နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌဟောင်း ဒေါက်တာ မျိုးအောင်တို့အား ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ ရုံးထိုင်စစ်ဆေး

နေပြည်တော်၊ ဇွန် ၇

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌဟောင်း ဒေါက်တာ မျိုးအောင်တို့အပေါ် စွဲဆိုထားသော အမှုများအား စစ်ဆေးစီရင်နိုင်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ ရုံးထိုင်ဆောင်ရွက်ခဲ့ရာ စွဲဆိုထားသည့်အမှုများ စစ်ဆေးစီရင်ခြင်းနှင့် စပ်လျဉ်း၍ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိနှင့် စွဲဆိုထားသည့်အမှုများမှ တရားလိုများ၊ တရားစွဲဆိုခံထားရသူများနှင့် ၎င်းတို့၏ ရှေ့နေများ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မှုခင်းစီမံ ခန့်ခွဲမှုအစီအစဉ် မပြုလုပ်မီ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ မျိုးအောင်တို့အား ၎င်းတို့၏ ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။