နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း        ၁၇-၅-၂၀၂၁ အပိုင်း(၃)

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ထိုကာလအတွက် ပြင်ဆင်မယ့်ကာလကို မည်မျှယူရမည်ဟု မျှော်မှန်းထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်ဆဲ ကိစ္စဖြစ်ပါကြောင်း၊ PR စနစ်နှင့် ပတ်သက်ပြီး PR စနစ်ကလည်း မျိုးကွဲများစွာ ရှိသည့်အတွက် မည်သည့် PR စနစ်ကို  ကျင့်သုံးမည်၊  မည်သည့် လွှတ်တော်ကို ကျင့်သုံးမည်၊ မည်သည့်ပုံစံမျိုး ကျင့်သုံးမည်ဆိုသည်ကို    တိတိကျကျ အဖြေမထွက်သေးပါကြောင်း၊ ထို့ကြောင့် အချိန်အတိအကျ မပြောနိုင်သေးပါကြောင်း၊ သင့်တော်သည့် ကာလတစ်ခု ယူရမည်ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိမှသာ ဖြေကြားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

Myanmar Public Press သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာ စိုးမြင့်ဦးက ၂၁ ရက်နေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုမှာ တွေ့ဆုံမှု သက်သက်ပဲလား၊ သို့မဟုတ် PR အတွက် ဆွေးနွေးဖို့ဆိုသည်ကို သိလိုပါကြောင်း၊  ယခုကာလတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်များ မရှိခြင်းကြောင့် ပါတီတည်ဆောက်မည်၊ ထူထောင်မည်ဟု ရည်ရွယ်ထားသည့်သူများ အနေဖြင့် အဆိုပါ PR  စနစ်အတွက် ဆွေးနွေးရာတွင် ဥပဒေပြဋ္ဌာန်းခြင်းများကို   အကြံပြု၍ ဘယ်လိုများရနိုင်မလဲ၊ အရပ်ဘက်အဖွဲ့အစည်း ဆိုသည်မှာလည်း   ယခင်အစိုးရ လက်ထက်တွင် အချို့အဖွဲ့အစည်းများကို ဥပဒေနဲ့ညီပါလျက်နှင့် မှတ်ပုံတင် မချပေးခဲ့ခြင်းလည်း ရှိပါကြောင်း၊    ဆိုင်းငံ့ခြင်း၊ တားမြစ်ခြင်း၊ ချပေးခြင်းမရှိဘဲ ဒီအတိုင်းထားရှိကြောင်း၊  သို့သော်  အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင် ဥပဒေတွင် မှတ်ပုံတင် မရှိသော်လည်း လုပ်ခွင့်ရှိနေပါကြောင်း၊ ထိုအသင်းအဖွဲ့များက လာရောက်လေ့လာ ဆွေးနွေးလို့ရနိုင်ပါသလား သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက  ပါတီများနှင့် တွေ့ဆုံရခြင်းမှာ   ပြီးခဲ့သည့်တွေ့ဆုံပွဲ တွင် ဆုံးဖြတ်ချက်  ၇  ချက် ရှိပါကြောင်း၊ ထိုဆုံးဖြတ်ချက် ၇ ချက်မှာပါသည့်  PR စနစ်နှင့်ပတ်သက်ပြီး ပြောကြားခြင်းဖြစ် ကြောင်း၊ သာမန်အားဖြင့် PR စနစ်ကိစ္စတစ်ခုတည်း မဟုတ်ပါကြောင်း၊ နိုင်ငံရေးပါတီ များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အခါအားလျော်စွာ သင့်တော် သည့်ကာလတစ်ခုတွင် တွေ့ဆုံပွဲပြုလုပ်ပြီး  နိုင်ငံရေး ပါတီမှာလည်း  ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ ဖြစ်ခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ၎င်းပါတီများမှာ အတွေ့အကြုံ များရှိပါကြောင်း၊ အလားတူ နောင်လုပ်မည့်  ရွေးကောက်ပွဲအတွက် ၎င်းတို့၏ သဘောထားဆန္ဒများ   ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ရှိပါကြောင်း၊ အလားတူ ၎င်းပါတီများ၏ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံများ ပြင်ဆင်ခြင်း၊ ပါတီဝင်အင်အားကိစ္စ၊ ပါတီရန်ပုံငွေကိစ္စ၊ ပါတီဖွဲ့စည်းပုံကိစ္စ၊ အလံတံဆိပ်ကိစ္စများ ရှိပါကြောင်း၊ အုပ်ချုပ်မှုကိစ္စများ များစွာ ရှိပါကြောင်း၊  ထိုကိစ္စများကို  အားလုံး ဆွေးနွေးတိုင်ပင်ရသည့် သဘောဖြစ်ပါကြောင်း၊ မည်သည့်ကိစ္စ ဖြစ်ရမည်ဆိုသည်ကို  ထိန်းချုပ်ထားခြင်း မရှိပါကြောင်း၊ အားလုံးကိုဖိတ်ထားပြီး ဆွေးနွေး၍ရသည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊ ရရှိသည့် အချိန်ကန့်သတ်ချက်ထဲတွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊    နောက်တစ်ခုက အကြံပြု၍ရမည်ဆိုလျှင် သူ့အဆင့်အတိုင်း သွားမည်ဖြစ်ကြောင်း၊ သွားသည့်အခါမှာ ပထမဦးစွာ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း၊ ဆွေးနွေးပြီးခါမှ တဖြည်းဖြည်းဖြစ်လာပြီး ထိုမူဘောင်ကို လုပ်လာပြီဆိုလျှင် ကျန်သည့် State holder များ၊ ကျန်သည့် လူများ၊ ကျန်သည့်ပြည်သူများ အပါအဝင် CSO များ၊ တခြားနိုင်ငံရေး ပါတီမှတ်ပုံတင် လိုသည့် တခြားအဖွဲ့အစည်းများ၏ သဘော ထားများ၊ အယူအဆများလည်း ပါဝင်ခွင့်ပေးမည် ဖြစ်ကြောင်း၊ ယင်းသို့အဆင့်လိုက်၊ အပိုင်းလိုက်    ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နောက်တစ်ခုကတော့ CSO များ မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မဟုတ်ပါကြောင်း၊ ပါတီမှတ်ပုံတင်ခြင်းက မိမိတို့နှင့် Concern ဖြစ်ကြောင်း၊ CSO များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတွင် လျှောက်ထားရခြင်း ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Public Press သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက PR စနစ်အတွက် ဆွေးနွေးမည်ဆိုလျှင် CSO များကို ဖိတ်ကြားမည်ဟု လေးကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ဖြေကြားခဲ့ကြောင်း ဟုတ်/မဟုတ် သိလိုပါကြောင်း  မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက   ဖိတ်ကြား မည်မှာ မှန်ကန်ပါကြောင်း၊ အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးပွဲတွင်   နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပြီးနောက်    အဆင့်ဆင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊   ရွေးကောက်ပွဲမှာလည်း  ဒီအတိုင်းဖြစ်ကြောင်း၊    ပါတီများနှင့် ဆွေးနွေးပြီးသည့်အခါ CSO များ၊ INGO များ   အကုန်လုံးပေါင်းပြီး   ပိုကောင်းအောင် ဆွေးနွေးခြင်းများ ရှိကြောင်း၊ မိမိတင်ပြခဲ့သလို   အဆင့်လိုက် ဆောင်ရွက်သွားမည့် အနေအထား ရှိပါကြောင်း ဖြေကြားသည်။

