နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည် ဖြေကြားခြင်း

မေး။ ၂ဝ၂ဝ ရွေးကောက်ပွဲ    ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ မဲခိုးခဲ့တာက တပ်မတော်ကပဲ မဲခိုးခဲ့တာ။ စစ်သားတစ်ယောက်ကို  မဲတစ်မဲထက်ပိုတဲ့ ကြိုတင်မဲ တွေပေးခဲ့ရတယ်။ ကြိုတင်မဲတွေကို လိမ်လည်ပြီး ရယူခဲ့တာ အများကြီးပဲ။ ကိုယ်ပေးချင်တဲ့ သူကိုလည်း မဲမပေးခဲ့ရဘူးဆိုပြီး   ပြောကြားထားချက် အပေါ် ဖြစ်စဉ်အမှန် ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။  ဒီသတင်းကို DVB  TV   News မှာ တင်ထားတာတွေ့ပါတယ်။  CDM  လုပ်နေပြီး တပ်မတော်ကို အပုပ်ချနေတဲ့ စစ်ပြေးတစ်ယောက် ထွက်ဆိုထားတာ မှန်/ မမှန် တွေးကြည့်ပေါ့။ တပ်မတော်အနေနဲ့ ကြိုတင်မဲပေးမယ့် စာရင်း၊ မဲဆန္ဒရှင် စာရင်းတွေကို အဲဒီအချိန်တုန်းက UEC ကို တင်ရပါတယ်။ UEC အနေနဲ့ စစ်ဆေးပြီးမှ ခွင့်ပြုတာဖြစ်ပါတယ်။  တစ်ခုခု အမှားအယွင်းဖြစ်ခဲ့ရင် အဲဒီအချိန်ကတည်းက ပြောချင်နေတာ ပြောမှာဖြစ်ပါတယ်။  တပ်မတော်သားတွေ မိသားစုဝင်တွေ   တပ်တွင်းမှာ မဲမပေးရဘူးဆိုလို့ တပ်ပြင်မှာ  မဲပေးခဲ့ပါတယ်။   တပ်မတော်မှာ ကိုယ်ကြိုက်တဲ့သူကို   မဲပေးခွင့်ရှိပါတယ်။ ဘယ်သူ့ကိုပေး ဘယ်သူ့ကိုမပေးနဲ့လို့ စေခိုင်းတာ မရှိပါဘူး။ ကြိုတင်မဲတွေကိုလည်း စနစ်တကျ စီမံပြီး မဲပေးစေခဲ့တာပါ။ အငြင်းပွားချင်ရင် အစောကြီးကတည်းက အငြင်းပွားမှုတွေဖြစ်နေမှာပေါ့။

ခုချိန်မှာ    မြို့နယ်အလိုက် မဲတွေကွင်းဆင်း စစ်ဆေးနေကြတယ်။   မဲလိမ်၊   မဲခိုးတာတွေ၊ သက်ဆိုင်ရာ NLD ပါတီဝင်တွေ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေတာကို  အချက်အလက်၊ သက်သေ ခိုင်လုံစွာ ထုတ်ပြန်နေပါတယ်။ ဒါတွေကို ဖုံးကွယ်နိုင်ဖို့ ခုမှ သတင်းအမှား ဖြန့်ချိရေး လုပ်ဆောင်နေကြတာပါ။

မေး။  နှစ်ရှည်ပြစ်ဒဏ်ကျ   အကျဉ်းသားတွေကို စစ်သားအသစ်အဖြစ် စစ်ကောင်စီက စုဆောင်းနေတယ် ဆိုတာ တကယ်လား၊ ဘယ်လိုအရွယ်တွေကို စုဆောင်းနေတာပါလဲ။

ဖြေ။ မဟုတ်ပါဘူး။ တပ်မတော်မှာ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုရင် မျက်မြင် ၁၃ ချက်စစ်ဆေးမှုတွေ၊  ပညာအရည်အချင်းတွေ၊ အသက်ကန့်သတ်ချက်တွေ ရှိပြီးသားပါ။ ထောင်ကျဖူးသူ၊ ပြစ်ဒဏ်ခံနေရတဲ့ အကျဉ်းသားတွေကို  တပ်သားသစ်အဖြစ်  စုဆောင်းတာ မရှိပါဘူး။