နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဝင်(ဟောင်း) ဦးမင်းသူတို့အပေါ် အဂတိ လိုက်စာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဝင်(ဟောင်း) ဦးမင်းသူတို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် လှစ်အရေးယူ

နေပြည်တော် ဇွန် ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (ဟောင်း) ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူ နိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း)ထံမှ ရန်ကုန် တိုင်းဒေသကြီးအတွင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့်ကာကွယ်စောင့်ရှောက် ပေးရန် ရည်ရွယ်၍ တံစိုးလက်ဆောင်အဖြစ်အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ (ခြောက်သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို သုံးကြိမ်ခွဲ၍ နေအိမ်တွင် လက်ခံ ရယူခဲ့ခြင်း တို့သည် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ် ကြောင်း။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက်သော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအမှတ်(၆၀)ရှိ မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အအုံတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသောနှုန်းထားနှင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာပါတွက်ချက် မှုအရ နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀၀ ကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တောစိုက်ပျိုး သက်မွေး ပညာသင်တန်းကျောင်းစီမံကိန်းဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ၂၃ ဒသမ ၈၅၅ ဧကကို နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင် နေပြည်တော်တည်ဆောက်မှု မူလစီမံကိန်းပါ နိုင်ငံတော် ပိုင်မြေများဖြစ်သည့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနပိုင် မြေနှင့် အနာဂတ်တွင် အများပြည်သူအတွက် ပေါင်းလောင်း- ပျဉ်းမနား- ရှားပင်ကုန်း ထပ်ဆင့် ရေတွန်းစက်ရုံအထိ ရေပေးဝေရေးလမ်းကြောင်း စီမံကိန်းအဖြစ် လျာထား သည့်မြေနေရာများကို ပယ်ဖျက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀) ၌ မြေနေရာချထားပေးခြင်းနှင့် မြေငှားစာချုပ်(မြေဂရန်) ထုတ်ပေးခြင်းတို့ကို တစ်ချိန်တည်းခွင့်ပြုပေးခဲ့ရ ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိ၏ရာထူးအရှိန်အဝါကို အသုံးပြု၍ ထိုက်သင့်သည့်တန်ဖိုးထက် များစွာလျော့နည်းလျက် ပေးချေခဲ့ကြောင်း၊ စုစုပေါင်း မြေဧရိယာ ၁၂၅ ဒသမ ၁၈၅ ဧကတို့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြားဖြတ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံး ခဲ့ကြောင်း။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက် ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် အဆောက်အအုံနေအိမ်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူမှထည့်ဝင် လှူဒါန်းထားသော အလှူငွေများထဲမှ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်ကို မလျော်သြဇာအသုံးပြု၍ သုံးစွဲ ဆောက်လုပ်စေခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ် ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း။

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ ဒုတိယ မြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်(ဟောင်း) ဦးမင်းသူတို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ဥတ္တရသီရိမြို့နယ်ရှိ တစ်ဆက်တစ်စပ်တည်းဖြစ်သော မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧက လျှောက်ထားရယူရာတွင် ၁၈-၂-၂၀၂၀ရက်တွင်ပြုလုပ်သော နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊စီမံခန့်ခွဲမှုကော်မတီစည်းအဝေး အမှတ်စဉ်(၇/၂၀၂၀)မှ မြေနေရာချထားပေးခြင်းနှင့် မြေငှားစာချုပ်(မြေဂရန်)ထုတ်ပေးရာတွင် သတ်မှတ် ထားသော လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျော်လွန်၍ ခွင့်ပြုပေးခဲ့ခြင်းကြောင့် ၎င်းင်းတို့သုံးဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ၉-၆-၂၀၂၁ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိ
သည်။