Myanmar Public Press သတင်းဌာနမှ ဒေါက်တာစိုးမြင့်ဦးက မှတ်ပုံတင်ရှိသည့် CSO များကိုသာ ဖိတ်မည်လား တရားဝင် တည်ရှိနေသည့် CSO များကို လည်းဖိတ်ကြားမည်လား သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက CSO များ အနေဖြင့် တော်တော်များကြောင်း၊ များသည့်နေရာမှာ မိမိတို့ကော်မရှင်နှင့် ဆက်စပ် လုပ်ကိုင်နေသည့် ကော်မရှင်ကိစ္စ အလို့ငှာ ဆောင်ရွက်နေသည့် CSO များရှိကြောင်း၊ CSO အဖွဲ့ပေါင်း ၉ဝ/၁ဝဝ ရှိပါကြောင်း၊ ထိုပုဂ္ဂိုလ်အနေဖြင့်  စိတ်ပါဝင်စားလျှင် လုပ်နိုင်ကြောင်း၊ နောက်တစ်ခုက Public အပိုင်းကလည်း Public တို့ မီဒီယာတို့ စသည့် အပိုင်းများလည်း ရှိပါကြောင်း၊  ထိုကိစ္စများကိုလည်း သူ့အဆင့်နဲ့သူ သွားရ မည်ဖြစ်ကြောင်း၊    ''အားလုံးပါမလား၊ တပေါင်းတည်း လုပ်မလား၊ ဘယ်လိုခွဲလုပ် မလဲ''စသည့် အဆိုပါ Process များကို  အခြေအနေအပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ   ဦးဝင်းသော်က  မြန်မာ နိုင်ငံတွင်ရှိသည့် နိုင်ငံပိုင်ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် အားလုံးသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုနှင့် စည်းမျဉ်း ဥပဒေအောက်တွင်   ငွေရေးကြေးရေး အဖွဲ့အစည်းများ၊  ဥပဒေစည်းမျဉ်းများဖြင့်  ဆောင်ရွက်နေခြင်းကြောင့်  ဘဏ် အားလုံးသည် လက်ရှိအခြေအနေအထိ သတ်မှတ်ချက်နှင့်အညီ     ခိုင်မာစွာ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိဘဲ စိတ်ချယုံကြည်ပါ ဆိုသည့် သတင်း ထုတ်ပြန်ချက်ကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် တရားဝင် သတင်းထုတ်ပြန်ချက်ကို     နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊    ဥပဒေကြောင်းအရ ပြောမည်ဆိုလျှင် အပ်နှံသူများ၏ ငွေများကို မည်သည့် အခြေအနေမဆို ပုဂ္ဂလိကဘဏ်များ၊ မည်သည့်ဘဏ်မဆို ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည်ကို ဖော်ပြထားပြီး ဖြစ်ကြောင်း၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပါအဝင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဘဏ္ဍာနှင့်ပတ်သက်ပြီး စိတ်ချယုံကြည်စွာဖြင့် ပြည်သူလူထု ဆောင်ရွက်ကြရန် ပြောကြားပြီးဖြစ်ကြောင်း၊ ဘဏ်များ ပုံမှန်အခြေအနေ ပြန်လည်ရရှိရန်အတွက် မိမိတို့က လက်ရှိအခြေအနေတွင် ဘဏ်ဝန်ဆောင်မှုများ လုပ်နေသည့် Mobile   Banking နှင့် Internet banking ရှိပါကြောင်း၊ ကာလတစ်ခုတွင် Internet Connection ပေါ်မှာ မူတည်ပြီး Mobile Data သုံးမရသည့် အခြေအနေဖြစ်သွားသည့် ကာလတစ်ခုတွင် မလိုအပ်ဘ ATM စက်တွင် လူတန်းစီတိုးခြင်းများ၊ ဘဏ်များတွင် လူတိုးခြင်းများ ဖြစ်လာကြောင်း၊ တစ်ပြိုင်တည်းမှာပဲ ဘဏ်များကို ပြည်သူလူထု ယုံကြည်မှုရရှိရန်အတွက် ဘဏ်များ၏ ဝန်ဆောင်မှုများကို ပုံမှန်ဖြစ်စေရန် တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်အခါ ဗဟိုဘဏ်အနေဖြင့် ပို့ဆောင်

ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပုဂ္ဂလိကဘဏ်များ၊    နိုင်ငံပိုင်ဘဏ်များနှင့် ပူးပေါင်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ပံ့ပိုးမှုနှင့်  Mobile  Data ကိုအသုံးပြုပြီး ဆောင်ရွက်နိုင်သည့် ငွေရေး ကြေးရေးစနစ်များ Application များကို ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ရန် ကြိုးစားခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗဟိုဘဏ်အနေဖြင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်များကို နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ဘဏ်၅ ဘဏ်၊ ၂၉ ရက်တွင် ဘဏ် ၆ ဘဏ်နှင့် လက်ရှိအခြေအနေတွင် ပုဂ္ဂလိကဘဏ် အားလုံး၏ Mobile Data ဖြင့် အားလုံး အသုံးပြုလို့ရပြီ ဖြစ်ကြောင်း၊ ယင်း Application နှင့်ပတ်သက်ပြီး ယခင်ကဘဏ်များတွင် ပြဿနာ ဖြစ်နေသည်မှာ Transfer လုပ်လို့မရကြောင်း၊ ငွေကို တစ်ယောက်နှင့် တစ်ယောက် လွှဲလို့မရကြောင်း၊ Transfer လုပ်ရန်အတွက်  ဘဏ်မှာ သွားတန်းစီရကြောင်း၊  တန်းစီရန်အတွက် တုံကင်ယူရသည့် ပြဿနာများဖြစ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်အပတ်မှာပဲ Mobile Application များအားလုံး အဆင်ပြေအောင် ဆောင်ရွက်ပြီးဖြစ်ခြင်းကြောင့်   ငွေသားကန့်သတ်ချက် မရှိဘဲ Bank to Bank လိုအပ်သည့် Transfer ကို မိမိတို့ဖုန်း Applica-tion မှ လုပ်လို့ရပြီဖြစ်ပါကြောင်း၊ ထို့အတူ ငွေသားများ တစ်ယောက်နှင့်တစ်ယောက် ပေးပို့လွှဲခြင်း၊ တစ်ယောက်နှင့် တစ်ယောက်ရရန်၊   ပေးရန်ရှိခြင်းကိုလည်း   အဆိုပါ Application များဖြင့် လွှဲလို့ရပါကြောင်း၊  KBZ Pay , CB Pay ,AYA Pay စသည်ဖြင့် ဘဏ်ထဲတွင် Payment   System Application     ရှိပါကြောင်း၊   ယင်း Application များတွင် ယခင်က Internet Connection ရမှ သုံးလို့ရခြင်း ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် Internet Conne-ction နှင့်မဆိုင်ဘဲ Mobile Data ဖြင့် ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီး ဌာနက ခွင့်ပြုထားသည့်     Telenor ,Ooredoo ,  MPT ,  Mytel စသည်ဖြင့် ယခုတက်ရောက်လာသည့်   ပုဂ္ဂိုလ်များ သုံးနေသည့်  ဆင်းကတ်များ၏  Cellular Data ကို  ဖွင့်ခြင်းဖြင့် 3G, 4G သုံးလို့ရလျှင် ယင်း  Function များ အကုန်သုံး၍ ရကြောင်း၊ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ပေးစရာရှိခြင်းများ၊ Transfer လုပ်ခြင်းများ၊ အားလုံးကို ကြည့်နိုင်သလို Bank ထဲတွင်   Statement ကအစ ပြန်စစ်နိုင်သည့် Application ဖြစ်ကြောင်း၊ ထိုအရာအားလုံးကို ပြီးခဲ့သည့်အပတ်မှ စတင်ပြီး ဘဏ်အားလုံးကို သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ငွေသားကို ထုတ်ယူမှ အလုပ်ဖြစ်မည်မျိုး မဟုတ်ဘဲနှင့် Mobile ကို အသုံးပြုပြီး မိမိပေးစရာ၊ ချေစရာရှိခြင်းများကို လုံခြုံမှုရှိစွာနှင့် ပုံမှန်အတိုင်း ဆောင်ရွက်၍ ရပြီဖြစ်ကြောင်း၊    နောက်တစ်ခုအနေဖြင့် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို ပိုမိုပြီး အထောက်အကူဖြစ်စေရန်အတွက်   ဗဟိုဘဏ်ရှိ   ဘဏ်ထဲမှ မြန်မာကျပ်ငွေနှင့် ဗဟိုဘဏ်မှာ ထိန်းသိမ်းထားရှိသည့် ငွေများ ရှိပါကြောင်း၊ ယင်းထိန်းသိမ်းထားသည့် ငွေများ၏ သီးသန့်ငွေလိုအပ်ချက်ကို Customer များ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏  အပ်နှံငွေနှင့် ယခင်က ၃ ဒသမ ၅ ရာခိုင်နှုန်း ထားပါကြောင်း၊ လက်ရှိ ၃ ရာခိုင်နှုန်း ထပ်မံပြင်ဆင် လျှော့ချလိုက်ကြောင်း၊ ထိုအရာသည် ငွေကြေးမူဝါဒအရ ဘဏ်များကို ငွေဖြည့်လွယ်ကူရန် ပြင်ဆင်ဆောင်ရွက် ခြင်း ကိစ္စဖြစ်ကြောင်း၊ ဒါတွေဟာ ဘာနဲ့ဆက်စပ်သလဲဆိုရင်    ဘဏ်တွေ ဘယ်လောက်ခိုင်မာသလဲ၊ ပြီးတော့မပြိုလဲအောင် ဘာလုပ်နေတယ် ဆိုတာတွေက ဒီပုဒ်မအရ ဒါဖြစ်ပါတယ်ဆိုတာ ပြောလို့ မရပါကြောင်း၊    အကြောင်းအရာတွေ ဆက်စပ်မှုများ ရှိကြောင်း၊ နောက်ပေးမယ့် Payment   System   Development လုပ်နေခြင်းများ၊    public ၏ အပ်နှံထားသည့် ိနစသျငအ များအပေါ်ယုံကြည်အောင် အာမခံထားသည့်အခြေအနေများ၊ ၎င်းတို့သုံးစွဲနိုင်သည့် လှည့်ပတ်ငွေများ၏ ရာခိုင်နှုန်းများကို ယခင်ထက်ပိုမိုပြီး ပြည်သူလူထုကို ငွေကြေး ပြန်လည်ပတ်မှုဖြစ်အောင် ဆောင်ရွက်သည့်    အပိုင်းများဖြစ်ပါကြောင်း၊ ဘဏ်များပြိုလဲ မသွားရန်ဆိုသည့်ကိစ္စရပ်မှာ ဘဏ်အပေါ်တွင် မိမိတို့က စည်းမျဉ်းစည်းကမ်းနှင့်အညီ   ကြပ်မတ်နေသလို လက်ရှိမိမိ တင်ပြသွားခြင်းများသည် ပုံမှန်အခြေအနေရောက်အောင် ဆောင်ရွက်နေမှုများ ဖြစ်ပါကြောင်း၊ မေလ ၃ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်ပေးသည့် စာရင်းသစ်များမှာလည်း    ငွေသားအပ်နှံမှုများ ပြုခြင်း၊ အကန့်အသတ်မရှိ ထုတ်နိုင်သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းငွေသားများသည်   ကြေညာလိုက်သည့် အချိန်တွင် ဘဏ်စာရင်း အသစ်ဖွင့်ပြီး ငွေသားအပ်နှံနိုင်ခြင်း၊    ယင်းအပ်နှံသည့် ငွေများကိုလည်း အကန့်အသတ်မရှိ ထုတ်နိုင်ခြင်း၊ Transfer လုပ်နိုင်ခြင်း၊ Cheque ဖြင့် သွားထုတ်မည်ဆိုလျှင်လည်း    ငွေသား အပြည့် ထုတ်ပေးမည်ဖြစ်ကြောင်း၊ PO ဖြင့် ထုတ်မည်ဆိုလည်း ငွေသားအပြည့် ထုတ်ပေးမည်ဖြစ်ကြောင်းကို   ကြေညာခဲ့ကြောင်း၊   သို့သော်တကယ့် လက်တွေ့တွင် ဘဏ်များကို ထပ်ပြီး ညွှန်ကြားချက် ထုတ်ထားပါကြောင်း၊ ဘဏ်စာရင်း ဖွင့်ရန် အခက်အခဲရှိခြင်းကြောင့် ယခင်စာရင်းအဟောင်းမှာပဲ မေလ ၃ ရက်နေ့ မတိုင်ခင်စာရင်းနှင့် မေလ ၃ ရက်ပြီး နောက်ပိုင်းစာရင်း နှစ်ပိုင်းခွဲ၍ မေလ ၃ ရက်နောက်ပိုင်း စာရင်းများကို  အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်ခြင်း၊    လွှဲပြောင်းသည့် ငွေကိုလည်း မြန်မာပြည် ဘယ်ဒေသမဆို ရန်ကုန်ကနေပြီး ငွေသားသိန်းတစ်ထောင် ထည့်ထားပြီး သိန်းငါးရာအား    ပုသိမ်ကို    ယခင်လိုပဲ Transfer   ဖြင့်လွှဲလျှင်  ပုသိမ်က ထုတ်မည့်သူသည် ငွေသားသိန်းငါးရာ ထုတ်ခွင့်ရမည်ဖြစ်ကြောင်း၊ မူလကန့်သတ်ချက်နှင့် မဆက်စပ်ဘဲ ဆောင်ရွက်ပေးသည့် အစီအစဉ်ဖြစ်ကြောင်း၊ ပုံမှန်ဆောင်ရွက်နေသည့် ငွေသွင်း/ငွေထုတ်ခြင်းများလည်း ပုံမှန်ဆောင်ရွက်၍ ရနေကြောင်း၊ ATM စက်များတွင်    