀၆၅စောင်ရှိကြောင်း၊ အသုံးပြုမဲလက်မှတ်များသည် ၁၄၃၆၅၁၆ စောင်ရှိကြောင်း၊ ကျန်ရမည့်မဲလက်မှတ်သည် ၆၃၉၅၆၄ စောင်ဖြစ်ပြီး လက်တွေ့မဲလက်မှတ်များကို ရေတွက်ကြည့်သည့်အခါ မြေပြင်လက်ကျန်သည်၅၉၆၀၀၇ စောင်သာရှိပြီး ပျောက်ဆုံးနေသည်မှာ ၆၅၅၃၀ ဖြစ်ကြောင်း၊ ပိုသုံးထားသည့်မဲလက်မှတ်မှာ ၂၁၉၈၈ ဖြစ်ကြောင်း၊ဒီဟာသည် မဲမသမာမှုများပြုလုပ်ထားသည့် အရေအတွက်ပေါင်း ၈၇၅၇၈ စောင်ဖြစ်ပါကြောင်း၊ ဘာကြောင့် မဲလက်မှတ်များ ပျောက်ဆုံးခဲ့တာလဲ၊ ဒါကိုအစားထိုးနိုင်ရန် ဘယ်လိုမှ လက်မှတ်များပိုသုံးခဲ့လဲဆိုတာကို ရွေးကောက်ပွဲကော်မရှင်မှရှင်းလင်းသည့်အခါမှာ ဆက်စပ်တွေးကြည့်နိုင်တယ်လို့ ပြောချင်ပါကြောင်း၊ နောက်တစ်ခုသည် ယခင် UEC အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းဌေး၏ ပြည်သူသို့ အသိပေးချက်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အသေးစိတ်မဲစာရင်းများတောင် မရှိခဲ့သည့်အကြောင်း၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယခင်အစိုးရသည် သူတို့လွှမ်းမိုးခွင့်မရှိ ကြောင်း၊ လွတ်လပ်သည့် ကော်မရှင်ဖြစ်သည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် မည်သူကလွှမ်းမိုးခဲ့သည်ဆိုသည်ကိုပြည်သူတွေကိုလှည့်ပတ်ရန်   မိမိတို့ထင်ထင်ရှားရှားတွေ့ ရမှာဖြစ်ပါကြောင်းပြောကြားသည်။

ဒီဟာသည် ကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦး၏ပြောဆိုချက်များအရ ကောက်နုတ်ချက်များပဲဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌအပါအဝင်ကျန်အဖွဲ့ဝင်များ၏ ပြောဆိုချက်များကိုလည်းအချိန်တန်ပါက ပြည်သူလူထုကို မိမိတို့ချပြအသိပေးမည်ဖြစ်ကြောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနှင့်မဲစာရင်းများနှင့်ပတ်သက်ပြီး တွေ့ရှိချက်များ၊ သတင်းစာရှင်းလင်းပွဲများမှာ ပြောခဲ့ကြောင်း၊ မီဒီယာများကိုရှင်းခဲ့ကြောင်း၊ရှင်းသည့်အခါမှာ မိမိတို့ကိုယ်တိုင်လည်းမသိပါကြောင်း၊ မသိရှိခဲ့ပါကြောင်း၊ မသိရှိခဲ့ဘူးဆိုတာသည် မည်သည့်အတွက်ကြောင့်ရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲစာရင်းများကို မရှင်းခဲ့သလဲဆိုတာဖြစ်ကြောင်း၊သက်သေအထောက်အထား ခိုင်ခိုင်လုံလုံရှိလျှင်ရှင်းလို့ရကြောင်း၊ မည်သည့်အတွက်ကြောင့် မရှင်းခဲ့သလဲဆိုတာ၏ အဖြေသည်ဒီမှာပဲရှိကြောင်း ပြောကြားသည်။

နိုဝင်ဘာလ ၃၀ ရက်မှစပြီး ကျွန်တော်တို့သည် ဒီမဲစာရင်းတွေ့ရှိချက်များကိုပြောခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း၊၎င်းနှင့်ပတ်သက်၍ မရှင်းလင်းတာများကိုရှင်းလင်းဖို့ပြောဆိုခဲ့ကြောင်း၊ ကျွန်တော်ပြောခဲ့ဖူးသည့် ဖြစ်စဉ်အစကိုပြန်ကောက်ရလျှင် ရွေးကောက်ပွဲကော်မရှင်ကိုကျွန်တော်တို့ရှင်းခိုင်းကြောင်း၊ မရှင်းခဲ့ပါကြောင်း၊ ဘာ့ကြောင့်မရှင်းတာလဲ၊ကျွန်တော်တို့သဘောမပေါက်ပါကြောင်း၊သို့သော်  ဘာကြောင့်မရှင်း တာလဲဆိုတာသည် ခုနကပြောသွားသည့်အဖြေမှာပါကြောင်း၊ ကျွန်တော်တို့သည် ဒီအဆင့်နဲ့မရသည့်အတွက် လွှတ်တော်ခေါ်ယူပေးဖို့ပြောကြောင်း၊ ဥပဒေအရ လွှတ်တော်ခေါ်ယူပေးရမည်၊ မရှင်းခဲ့ပါကြောင်း၊ မလုပ်ခဲ့ပါကြောင်း၊ဘာကြောင့်မလုပ်ခဲ့လဲဆိုတာသည် အဲ့ဒီ့  VIDEO ထဲမှာပဲ ရှိမည်ဖြစ်ကြောင်း၊ ပြီးနောက် နိုင်ငံတော်သမ္မတကိုတင်ပြကြောင်း၊ နောက်ဆုံးအဆင့်မှာ နောက်ဆုံးအခြေအနေအထိ နိုင်ငံတော်သမ္မတနှင့်တာဝန်အရှိဆုံးပုဂ္ဂိုလ်ကို ကျွန်တော်တို့ဆီမှဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လက်ရေးဖြင့်ရေးပြီး ရှင်းပေးဖို့ပြောခဲ့ကြောင်း၊ မရှင်းခဲ့ပါကြောင်း၊ ဘာကြောင့်မရှင်းလဲဆိုတာသည်အဲ့ဒီ ဠငိနသ ထဲမှာပဲရှိပါကြောင်း၊ ကျန်သည့်အပိုင်းများကို အချိန်တန်လျှင် ကျွန်တော်တို့ ပြည်သူလူထုကို ဆက်လက်အသိပေးမည်ဖြစ်ကြောင်း ပြောရလျှင် စည်းမဲ့ကမ်းမဲ့၊ စည်းပျက်ကမ်းပျက်၊ ထင်ရာစိုင်း ဒီမိုကရေစီအမည်ခံသည့် အာဏာရှင်များ မပေါ်ပေါက်စေရေး အတွက် ပြည်သူလူထုအတွက် စစ်မှန်စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီစနစ်ဖြစ်စေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။