နိုင်ငံအများအပြားက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရောနှော ထိုးနှံရန် စဉ်းစားလာ

နိုင်ငံအများအပြားက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရောနှော ထိုးနှံရန် စဉ်းစားလာ

နိုင်ငံအများအပြား၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိခြင်း နှောင့်နှေးမှုနှင့် ဘေး ကင်းစိတ်ချရခြင်း စိုးရိမ်ရမှုတို့က ကာကွယ် ဆေးထိုး အစီအစဉ်များကို နှေးကွေးစေသည့် အတွက် နိုင်ငံများက ဒုတိယအကြိမ် သို့မဟုတ် ထပ်တိုးကာကွယ်ဆေး ထိုးရာတွင် ကာကွယ် ဆေးများကို ရောနှောထိုးနှံရန် စဉ်းစားလာကြောင်း သိရသည်။

ကာကွယ်ဆေးများကို ရောနှောထိုးနှံခြင်းကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှု နှင့် ပတ်သက်၍ အချက်အလက် နည်းပါးသည့်အတွက် ထိုအစီအစဉ်သည် အန္တရာယ် များကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဇူလိုင် ၁၂ ရက်တွင်ပြောသည်။

ကာကွယ်ဆေးရောနှော ထိုးနှံရေး စဉ်းစားနေသည့် နိုင်ငံများတွင် ဗြိတိန်၊ ကမ္ဘောဒီးယား၊ ဒိန်းမတ်၊ ရုရှား၊ ဂျာမနီ၊ တူရကီနှင့် အမေရိကန်တို့ ပါဝင်သည်။

ဗြိတိန်၌ ကာကွယ်ဆေးအမျိုးမျိုး ရောနှောထိုးပေးသည့် အစီအစဉ်များတွင် ကလေးငယ် များ၏ ကိုယ်ခံအား တုံ့ပြန်မှုကို လေ့လာနေ သည်။

လေ့လာမှုတွင် ပါဝင်သူများကို  ဖိုင်ဇာ-ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကာကွယ်ဆေး ပထမအကြိမ် ထိုးမည်ဖြစ်ကာ လေ့လာမှုများ လုပ်ပြီးမှသာ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးရေး အကြံပြုချက်ကို တာဝန်ရှိသူများက ထုတ်ပြန်မည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၌   ဆိုင်နိုဖမ်း သို့မဟုတ် ဆိုင်နိုဗက် ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးထားသူများကို အက်စထရာ ဇီနီကာကုမ္ပဏီထုတ် ကာကွယ်ဆေး ထပ်ထိုးပေးမည်ဖြစ်သည်။ အက်စထရာဇီနီကာ ကာကွယ်ဆေး အကြိမ်ရေ အပြည့်ထိုးထား သူများကိုမူ ဆိုင်နိုဗက် ကာကွယ်ဆေး ထပ်ထိုး ပေးမည်ဖြစ်သည်။

ရုရှားနိုင်ငံ၌  အက်စထရာဇီနီကာနှင့် Sputnik Light  ကာကွယ်ဆေး တို့ကို ပေါင်းစပ်ပြီး ထိုးပေးခြင်းကြောင့် ပိုမိုကောင်းမွန်သော ပဋိပစ္စည်း ထွက်ရှိမှုတိုးပွားလာကြောင်း ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ပြောသည်ဟု သိရသည်။