ငွေသားပြတ်လပ်မှု မရှိအောင် လက်ရှိ အခြေအနေတွင် ဘဏ်အသီးသီးကို မိမိတို့ ညွှန်ကြားထားသလို မိမိတို့ဘက်ကလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ဘဏ်များတွင်ငွေများကို ကန့်သတ်ချက်ဖြင့် ထုတ်နေရခြင်းကို ဘယ်အချိန်မှ ဖြေလျှော့ပေးမလဲ ဆိုသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး   ဘဏ်များ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် မကြာခင် ဖြေလျှော့သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

Sankei   Shimbun သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာဇော်သန်းက ရန်ကုန် ATM စက်များတွင် လူများ များနေပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ATM စက်ငွေထုတ်ပေးခြင်းသည်လည်း တစ်ကတ်ကို ၂ သိန်းပဲ ရှိပါကြောင်း၊ ထုတ်ပေးသည့် ငွေပမာဏကို များ၍ အချိန်ကာလကို တိုတောင်းအောင် ချုံ့လိုက်ပြီး လူဦးရေ နည်းသွားအောင်လုပ်နိုင်သည့် အစီအစဉ်များ ရှိနိုင်မလား သိလိုပါကြောင်း မေးမြန်းသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ATM ှ စက်များတွင် လူများ များသွားသည့် ကိစ္စရပ်သည် သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့မကြာခဏ ပြောနေခြင်းများ ရှိပါကြောင်း၊ ပုံမှန်မဟုတ်သည့် အခြေအနေ၊    နိုင်ငံရေးအပြောင်းအလဲ အခြေအနေများတွင် အခြားပယောဂများ ပါဝင်ပြီး မိမိတို့လို၍ ငွေထုတ်ခြင်းထက် အနှောင့်အယှက်ဖြစ်ရန် ဆောင်ရွက်ခြင်းများလည်း ရှိကြောင်း၊    မိမိတို့နိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၆ ဘဏ် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေသည် ယခုလူဦးရေအတိုင်း ဖြစ်ပါကြောင်း၊  ယခုဘဏ်၊  ယခုလူဦးရေ၊   ယခုစီးပွားရေးသာဖြစ်ပါကြောင်း၊ ထိုလူများသည် ပုံမှန်ငွေထုတ်၍ရသလို  ပုံမှန်ငွေအပ်နိုင်ပါကြောင်း၊ ATM စက်တွင်လည်း လူ ၄ ၊ ၅ ၊ ၆ ဦးထိ  မပိုသည့်အခြေအနေဖြစ်ပါကြောင်း၊   ထိုအခြေအနေအပေါ်တွင် မူတည်ပြီး   ရိုးရိုးသားသား ထုတ်လိုသူနှင့်    ဘဏ်များကို ယုံကြည်မှု ပျက်ပြားစေရန် ပူးပေါင်းလုပ်ဆောင်သည့် အခြေအနေ ဖြစ်လာသောကြောင့် မိမိတို့အနေဖြင့် ကန့်သတ်ချက်များ ထုတ်ရပါကြောင်း၊ အချို့သူများသည် ATM ကတ် ၁ဝ ခုခန့် ကိုင်ဆောင်ပြီး တန်းစီထုတ်သည့် ပြဿနာရှိပါကြောင်း၊ ထိုအရာကိုကြည့်ခြင်းအားဖြင့် ထိုသူသည် ရိုးသားစွာ ထုတ်ရန်အတွက်   ဆောင်ရွက်ခြင်း မဟုတ်နိုင်ပါကြောင်း၊ ပြည်သူလူထုသည် ၎င်းတို့အခက်အခဲများ ရှိသည်ကို   မိမိတို့သိပါကြောင်း၊ ၎င်းနေရာတွင် တစ်နေကုန်နေပြီး ပိုက်ဆံထုတ်၍ မရခြင်းသည်   မိမိတို့တွင်လည်း တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် အချိန်ကိုလည်း တိုတောင်းရန်၊   ပိုက်ဆံကိုလည်း များများထုတ်နိုင်ရန် အတွက်  စီစဉ်နေပါကြောင်း၊  မိမိတို့ဖုန်းမှာ  Banking Application များ ထည့်သွင်းပြီး Mobile Data ဖွင့်ရုံဖြင့်   ငွေသွင်း၊   