နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်များ၌ ဒေသခံပြည်သူများအား Mask များ အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်များ၌ ဒေသခံပြည်သူများအား Mask များ အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များကို ပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဉတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ နမ့်စန်မြို့၊ ကွန်ဟိန်းမြို့၊ လင်းခေးမြို့၊ လွိုင်လင်မြို့၊ မိုင်းပန်မြို့၊ မိုင်းနောင်မြို့၊ မိုးနဲမြို့နှင့် ကျိုင်းတောင်းမြို့များရှိ ဈေးများ၊ လမ်းများနှင့် လူစည်ကားရာ နေရာများတွင် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်း၊ Mask တပ်ဆင်၍ သွားလာ ကြရန် လှုံဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။