နိုင်ငံ့ဝန်ထမ်းများအနေဖြင့် CDM တွင် မနစ်မွန်းစေရေး သတိပေးထုတ်ပြန်ချက်

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် CDM တွင် မနစ်မွန်းစေရေး သတိပေးထုတ်ပြန်ချက်

နေပြည်တော်၊ မတ် -၅

နိုင်ငံဝန်ထမ်းအများစုအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် CDM ၌ ပါဝင်ခြင်းမရှိဘဲ သစ္စာရှိရှိ ဆောင်ရွက်နေမှုအပေါ် ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးမှုဖြစ်စဉ်တစ်ခုအား ဆိုရှယ်မီဒီယာမှတစ်ဆင့် မိမိကိုယ်မိမိ သုံးဌာန ခေတ္တဝန်ကြီး အဖြစ် သတ်မှတ်ထားသည့် ဆေးကုသမှုမရှိသော ဆေးပညာရှင် ဦးဇော်ဝေစိုး က ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် တရားမဝင် ကြေညာချက်ထုတ်ပြန်ခြင်းဖြင့် ပြုလုပ်ခဲ့သည်။
ဆေးပညာရှင် ဦးဇော်ဝေစိုး ၏ CDM ၌ မပါဝင်သည့် နိုင်ငံ့ဝန်ထမ်းကောင်း များအား တရားမဝင် ခြိမ်းခြောက် ဖိအားပေး အကြပ်ကိုင်မှု ကြေညာချက်၌ CDM ၌ မပါဝင်သေးသည့် ဝန်ထမ်းများ ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၁၂ နာရီမတိုင်မီ နောက်ဆုံးထား၍ CDM ၌ ပါဝင်နိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်မည့် ဖုန်းနံပါတ်များ ဖော်ပြပြီး CDM ၌ ပူးပေါင်းပါဝင်မှုမရှိပါက မတ်လ ၈ ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကြေညာချက်သည် တရားမဝင် မိမိကိုယ်မိမိ ဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် တရားမဝင် လူပုဂ္ဂိုလ်တစ်ဦးမှ တရားမဝင်အစိုးရလုပ်ပိုင်ခွင့်အသွင် နိုင်ငံတော်မှ တရားဝင် ခန့်အပ်ထားသည့် ဝန်ထမ်းတစ်ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခွင့် ရှိသကဲ့သို့ ခြိမ်းခြောက် ထားခြင်း၊ CDM ၌ မပါမဖြစ် ပါဝင်လာစေရန် တစ်ဖက်မှလည်း ဖြားယောင်းစည်းရုံးခြင်း တွေ့ရှိရသည်။
ဖေဖော်ဝါရီလတွင် CDM စတင်ချိန်မှစ၍ ဆေးပညာရှင် ဦးဇော်ဝေစိုး အပါအဝင် တရားမဝင် အဖွဲ့အစည်းအသီးသီးက ဆိုရှယ်မီဒီယာများမှတစ်ဆင့် CDM ၌ ပါဝင်ကြမည့် ဝန်ထမ်းများအား လစာပေးအပ်မည်၊ ဝန်ထမ်းအဖြစ် ထုတ်ပယ်ပါကလည်း အလုပ်ခန့်အပ် ပေးမည်၊ နေစရာ အစိုးရဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရပါကလည်း နေစရာအိမ်ပေးမည် စသည်ဖြင့် အမျိုးမျိုးသော မက်လုံးပေး ဆွဲဆောင်မှုများဖြင့် စည်းရုံးဆောင်ရွက်ခဲ့ရာ အစပထမအပိုင်း၌ နိုင်ငံဝန်ထမ်းများ၏ ခန့်မှန်း ၃၀ ရာခိုင်နှုန်းမှာ CDM ၌ ပါဝင်ခဲ့ သော်လည်း ဖေဖော်ဝါရီလ တတိယပတ်မှစ၍ CDM ၌ ပါဝင်သည့် ဝန်ထမ်းအချို့ မှာလည်း မိမိတို့၏ မှားယွင်းသောလုပ်ရပ်ကို သိမြင်လာခြင်း၊ CDM ခေါင်းဆောင်ဆိုသူ များ၏ အပြောနှင့်အလုပ်မညီမှုအပေါ် စိတ်ပျက် စိတ်ကုန် လာခြင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရုံးပြန်လည် တက်ရောက်ကြရေး သတိပေးနှိုးဆော်စာများ TV ၊ သတင်းစာများမှတစ်ဆင့်  ဖတ်ရှုရခြင်းတို့ကြောင့် မူလအလုပ်တာဝန်ဝတ္တရားများအား သတ်မှတ်အချိန်မီ ပြန်လည် ထမ်းဆောင်ခဲ့ကြ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ချိန်၌ CDM ၌ ဆက်လက်ပါဝင်နေကြသူများ အနေဖြင့် မူလစည်းရုံးခံခဲ့ရချိန် ရရှိမည့်လစာနှင့် ပတ်သက်၍ သက်ဆိုင်ရာဖုန်းနံပါတ်များနှင့် တရားမဝင် အသင်းအဖွဲ့များထံ စုံစမ်းမေးမြန်း ခဲ့ကြကြောင်း သိရှိရသည်။