ငွေထုတ်လုပ်လို့ရကြောင်း၊  Wave Money ၊  M- ပိုက်ဆံ ၊ OK$ ၊  MPT Money စသည့် Mobile Financial Service များအားလုံးကိုလည်း  Application  သုံးလို့ရပြီဖြစ်ကြောင်း၊  ငွေလို၍   ငွေထုတ်လိုလျှင် Mobile  Financial Service များ၏ အေးဂျင့်များထံတွင်  ထုတ်၍ရအောင် System အရ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ အစောပိုင်းအခြေအနေတွင် ထိုသို့ထုတ်၍ မရခြင်းကြောင့် ATM တွင် လူများနေခြင်း ဖြစ်ပါကြောင်း၊  လက်ရှိအခြေအနေတွင် Mobile Service များတွင်  ငွေထုတ်နိုင်ရန်အတွက် ပြန်လည်ဆောင်ရွက် ထားပါကြောင်း၊ ထို့အပြင်  အေးဂျင့်များ အနေဖြင့် ဘဏ်များတွင်  ငွေထုတ်သည့်အခါတွင် လွယ်လွယ်ကူကူ ထုတ်နိုင်ရန်အတွက် အေးဂျင့်များ၏ ထုတ်ယူသည့်ငွေများကို ကန့်သတ်ထားခြင်း မရှိပါကြောင်း၊ ၎င်းတို့တင်ပြလာသည့်   ငွေပမာဏကို အတိုင်းအတာတစ်ခုထိ ထုတ်ပေးရာတွင်  လိုချင်သည့် သူများသည် လွှဲပြောင်းပြီး ထုတ်ယူ၍ ရပါကြောင်း၊ Mobile  Application များ ပြန်လည် အသုံးပြု၍ ရနေသည့်အခါတွင် ATM တွင်   လူများအလိုလို လျော့ကျသွားမည်ဖြစ်ပါကြောင်း၊ ATM များတွင် ငွေသားမပြတ်ရန်အတွက် ထပ်မံဖြည့်သွင်းမည့် ကိစ္စများကိုလည်း စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ထိုအခါ ဘဏ်များတွင်လည်း မလိုအပ်ဘဲ တန်းစီရန်မလိုကြောင်း၊ မိမိတို့လိုအပ်နေသည့် ငွေများကို   Application များဖြင့် အသုံးပြုခြင်း၊ အပ်နှံသူများသည်လည်း အကောင့်သစ်များ ဖွင့်ပြီး အကန့်အသတ်မရှိ ထုတ်ယူရရှိနေပြီဖြစ်ခြင်းကြောင့်   Banking    System သည်   ပုံမှန်လည်ပတ် သွားမှာဖြစ်ပါကြောင်း၊ အစောပိုင်းကာလတွင်   ဘေးပယောဂများနှင့် အခြားသောအကြောင်းအချက်များကြောင့်   Banking   System ကြီးကို Attack လုပ်သည့်သဘောဖြစ်ခြင်းကြောင့်  လူများသည်   ဘဏ်များကို ကျောခိုင်း၍ Banking  Applicationသည်လည်း အသုံးပြု၍ မရခြင်း၊ တိုက်ရိုက် ငွေထုတ်လိုခြင်းများကြောင့် ယုံကြည်မှုသည် အလိုလို ပျက်ပြားခဲ့ရကြောင်း၊ ယခုအခါ ယုံကြည်မှုကို တည်ဆောက်ရာတွင် ယုံကြည်မှုများ ရလာပြီဖြစ်ပါကြောင်း၊  ပြီးခဲ့သည့်အပတ်က  ငွေသားအသစ်ပြန်အပ်ငွေသည်  ဘီလီယံ ၂ဝဝ ကျော်ပါကြောင်း၊ တစ်ပတ်အတွင်းမှာ    ဘီလီယံ ၂ဝဝ၊ ၂၅ဝ ခန့်ရှိကြောင်း၊ ဒီ message ကိုကြည့်ခြင်းအားဖြင့်   public သည်  မိမိတို့ Banking ထဲကို Participation လုပ်လာပြီဖြစ်ကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှုသည်လည်း  မိမိတို့ဘက်ကို ပူးပေါင်းလာကြောင်း၊    မိမိတို့သည် ယာယီချို့ယွင်းခဲ့သည့်  Internet  နှင့် ပတ်သက်သည့် ကိစ္စများကို    ပူးပေါင်းဆောင်ရွက်ပြီး Mobile Data နှင့် သုံးလို့ရပြီဖြစ်ကြောင်း၊ ထို့ကြောင့် မလိုအပ်ဘဲ

