နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာ စကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

  ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား  ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်  ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုး တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများနှင့် ဒေသဆိုင်ရာ အထွေထွေ အချက် အလက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက် အဖွဲ့ အစည်းများကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံစကားပြောခြင်းဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းသည့် တိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီများ အနက် တစ်ခုဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ပါတီစုံဒီမိုကရေစီစနစ် ပုံဖော်ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခင် တပ်မတော်အစိုးရလက်ထက် တပ်မ တော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံ တကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီ ကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလားတောင့်တသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ အောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာဖြင့် အောင်မြင်စွာ လုပ်ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီကူးပြောင်းမှု သက်တမ်း ၁၀ နှစ် ရှိပြီးဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် ရွေးကောက်တင်မြှောက်ခြင်းသည် အနှစ်သာရပင်ဖြစ်ကြောင်း၊ မိမိတို့ ငယ်စဉ်ကအတန်းပညာ သင်ကြားစဉ်ကတည်းကပင် အတန်း ခေါင်းဆောင် ရွေးခြယ်ခန့်ထားရာ၌ အများ၏ဆန္ဒဖြင့် ရွေးခြယ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ခြင်းဖြစ်သဖြင့် ပိုမိုအရေးကြီးပါကြောင်း၊ ပြန်ပြောင်းစဉ်းစားကြည့်မည် ဆိုပါက ပထမအကြိမ် ဒီမိုကရေစ ီအစိုးရသက်တမ်းတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုများ ရှိအောင် လုပ်ဆောင်နိုင်ခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းများတွင်လည်း NCA လက်မှတ် ရေးထိုးနိုင်သည်အထိ လုပ်ဆောင် နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။

    ဒီမိုကရေစီ ပထမသက်တမ်းကာလ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကြပ်အတည်းများ၊ ပြင်ပနိုင်ငံ များ၏ ဖိအားပေးမှုများနှင့် လက်နက်ကိုင် ပဋိပက္ခများအကြား ခက်ခက်ခဲခဲဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက အားမလို အားမရ ဖြစ်နေချိန်၌  NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိစေရေး ပြောင်းလဲချိန်တန်ပြီ ဟူသော စာသားဖြင့် မက်လုံးပေး အာမခံချက်များဖြင့်မဲဆွယ် စည်းရုံးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင် မဲဆွယ်စည်းရုံး စဉ်ပြောကြားချက်များ၊ ကတိ၊ ကဝတ်များကို အကောင်အထည် ဖော်ဆောင်မှု မရှိသည့်အပြင် နိုင်ငံတော်တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်မှုများ၊ ပယ်ဖျက်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်၊ အမျိုးသားရေးစရိုက် လက္ခဏာတို့ကိုပါ ထိပါးစေမည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်လာခဲ့ကြောင်း၊ ထို့သို့ လုပ်ဆောင်မှုများကြောင့် ပြည်သူလူထုအနေဖြင့် ရွေးကောက် တင်မြှောက်သည့် အစိုးရအပေါ် ယုံကြည်မှုနည်းပါးလာပြီး No Vote လှုပ်ရှားမှု များ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့် အခါတွင် ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်းခန့်သာရှိသည်ကို တွေ့ရှိရပြီး လူဦးရေ ၁၀၀ ဦးလျင် ၁၄ ဦးခန့်သာ မဲပေးခဲ့သည်ကို တွေ့ရှိကြောင်း။

    ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၂ ရာခိုင်နှုန်းမဲ ပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း အထက်ပါဖြစ်စဉ် ဖြစ်ရပ်များ ကြောင့် No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကိုတွေ့ရှိရသောကြောင့် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် ဆန္ဒမဲများ ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်းဖြင့် ပြောကြားသည်။

 ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြား ရာတွင် NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် No Vote လှုပ်ရှားမှုများ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရွေးကောက်ပွဲ အတွေ့အကြုံများအရ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ပါတီ များ၏ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မှုများတွင်လည်း အမိန့်အမျိုးမျိုးထုတ်ပြန်  ခဲ့ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် တပ်မတော်သားများ အနေဖြင့် ပြည်သူ လူထုနှင့်အတူ မဲပေးခဲ့ကြကြောင်း၊ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့် အချိန်တွင် မသင်္ကာဖွယ်ရာ၊ မဲရလဒ်များထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများအား စိစစ်ဆောင်ရွက်ခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းများ တွေ့ရှိရပြီး သတင်းများထုတ်ပြန်ခဲ့ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ပင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်း ပေါင်း ၁ သန်း ၂ သိန်းကျော်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ မဲစာရင်းများ ကြီးမားစွာ ကွဲလွဲနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်သို့ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရ ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင် ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊  ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက် မျှတအောင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် အုပ်ချုပ်ရေးကောင်စီများဖွဲ့စည်းရာတွင် အရပ်သားများဖြင့် အရပ်ဘက် အုပ်ချုပ်ရေးကိုသာ ဆက်လက ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း။

ဆက်လက်ပြီး ပညာရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ် သက်၍ ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ၏ စပါးကျီများ အနက်တစ်ခုဖြစ်ပြီး GDP လည်း အများဆုံးဖြစ်သည်ကို ကျေနပ်နေ၍ ပိုကောင်း အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ကြသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ် တို့ကို ရေရှည်စီမံကိန်းဖြင့် လုပ်ဆောင်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးတွင် အောင်မြင်စေရန် မြေ၊ ရေ၊ နည်း၊ မျိုး တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုး ရေးနည်းစနစ်များကို တောင်သူများသို့ ဝေမျှပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးတွင် အထွက်ကောင်းမွန်သည့် ကျန်းမာသန့်ရှင်းသည့် မွေးမြူရေး စနစ်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

  ထို့ပြင် မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီးရှိ ပြည်သူလူထု၏ သက်တမ်းသည်  ကျေးလက်နေသူများ၌ ၆၇ ဖြစ်ပြီး မြို့ပြနေသူများ၌ ၆၇.၅ ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေးတွင် မပြည့်စုံပါက ချမ်းသာမှုကို ဖြစ်ပေါ်စေနိုင်မည်မဟုတ်သည့်အတွက် ကျန်းမာ ကြံ့ခုင်အောင် နေထိုင်နိုင်အောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

  အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့် အစိုးရနှင့် လက်တွဲပြီး စည်းကမ်းနှင့် အညီလုပ်ဆောင်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပုံမှန်အတိုင်းပြန်လည် တည့် မတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြား သည်။

    တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအား ရင်းရင်းနှီးနှီး  နှုတ်ဆက်ခဲ့ကြသည်။

    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ ပုသိမ်စက်မှုမြို့တော် စီမံကိန်းသို့ သွားရောက်ကြည်ရှု့ရာ  စီမံကိန်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။    

    ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့ တိုင်းဒေသကြီးမှ ထွက်ရှိသည့် သီးနှံထုတ်ကုန်များမှ ကုန်ပစ္စည်းများထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် ဈေးကွက် ရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်စက်ရုံများအား ဦးစားပေးတည် ဆောက်၍ ကုန်ထုတ်လုပ်မှုအား Semi Product ဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊  စက်မှုဇုံ တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင် ရေးအတွက် COVID-19 သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးမည် ဖြစ်ကြောင်း မှာကြားသည်။

    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနယ်မြေအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။