 CDM ပါဝင်သူ ဝန်ထမ်းများအား ဆေးပညာရှင် ဦးဇော်ဝေစိုး အပါအဝင် အဖွဲ့အစည်းမျိုးစုံတို့က အံ့မခန်းမက်လုံးပေး၍ စည်းရုံးမှုကြောင့် ပါဝင်လာခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ အဓိကအကျဆုံး မူရင်းလစာရရှိရေးကိစ္စ၌မူ CDM ပါဝင်သည့် ဝန်ထမ်းဟောင်းအချို့တို့မှာ ဖော်ပြပါ ပမာဏရရှိကြသော်လည်း CDM ဝန်ထမ်းများ အတွက် အလှူငွေကောက်ခံသူ အဖွဲ့အစည်းအသီးသီးအနက် အချို့သောအလှူခံပုဂ္ဂိုလ်၊ တရားမဝင်အဖွဲ့အစည်းများမှလည်း အလှူရှင်အသီးသီးမှ ပေးပို့လာသည့် CDM အတွက် ထောက်ပံ့နေမှုများကိုလည်း အလွဲသုံး ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။

စဉ်

မြို့/ဌာန

ဝန်ထမ်းဦးရေ

တစ်ဦးချင်း ရရှိနှုန်းထား(ကျပ်)

မှတ်ချက်

1     

တောင်ငူမြို့

၁၅၂၀

၃၀၀၀၀

 

2     

ဝမ်းတွင်းမြို့

၅၀

၅၀၀၀၀

 

3     

နတ်မောက်မြို့

၂၅၀၀၀

 

4     

ဖားကန့်မြို့

၇၃

၁၀၀၀၀၀

 

5     

စစ်ကိုင်းမြို့

၁၃၀၀

၂၀၀၀၀၀

 

6     

တာချီလိတ်မြို့

၈၇

၁၀၀၀၀၀

 

7    

ညောင်ရွှေမြို့

၃၂

၇၀၀၀၀

 

8     

တောင်တွင်းကြီးမြို့

၂၀၀၀၀၀

 

9     

ရန်ကုန်အရှေ့ပိုင်း

တက္ကသိုလ်(သန်လျင်)

၁၈၀

၇၀၀၀

 

10 

မကွေးတက္ကသိုလ်

၁၃၄

၇၀၀၀

 

11 

ရန်ကုန်အဝေးသင်

တက္ကသိုလ်

၆၃

၈၀၀၀

 

 

နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီ၏ရရှိသည့်အနိမ့်ဆုံး လစာနှုန်းထားမှာ တစ်သိန်း လေးသောင်း  ဖြစ်ပြီး ကျန်ဝန်ထမ်းများမှာလည်း အဆင့်လိုက် သတ်မှတ်လစာ နှုန်းထား ရရှိကြသူများဖြစ်ပါသည်။ အထက်ဖော်ပြပါဇယားတွင်ရရှိသည့်အနိမ့်ဆုံးထောက် ပံ့ကြေး   မှာ CDM တစ်ဦးလျှင် သုံးသောင်းခန့်သာ ရှိရာ နိုင်ငံတော်မှ သတ်မှတ်ထား သည့် နေ့စားအလုပ်သမားတစ်ဦး တစ်ရက် လေးထောင့်ရှစ်ရာကျပ်နှုန်းဖြင့် နှိုင်းယှဉ် ပါက CDM ဆောင်ရွက်သူများ၏ စည်းရုံးမှု၊ ဝါဒဖြန့်မှုနောက် CDM တွင် လိုက်ပါ ဆောင်ရွက်သူများ၏ မိသားစု စားဝတ် နေရေး ဘဝအခြေအနေမှာ များစွာစိတ်မကောင်း ဖြစ်ဖွယ် ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။

CDM ဆောင်ရွက်ရာတွင်လည်း ပါဝင်ပြီးပါက ပြန်လည်ထွက်ခွာမှု မရှိနိုင် စေရေး အချက် ၁၀ ချက်ပါ ဝန်ခံကတိအမျိုးမျိုး၊ CDM အဖွဲ့၏ သတ်မှတ်ပုံစံအမျိုးမျိုး ဖြည့်စွက်ရပြီး အထောက်အထားသိမ်းယူထားခြင်းဖြင့် CDM ပါဝင်သည့် ဝန်ထမ်းများ အနေဖြင့် ဆုတ်လည်းဆူး၊ စားလည်းရူး ဖြစ်ရလျက် လတ်တလော မိသားစု စားဝတ်နေရေး၊ ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ ရှေ့အနာဂတ်မှာ ပျက်သုဉ်းသွားမှု ကိုလည်း စိတ်မကောင်းစွာ တွေ့ရှိရသည်။

သို့ဖြစ်၍ တရားမဝင် မိမိကိုယ်မိမိ ခန့်အပ်ထားသည့် လူပုဂ္ဂိုလ်တစ်ဦးမှ တရားဝင်နိုင်ငံ့ဝန်ထမ်းများအားCDM၌ပါဝင်လာစေရေးတရားမဝင် ခြိမ်းခြောက် ဖိအားပေး အကြပ်ကိုင်မှုအပေါ် နိုင်ငံဝန်ထမ်းကောင်းများအနေဖြင့် စိုးရိမ်ထိတ်လန့် ကြော­က်ရွံ့မှုမရှိကြစေရန်အသိပေးနှိုးဆော်ခြင်းဖြစ်ပြီးလာရောက်နှောင့်ယှက်ခြိမ်းခြောက် ပါက သက်ဆိုင်ရာရုံးဌာနနှင့် ရပ်ကွက်အလိုက် ရှိနေသည့် လုံခြုံရေးအဖွဲ့များနှင့် မူလ တိုင်ကြားရန်သတ်မှတ်ထားသည့် ဖုန်းနံပါတ် များသို့ အချိန်မီ အသိပေးအကြောင်းကြား ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့