နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် နောင်ချိုမြို့နယ်အတွင်းတို့၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် နောင်ချိုမြို့နယ်အတွင်းတို့၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၈

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းတို့ရှိ လူစည်ကားရာ ဘုရား စေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော် သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  ၃၀၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ် အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။