နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း၏ အစည်းအဝေးပါဝင်တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိ၊ ၎င်းကိုအစည်းအဝေးပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွ

နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း၏ အစည်းအဝေးပါဝင်တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိ၊ ၎င်းကိုအစည်းအဝေးပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချ

တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက် ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆို

သတင်းထုတ်ပြန်ချက်

Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို ၂၀-၉-၂၀၂၁ ရက်တွင် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး၊ Global Center for Responsibility to Protect (GCR2P)အဖွဲ့က ယင်းအစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိရသည်။ အဆိုပါ အစည်းအဝေး သို့ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားသည့် NUG ခေါ် အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍ ၎င်း၏ပါဝင်တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ၎င်းကိုယ်တိုင်သည်လည်း အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထားပင်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။ ထို့အပြင် ၎င်း၏မိန့်ခွန်းတွင် အစိုးရဆန့်ကျင်သည့်အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များပါဝင်နေသည်။

၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုသည့်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချပြီး ယင်းသို့ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့်မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးရာရောက် ကြောင်း သတိပေးအပ်သည်။ သို့ဖြစ်၍ ယင်းကဲ့သို့ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်