ဘဏ်ကို သွားစရာမလိုကြောင်း၊    စိတ်ချယုံကြည်စွာနှင့်   Digital Banking Application များကို  သုံးလို့ရပြီဆိုလျှင် ရာခိုင်နှုန်းအရ  တန်းစီခြင်းများ၊ မလိုအပ်ဘဲ   ငွေထုတ်ယူခြင်းများ ရှိတော့မည် မဟုတ်ကြောင်း၊   ယုံကြည်စွာနှင့် ငွေများကို   မူလအတိုင်း ပြန်အပ်နေပြီဆိုလျှင် Banking ကိစ္စနှင့် ပတ်သက်၍ ကန့်သတ်သည့် အချိန်သည၎င်း Data များအပေါ် မူတည်ပြီး တိုတောင်းသွားမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်မှာ ငွေထုတ်ရာတွင် စောင့်ရသည့် အချိန်တိုတောင်းသွားမလဲ ဆိုခြင်းသည် အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု အပေါ်တွင် မူတည်ပါကြောင်း၊ မည်သည့်နည်းနှင့်မဆို   ဒီ    Banking System သည် Normally Circulationသွားနေလျှင် အားလုံး စိတ်ချမ်းသာမည်ဖြစ်ကြောင်း၊   အားလုံးစိတ်ချမ်းသာသည့် Banking System ဝင်လာပြီဆိုလျှင် ကန့်သတ်ချက်များ၊ အဆင်မပြေမှုများ အားလုံးပြီးသွားမည်ဖြစ်ပါကြောင်း၊ ရှေ့လာမည့်လများတွင်   အားလုံးပုံမှန်ဖြစ်ပြီး ပြည်သူလူထုအတွက်  လိုအပ်ချက်များ ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ အဆင်မပြေမှုများလည်း ရှိနိုင်ပါကြောင်း၊  ဘဏ်များတွင်လည်း ချို့ယွင်းချက်များ ရှိနိုင်ပါကြောင်း၊ ဘဏ်အချို့နှင့် ဘဏ်ဝန်ထမ်း အချို့သည်လည်း ရိုးသားမှုမရှိခြင်းတို့ကြောင့် ထိုမရိုးသားမှုကို အခြေခံပြီး ပြည်သူ လူထုအပေါ် တာဝန်ရှိသည့်   ဗဟိုဘဏ် အပါအဝင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရကို အပြစ်တင်ခြင်းများ ရှိပါ ကြောင်း၊  လက်ရှိအဖွဲ့ဖွဲ့ပြီး စစ်ဆေး၍ မသမာမှု လုပ်သည့်သူများ၊ Wave Money များတွင် ရာခိုင်နှုန်းဖြင့် ဝန်ဆောင်ခပိုယူသည့်သူ အားလုံးကို အရေးယူဆောင်ရွက်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ချက်ချင်း အရေးမယူသေးပါကြောင်း၊ နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုသာ လိုလား ပါကြောင်း၊ Banking System ကိုသုံးမှသာလျှင် နိုင်ငံတော်က တည်ငြိမ်မည်ဖြစ်ပါကြောင်း၊ မည်သည့်အစိုးရ တက်တက် ပြည်သူလူထုသည်    အေးချမ်းစွာဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး တည်ငြိမ်ရန်အတွက် Banking System နှင့် ငွေရေး၊  ကြေးရေးကဏ္ဍ တိုးတက်တည်ငြိမ်နေမှ  ဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တည်ငြိမ်စေရန်   အစိုးရက ပံ့ပိုးပေးနေပါကြောင်း၊ ဗဟိုဘဏ်မှဦးစီးပြီး ဘဏ်လုပ်ငန်းများ လုပ်နေပါကြောင်း၊ ဘဏ်များ ပြိုလဲစရာ မရှိပါကြောင်းနှင့်  လက်ရှိအခြေအနေသည်   ပုံမှန်အတိုင်းပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊   မကြာမီအချိန်တွင် ပြည်သူလူထုသည်  လုပ်ငန်း အခြေအနေ နားလည်မှုအရ အစိုးရဗဟိုဘဏ်၏ ဆောင်ရွက်မှုအပေါ်တွင် နားလည် မှုဖြင့်ဆောင်ရွက်လာသည့် သင်္ကေတသည် ပြီးခဲ့သည့်အပတ်က အထောက်အထား နှင့်  ပမာဏ ရရှိလာပြီဖြစ်သည့်အတွက်ကြောင့် မကြာမီကာလတွင် ကန့်သတ်ချက် အားလုံးကို တစ်ခုပြီးတစ်ခုဖြေလျှော့ပြီး ပြည်သူလူထု  အဆင်မပြေသည့် ကိစ္စရပ် များကို  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်