နိုင်ငံတော်မှ အားထားရသည့် အလုပ်သမား၊ လယ်သမားများအတွက် အသိပေးကြေညာချက်

နိုင်ငံတော်မှ အားထားရသည့် အလုပ်သမား၊ လယ်သမားများအတွက် အသိပေးကြေညာချက်

နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်မှ အားထားရသော အလုပ်သမားများ၊ တောင်သူလယ်သမားများ နေ့စဉ် တွေ့ကြုံ ခံစားနေရသည့် အခက်အခဲအကြပ်အတည်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ ဖွဲ့စည်းထား သည့် အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ညှိနှိုင်း ဖြေရှင်းပေးလျက် ရှိပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) တွင် (၃၄)မှု၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် (၉၉)မှု၊ ခုံသမာဓိ အဖွဲ့တွင်(၃၈)မှုနှင့် ခုံသမာဓိကောင်စီတွင်(၂၄)မှု ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား၊ လယ်သမားများအကြား ပေါ်ပေါက်လာမည့် အခက်အခဲပြဿနာများကို တရားဝင် ဖွဲ့စည်းထားသည့် အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန